• Follow Us on

Home စစ္မႈထမ္းေဟာင္းတစ္ဦးႏွင့္ ရြာသားတစ္ဦးကုိ AA အဖြဲ႕မွ ဖမ္းဆီးေခၚေဆာင္

စစ္မႈထမ္းေဟာင္းတစ္ဦးႏွင့္ ရြာသားတစ္ဦးကုိ AA အဖြဲ႕မွ ဖမ္းဆီးေခၚေဆာင္

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၃၁

ရခုိင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္၊ သရက္အုပ္ေက်းရြာေန စစ္မႈထမ္းေဟာင္း ဦးဘုိနီသည္ ၎၏ေနအိမ္၌ ဇနီးျဖစ္သူ ေဒၚလွေရႊသိန္းႏွင့္အတူ ရွိေနစဥ္ ေအာက္တုိဘာ ၂၆ ရက္ ည ၇ နာရီခြဲခန္႔၌ အရပ္ဝတ္ ဝတ္ဆင္ ထားသည့္ AA အဖြဲ႕ဝင္ငါးဦးမွ ေမာ္ေတာ္ဆုိင္ကယ္မ်ားျဖင့္ ေရာက္ရွိလာၿပီး ဦးဘုိနီအား ရြာေဟာင္းေတာ ေက်းရြာဘက္သုိ႔ အေၾကာင္းမဲ့ အတင္းအဓမၼ ဖမ္းဆီးေခၚေဆာင္သြားသည္။

ဖမ္းဆီးေခၚေဆာင္ျခင္းခံရသူ ဦးဘုိနီသည္ ၁၉၉၉ ခုႏွစ္တြင္ ေက်ာက္ျဖဴၿမိဳ႕ရွိ နယ္ေျမခံတပ္ရင္းမွ တပ္ၾကပ္ အဆင့္ျဖင့္ အၿငိမ္းစားယူခဲ့ၿပီး သားသမီးေလးဦးႏွင့္အတူ ဇနီးျဖစ္သူ၏ေနရပ္ျဖစ္ေသာ သရက္အုပ္ေက်းရြာသို႔ လုိက္ပါေနထုိင္ခဲ့ၿပီး ေဆးကုသသည့္ အလုပ္အား ႐ိုးသားစြာ လုပ္ကုိင္ေနသူ ျဖစ္သည္။

အလားတူ မင္းျပားၿမိဳ႕နယ္၊ အုိးပံုေတာင္ေက်းရြာေန ဦးထြန္းမင္းသိန္းသည္ ေအာက္တုိဘာ ၂၈ ရက္ ညေန ၄ နာရီခန္႔တြင္ ၿပိဳင္းေခ်ာင္းေက်းရြာသို႔ ဆန္ကြဲဝယ္ယူရန္ သြားေရာက္စဥ္ အုိးပံုေတာင္ေက်းရြာ၏ ေျမာက္ဘက္ မီတာ ၄ဝဝဝ ခန္႔အကြာ ၿပိဳင္းေခ်ာင္းေက်းရြာသြား ကားလမ္းေပၚသို႔ အေရာက္၌ အရပ္ဝတ္ ဝတ္ဆင္ထားသည့္ AA အဖြဲ႔၁ဝ ဦးခန္႔က အဓမၼဖမ္းဆီးေခၚေဆာင္သြားသည္။

အလားတူ AA အဖြဲ႕သည္ ေဒသခံမ်ားကုိ အဓမၼဖမ္းဆီးျခင္း၊ စစ္မႈထမ္းေဟာာင္းမ်ားႏွင့္ ႏုိင္ငံ့ဝန္ထမ္းမ်ားကုိ အၾကမ္းဖက္ျခင္းမ်ား ေဆာင္ရြက္လ်က္ရွိသည္။

#PeopleMedia #RakhineState

(unicode)
စစ်မှုထမ်းဟောင်းတစ်ဦးနှင့် ရွာသားတစ်ဦးကို AA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်
…………………………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၃၁

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ သရက်အုပ်ကျေးရွာနေ စစ်မှုထမ်းဟောင်း ဦးဘိုနီသည် ၎င်း၏နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်လှရွှေသိန်းနှင့်အတူ ရှိနေစဉ် အောက်တိုဘာ ၂၆ ရက် ည ၇ နာရီခွဲခန့်၌ အရပ်ဝတ် ဝတ်ဆင် ထားသည့် AA အဖွဲ့ဝင်ငါးဦးမှ မော်တော်ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဦးဘိုနီအား ရွာဟောင်းတော ကျေးရွာဘက်သို့ အကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ဦးဘိုနီသည် ၁၉၉၉ ခုနှစ်တွင် ကျောက်ဖြူမြို့ရှိ နယ်မြေခံတပ်ရင်းမှ တပ်ကြပ် အဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး သားသမီးလေးဦးနှင့်အတူ ဇနီးဖြစ်သူ၏နေရပ်ဖြစ်သော သရက်အုပ်ကျေးရွာသို့ လိုက်ပါနေထိုင်ခဲ့ပြီး ဆေးကုသသည့် အလုပ်အား ရိုးသားစွာ လုပ်ကိုင်နေသူ ဖြစ်သည်။

အလားတူ မင်းပြားမြို့နယ်၊ အိုးပုံတောင်ကျေးရွာနေ ဦးထွန်းမင်းသိန်းသည် အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီခန့်တွင် ပြိုင်းချောင်းကျေးရွာသို့ ဆန်ကွဲဝယ်ယူရန် သွားရောက်စဉ် အိုးပုံတောင်ကျေးရွာ၏ မြောက်ဘက် မီတာ ၄ဝဝဝ ခန့်အကွာ ပြိုင်းချောင်းကျေးရွာသွား ကားလမ်းပေါ်သို့ အရောက်၌ အရပ်ဝတ် ဝတ်ဆင်ထားသည့် AA အဖွဲ့၁ဝ ဦးခန့်က အဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည်။

အလားတူ AA အဖွဲ့သည် ဒေသခံများကို အဓမ္မဖမ်းဆီးခြင်း၊ စစ်မှုထမ်းဟောာင်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို အကြမ်းဖက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

#PeopleMedia #RakhineState


Share this post