• Follow Us on

Home စစ္လက္နက္နည္းပညာမ်ား ခိုးယူမႈအတြက္ တ႐ုတ္ကို ရုရွား ေဒါသ ထြက္

စစ္လက္နက္နည္းပညာမ်ား ခိုးယူမႈအတြက္ တ႐ုတ္ကို ရုရွား ေဒါသ ထြက္

Share this post

ရုရွားစစ္လက္နက္ထုတ္လုပ္ေရး စုေပါင္းစပ္ေပါင္းကုမၸဏီတစ္ခုျဖစ္တဲ့ Rostec က ရုရွားက ျပည္ပတင္ပို႔ ေရာင္းခ်တဲ့ စစ္လက္နက္ေတြကို တ႐ုတ္က တရားမ၀င္ေကာ္ပီယူၿပီး ထုတ္လုပ္ေနတယ္လို႔ စြပ္စြဲလိုက္ပါတယ္။

ဒါဟာ ရုရွားနဲ႔ တ႐ုတ္ႏုိင္ငံတို႔ၾကား ရွားရွားပါးပါး လူသိရွင္ၾကား စိိတ္ဆိုးအမ်က္ထြက္မႈလည္းျဖစ္ပါတယ္။

Rostec ကုမၸဏီရဲ႕ ဥာဏ္ပညာပိုင္ဆိုင္မႈစီမံကိန္းမ်ားဆိုင္ရာ ဥကၠဌျဖစ္သူ ရပ္ဂန္နီလစ္ဗင္နီက လြန္ခဲ့တဲ့ ၁၇ ႏွစ္အတြင္း ရုရွားရဲ႕ စစ္လက္နက္မ်ားကို တရားမ၀င္ ပံုတူကူးခ်မႈ ၅၀၀ ရွိခဲ့ၿပီး ဒါဟာ ျပသာနာႀကီးတစ္ခုျဖစ္ တယ္လို႔ ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံတစ္ႏိုင္ငံထဲက ေလယာဥ္အင္ဂ်င္၊ Sukhoi ေလယာဥ္၊ ေလေၾကာင္းကာကြယ္ေရးစနစ္နဲ႔ ေျမျပင္က ေ၀ဟင္ပစ္တာလတ္မစ္ဇိုင္းစနစ္ေတြကို ပံုတူခိုးခ်ခဲ့တယ္လို႔ လစ္ဗင္နီက ေျပာပါတယ္။

ႏွစ္ႏုိင္ငံၾကား စစ္လက္နက္ကုန္သြယ္မႈ ျမင့္တက္ေနခ်ိန္မွာ တရုတ္ႏုိင္ငံက အခုလို နည္းပညာခိုးယူမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ Rostec က စြပ္စြဲထားပါတယ္။ Stockholm International Peace Research Institute ေဖာ္ျပခ်က္အရ ၂၀၁၄ ခုႏွစ္က ၂၀၁၈ ခုႏွစ္အတြင္း တ႐ုတ္ႏုိင္ငံဟာ ရုရွားဆီက စစ္လက္နက္၀ယ္ယူမႈ အမ်ားဆံုး ေဖာက္သည္ျဖစ္ခဲ့ၿပီး တ႐ုတ္ႏုိင္ငံက စစ္လက္နက္တင္သြင္းမႈရဲ႕ ၇၀ ရာခိုိင္ႏႈန္းဟာ ရုရွားကျဖစ္ပါ တယ္။

တ႐ုတ္ႏုိင္ငံဟာ ၂၀၁၅ ခုႏွစ္အတြင္း ရုရွားရဲ႕နည္းပညာျမင့္စစ္လက္နက္ေတြျဖစ္တဲ့ S-400 ေလကာစနစ္ ၆ ခုနဲ႔ Su-35 တုိက္ေလယာဥ္ ၂၄ စီးတို႔ကို အေမရိကန္ေဒၚလာ ၅ ဘီလီယံနဲ႔ ၀ယ္ယူခဲ့ပါတယ္။

ရုရွားဟာ တ႐ုတ္ႏုိင္ငံရဲ႕ စစ္လက္နက္နည္းပညာခိုးယူမႈကို စိတ္ဆိုးအမ်က္ထြက္ေပမယ့္ ပထ၀ီႏုိင္ငံေရးနဲ႔ စီးပြားေရးအရ အက်ိဳးအျမတ္ရွိေနတာေၾကာင့္ လက္နက္တင္ပို႔ေရာင္းခ်မႈကိုေတာ့ ရပ္ဆိုင္းဖြယ္မရွိဘူးလို႔ ကၽြမ္းက်င္သူေတြက သံုးသပ္ၾကပါတယ္။

Ref; .nikkei.com

#PeopleMedia #International

(Unicode)
စစ်လက်နက်နည်းပညာများ ခိုးယူမှုအတွက် တရုတ်ကို ရုရှား ဒေါသ ထွက်
………………………………………………………

ရုရှားစစ်လက်နက်ထုတ်လုပ်ရေး စုပေါင်းစပ်ပေါင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Rostec က ရုရှားက ပြည်ပတင်ပို့ ရောင်းချတဲ့ စစ်လက်နက်တွေကို တရုတ်က တရားမဝင်ကော်ပီယူပြီး ထုတ်လုပ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဒါဟာ ရုရှားနဲ့ တရုတ်နိုင်ငံတို့ကြား ရှားရှားပါးပါး လူသိရှင်ကြား စိတ်ဆိုးအမျက်ထွက်မှုလည်းဖြစ်ပါတယ်။

Rostec ကုမ္ပဏီရဲ့ ဥာဏ်ပညာပိုင်ဆိုင်မှုစီမံကိန်းများဆိုင်ရာ ဥက္ကဌဖြစ်သူ ရပ်ဂန်နီလစ်ဗင်နီက လွန်ခဲ့တဲ့ ၁၇ နှစ်အတွင်း ရုရှားရဲ့ စစ်လက်နက်များကို တရားမဝင် ပုံတူကူးချမှု ၅၀၀ ရှိခဲ့ပြီး ဒါဟာ ပြသာနာကြီးတစ်ခုဖြစ် တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံတစ်နိုင်ငံထဲက လေယာဉ်အင်ဂျင်၊ Sukhoi လေယာဉ်၊ လေကြောင်းကာကွယ်ရေးစနစ်နဲ့ မြေပြင်က ဝေဟင်ပစ်တာလတ်မစ်ဇိုင်းစနစ်တွေကို ပုံတူခိုးချခဲ့တယ်လို့ လစ်ဗင်နီက ပြောပါတယ်။

နှစ်နိုင်ငံကြား စစ်လက်နက်ကုန်သွယ်မှု မြင့်တက်နေချိန်မှာ တရုတ်နိုင်ငံက အခုလို နည်းပညာခိုးယူမှုတွေ ပြုလုပ်ခဲ့တယ်လို့ Rostec က စွပ်စွဲထားပါတယ်။ Stockholm International Peace Research Institute ဖော်ပြချက်အရ ၂၀၁၄ ခုနှစ်က ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံဟာ ရုရှားဆီက စစ်လက်နက်ဝယ်ယူမှု အများဆုံး ဖောက်သည်ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံက စစ်လက်နက်တင်သွင်းမှုရဲ့ ၇၀ ရာခိုင်နှုန်းဟာ ရုရှားကဖြစ်ပါ တယ်။

တရုတ်နိုင်ငံဟာ ၂၀၁၅ ခုနှစ်အတွင်း ရုရှားရဲ့နည်းပညာမြင့်စစ်လက်နက်တွေဖြစ်တဲ့ S-400 လေကာစနစ် ၆ ခုနဲ့ Su-35 တိုက်လေယာဉ် ၂၄ စီးတို့ကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံနဲ့ ဝယ်ယူခဲ့ပါတယ်။

ရုရှားဟာ တရုတ်နိုင်ငံရဲ့ စစ်လက်နက်နည်းပညာခိုးယူမှုကို စိတ်ဆိုးအမျက်ထွက်ပေမယ့် ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးအရ အကျိုးအမြတ်ရှိနေတာကြောင့် လက်နက်တင်ပို့ရောင်းချမှုကိုတော့ ရပ်ဆိုင်းဖွယ်မရှိဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

Ref; .nikkei.com


Share this post