• Follow Us on

Home စစ္ဥပေဒခ်ဳပ္(ၿငိမ္း)ဦးစိုးေမာင္ ဦးေဆာင္သည့္ပါတီက UEC အေပၚ အယုံအၾကည္မရွိေၾကာင္း ကန႔္ကြက္ဆႏၵေ ဖာ္ထုတ္ပြဲကို ေတာင္ႀကီးၿမိဳ႕၌ျပဳလုပ္

စစ္ဥပေဒခ်ဳပ္(ၿငိမ္း)ဦးစိုးေမာင္ ဦးေဆာင္သည့္ပါတီက UEC အေပၚ အယုံအၾကည္မရွိေၾကာင္း ကန႔္ကြက္ဆႏၵေ ဖာ္ထုတ္ပြဲကို ေတာင္ႀကီးၿမိဳ႕၌ျပဳလုပ္

Share this post

ေတာင္ႀကီး၊ နိုဝင္ဘာ ၁၇

စစ္ဥပေဒခ်ဳပ္(ၿငိမ္း)ဦးစိုးေမာင္ တည္ေထာင္သည့္ အမ်ိဳးသားနိုင္ငံေရး ဒီမိုကရက္တစ္ပါတီ (DNP) သည္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ (UEC) ကို အယုံအၾကည္မရွိေၾကာင္း ကန႔္ကြက္ဆႏၵေဖာ္ထုတ္ ေဖာ္မႈကို ေတာင္ႀကီးၿမိဳ႕ရွိ ရွမ္းျပည္နယ္ေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ႐ုံးေရွ႕၌ ယေန႔ျပဳလုပ္ခဲ့သည္။

“UEC ရဲ႕ တစ္နိုင္ငံလုံး အနယ္နယ္အရပ္ရပ္မွာ ျဖစ္ေနတဲ့ မွားယြင္းမႈေတြကို အယုံအၾကည္မရွိဘူး၊ အဲ့အတြက္ ဒီေန႔ဆႏၵေဖာ္ထုတ္ခဲ့ၾကတာပါ” ဟု အမ်ိဳးသားနိုင္ငံေရးဒီမိုကရက္တစ္ပါတီ ရွမ္းျပည္နယ္အတြင္းေရးမွဴး ဦးဝင္းဗိုလ္က ေျပာသည္။

ရပ္ကြက္ေက်းရြာမွစ၍ ဗဟိုအဆင့္အထိ သီးသန႔္ စုံစမ္းစစ္ေဆးေရးခုံ႐ုံးဖြဲ႕စည္းေပးရန္ လိုအပ္ၿပီး၊ ထိုသို႔ ေဆာင္ရြက္ျခင္းမျပဳဘဲ ယခုရလဒ္မ်ားအတိုင္းသာ အတည္ျပဳမည္ဆိုပါက ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္အား လုံးဝကန႔္ကြက္ေၾကာင္း ၎က ထပ္မံေျပာသည္။

ဆႏၵေဖာ္ထုတ္ရာမွာ တစ္နိုင္ငံလုံးရွိ မဲမသာမႈမ်ားအား ဝိုင္းဝန္းစစ္ေဆးေရး၊ တာဝန္ယူမႈတာဝန္ခံမႈမရွိေသာ ေရြးေကာက္ပြဲ ေကာ္မရွင္ဖ်က္သိမ္းေရး၊ မဲလိမ္ မဲခိုး အစိုးရ အလိုမရွိ၊ မွန္ကန္မွ်တမႈမရွိသည့္ ေရြးေကာက္ပြဲ ေကာ္မရွင္ အလိုမရွိ စသည္တို႔ကို ေႂကြးေၾကာ္ခဲ့ၾကသည္။

အဆိုပါ ဆႏၵေဖာ္ထုတ္ျခင္းကို အမ်ိဳးသားနိုင္ငံေရးဒီမိုကရက္တစ္ပါတီဝန္မ်ားသာမက တစ္ျခားပါတီဝင္မ်ား၊ တိုင္းရင္းသားမ်ားလည္း ပူးေပါင္းပါဝင္ကာ စုစုေပါင္း လူဦးေရ (၃၀) ဝန္းက်င္ျဖင့္ ဆႏၵေဖာ္ထုတ္ခဲ့သည္။

အလားတူ ၂၀၂၀ ေရြးေကာက္ပြဲႏွင့္ပတ္သက္၍ UEC ကို ျပည္ခိုင္ၿဖိဳးပါတီေထာက္ခံသူမ်ားကလည္း နိုဝင္ဘာလ ဒုတိယပတ္အတြင္း၌ ေနျပည္ေတာ္တြင္ ဆႏၵျပခဲ့ၾကသည္။

#PeopleMedia #ဦးစိုးေမာင္

(unicode)
စစ်ဥပဒေချုပ်(ငြိမ်း)ဦးစိုးမောင် ဦးဆောင်သည့်ပါတီက UEC အပေါ် အယုံအကြည်မရှိကြောင်း ကန့်ကွက်ဆန္ဒေ ဖာ်ထုတ်ပွဲကို တောင်ကြီးမြို့၌ပြုလုပ်
………………………………………………………..

တောင်ကြီး၊ နိုဝင်ဘာ ၁၇

စစ်ဥပဒေချုပ်(ငြိမ်း)ဦးစိုးမောင် တည်ထောင်သည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP) သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ကို အယုံအကြည်မရှိကြောင်း ကန့်ကွက်ဆန္ဒဖော်ထုတ် ဖော်မှုကို တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးရှေ့၌ ယနေ့ပြုလုပ်ခဲ့သည်။

“UEC ရဲ့ တစ်နိုင်ငံလုံး အနယ်နယ်အရပ်ရပ်မှာ ဖြစ်နေတဲ့ မှားယွင်းမှုတွေကို အယုံအကြည်မရှိဘူး၊ အဲ့အတွက် ဒီနေ့ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ” ဟု အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ရှမ်းပြည်နယ်အတွင်းရေးမှူး ဦးဝင်းဗိုလ်က ပြောသည်။

ရပ်ကွက်ကျေးရွာမှစ၍ ဗဟိုအဆင့်အထိ သီးသန့် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းပေးရန် လိုအပ်ပြီး၊ ထိုသို့ ဆောင်ရွက်ခြင်းမပြုဘဲ ယခုရလဒ်များအတိုင်းသာ အတည်ပြုမည်ဆိုပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား လုံးဝကန့်ကွက်ကြောင်း ၎င်းက ထပ်မံပြောသည်။

ဆန္ဒဖော်ထုတ်ရာမှာ တစ်နိုင်ငံလုံးရှိ မဲမသာမှုများအား ဝိုင်းဝန်းစစ်ဆေးရေး၊ တာဝန်ယူမှုတာဝန်ခံမှုမရှိသော ရွေးကောက်ပွဲ ကော်မရှင်ဖျက်သိမ်းရေး၊ မဲလိမ် မဲခိုး အစိုးရ အလိုမရှိ၊ မှန်ကန်မျှတမှုမရှိသည့် ရွေးကောက်ပွဲ ကော်မရှင် အလိုမရှိ စသည်တို့ကို ကြွေးကြော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ခြင်းကို အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဝန်များသာမက တစ်ခြားပါတီဝင်များ၊ တိုင်းရင်းသားများလည်း ပူးပေါင်းပါဝင်ကာ စုစုပေါင်း လူဦးရေ (၃၀) ဝန်းကျင်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့သည်။

အလားတူ ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ UEC ကို ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများကလည်း နိုဝင်ဘာလ ဒုတိယပတ်အတွင်း၌ နေပြည်တော်တွင် ဆန္ဒပြခဲ့ကြသည်။

#PeopleMedia #ဦးစိုးမောင်


Share this post