• Follow Us on

Home စစ္လက္နက္မ်ားေရာင္းခ်မည္ဟု ဘဂၤလားေဒ့႐ွ္ကိုတူရကီကမ္းလွမ္း၊ လိုအပ္ပါကစဥ္းစားမည္ဟု ဘဂၤလားေဒ့႐ွ္တံု႔ျပန္

စစ္လက္နက္မ်ားေရာင္းခ်မည္ဟု ဘဂၤလားေဒ့႐ွ္ကိုတူရကီကမ္းလွမ္း၊ လိုအပ္ပါကစဥ္းစားမည္ဟု ဘဂၤလားေဒ့႐ွ္တံု႔ျပန္

Share this post

ဒါကာ၊ ဒီဇင္ဘာ ၂၄

ဘဂၤလားေဒ့႐ွ္ႏိုင္ငံလိုအပ္ေနသည့္လက္နက္အမ်ားစုကိုထုတ္လုပ္ေနသည့္တူရကီႏိုင္ငံက ဘဂၤလားေဒ့႐ွ္ကို လက္နက္မ်ားေရာင္းခ်လိုေၾကာင္းေျပာသည္။

ဗုဒၶဟူးေန႔က ဘဂၤလားေဒ့႐ွ္ႏိုင္ငံသို႔ေရာက္႐ွိေနသည့္ တူရကီႏိုင္ငံျခားေရး၀န္ႀကီး မက္ဗ္လြတ္ ကာဗူဆိုဂလူႏွင့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီး အဗၺဒူ မိုမန္တို႔ေတြ႕ဆံုရာတြင္ ကမ္းလွမ္းခဲ့ျခင္းျဖစ္သည္။

ေဆြးေႏြးမည့္အစီအစဥ္တြင္မပါ၀င္ေသာ္လည္း ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာစိတ္ကူးကို ေ၀မွ်ခဲ့ေၾကာင္း မိုမန္ကေျပာသည္။

တူရကီတြင္ ကမာၻ႔အဆင့္စစ္လက္နက္မ်ားထုတ္လုပ္ေနေၾကာင္းႏွင့္ ေရာင္းခ်ရာတြင္ အေျခအေနကန္႔ သတ္ခ်က္မ်ားမျပဳလုပ္ေၾကာင္း မစၥတာ ကာဗူဆိုဂလူကေျပာသည္။

ကာကြယ္ေရးပစၥည္းအမ်ားအျပား၀ယ္ယူျခင္းမ႐ွိဘဲ လိုအပ္ပါက ကမ္းလွမ္းမႈကိုလက္ခံရန္စဥ္းစားမည္ ျဖစ္ေၾကာင္းႏွင့္ ေရေရရာရာေဆြးေႏြးခဲ့ျခင္းမ႐ွိေၾကာင္း မိုမန္ကေျပာသည္။

တူရကီႏွင့္ကုန္သြယ္ေရး၊ ရင္းႏွီးႁမွဳပ္ႏွံမႈမ်ားျပဳလုပ္ရန္ ပိုမိုစိတ္၀င္စားေၾကာင္းလည္း ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး ၀န္ႀကီးကေျပာသည္။

Ref : Ankara eager to sell weapons to Dhaka

#PeopleMedia

(unicode)
စစ်လက်နက်များရောင်းချမည်ဟု ဘင်္ဂလားဒေ့ရှ်ကိုတူရကီကမ်းလှမ်း၊ လိုအပ်ပါကစဉ်းစားမည်ဟု ဘင်္ဂလားဒေ့ရှ်တုံ့ပြန်
………………………………………………………….

ဒါကာ၊ ဒီဇင်ဘာ ၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံလိုအပ်နေသည့်လက်နက်အများစုကိုထုတ်လုပ်နေသည့်တူရကီနိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို လက်နက်များရောင်းချလိုကြောင်းပြောသည်။

ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသည့် တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လွတ် ကာဗူဆိုဂလူနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူ မိုမန်တို့တွေ့ဆုံရာတွင် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးမည့်အစီအစဉ်တွင်မပါဝင်သော်လည်း ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစိတ်ကူးကို ဝေမျှခဲ့ကြောင်း မိုမန်ကပြောသည်။

တူရကီတွင် ကမ္ဘာ့အဆင့်စစ်လက်နက်များထုတ်လုပ်နေကြောင်းနှင့် ရောင်းချရာတွင် အခြေအနေကန့် သတ်ချက်များမပြုလုပ်ကြောင်း မစ္စတာ ကာဗူဆိုဂလူကပြောသည်။

ကာကွယ်ရေးပစ္စည်းအများအပြားဝယ်ယူခြင်းမရှိဘဲ လိုအပ်ပါက ကမ်းလှမ်းမှုကိုလက်ခံရန်စဉ်းစားမည် ဖြစ်ကြောင်းနှင့် ရေရေရာရာဆွေးနွေးခဲ့ခြင်းမရှိကြောင်း မိုမန်ကပြောသည်။

တူရကီနှင့်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ပိုမိုစိတ်ဝင်စားကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးကပြောသည်။

Ref : Ankara eager to sell weapons to Dhaka

#PeopleMedia


Share this post