• Follow Us on

Home ဘင်္ဂါလီစခန်းတွေသံဆူးကြိုးခပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရတာကာ သန်း ၂ ထောင်ကျော် ခွင့်ပြုမည်


Share this post

ဒါကာ၊ ဖေဖော်ဝါရီ ၇







(unicode)
ဘင်္ဂါလီစခန်းတွေသံဆူးကြိုးခပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရတာကာ သန်း ၂ ထောင်ကျော် ခွင့်ပြုမည်
………………………………………………………………….

ဒါကာ၊ ဖေဖော်ဝါရီ ရ

ကော့က်စ်ဘဇားမှာရှိတဲ့ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)စခန်းတွေကို သံဆူးကြိုးခတ်ဖို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးဌာနက လက်နက်ကိုင်တပ်ဖွဲ့များဌာနခွဲ(AFD)ကို ဘင်္ဂလားဒေ့ရှ်တာကာငွေ ၂၀၈၇ သန်းကျော်ခွင့်ပြုသွားမှာပါ။

ငွေမပေးခင်မှာ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဘဏ္ဍာရေးဌာနခွဲဆီက ခွင့်ပြုချက်တောင်းရမှာပါ။
ပြီးခဲ့တဲ့ဒီဇင်ဘာကစပြီး ဘင်္ဂလားဒေ့ရှ်အစိုးရတပ်ဖွဲ့တွေက ဘင်္ဂါလီစခန်းတွေပတ်လည်မှာ သံဆူးကြိုးစည်းရိုးစခတ်နေပြီး အရှည် ၅.၇ ကီလိုမီတာလောက်ပြီးသွားပြီလို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးဌာနသတင်းရင်းမြစ်တွေကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရုံးဆီကညွှန်ကြားချက်ရပြီးတဲ့နောက် စခန်းတွေပတ်လည်မှာ သံဆူးကြိုးစည်းရိုးခတ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက တာကာ ၂၀၉၀ သန်းကျော်ခွင့်ပြုထားတယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။

Source- The Independent BD

Photo- The Independent BD

#PeopleMedia #Bangladesh #BarbedWireFence #CoxsBazar


Share this post