• Follow Us on

Home အာစီးအီးပီအဖြဲ႕ေၾကာင့္ ႏိုင္ငံ၏ ႏိုင္ငံျခားတင္ပို႔မႈႏွင့္ ရင္းႏွီးႁမွဳပ္ႏွံမႈတို႔ကို ထိခိုက္ႏိုင္ဟု ဘဂၤလားေဒ့႐ွ္ စီးပြားေရး ပညာ႐ွင္မ်ားသံုးသပ္

အာစီးအီးပီအဖြဲ႕ေၾကာင့္ ႏိုင္ငံ၏ ႏိုင္ငံျခားတင္ပို႔မႈႏွင့္ ရင္းႏွီးႁမွဳပ္ႏွံမႈတို႔ကို ထိခိုက္ႏိုင္ဟု ဘဂၤလားေဒ့႐ွ္ စီးပြားေရး ပညာ႐ွင္မ်ားသံုးသပ္

Share this post

ဒါကာ၊ ႏို၀င္ဘာ ၁၇

ဘဂၤလားေဒ့႐ွ္ႏိုင္ငံ၏ၿပိဳင္ဘက္မ်ားက တ႐ုတ္ႏိုင္ငံဦးေဆာင္သည့္ကမာၻ႔အႀကီးဆံုးကုန္သြယ္ေရးအဖြဲ႕ ေဒသ တြင္း က်ယ္ျပန္႔ေသာစီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈ(အာစီအီးပီ)တြင္ပါ၀င္ၿပီးေနာက္ ႏိုင္ငံျခားတင္ပို႔မႈႏွင့္ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးႁမွဳပ္ႏွံမႈတို႔တြင္ အသာရသြားႏိုင္ေၾကာင္း ဘဂၤလားေဒ့႐ွ္စီးပြားေရးပညာ႐ွင္မ်ားႏွင့္ အကဲခတ္မ်ားက စိုးရိမ္ေနသည္။

၂၀၂၄ ခုႏွစ္တြင္ ဖြံၿဖိဳးမႈအနည္းဆံုးႏိုင္ငံအျဖစ္မွ ဖြံ႔ၿဖိဳးဆဲႏိုင္ငံတႏိုင္ငံျဖစ္လာခ်ိန္တြင္ စိန္ေခၚမႈအသစ္မ်ား ပိုမိုအားေကာင္းလာမည္ဟုလည္း ယံုၾကည္ေနၾကသည္။

အာစီအီးပီႏိုင္ငံေတြကို အေကာက္ခြန္မဲ့တင္သြင္းခြင့္ရမည္မဟုတ္ေတာ့ဘဲ ၿပိဳင္ဘက္ ျမန္မာ၊ ကေမာၻဒီးယားႏွင့္ ဗီယက္နမ္တို႔က အေကာက္ခြန္မဲ့အခြင့္အေရးေတြရေနဦးမည္ျဖစ္ေၾကာင္း Centre for Policy Dialogue မွ ပါေမာကၡ မူစတာဖီဇာ ရာမန္ကေျပာသည္။

အာ႐ွ-ပစိဖိတ္ေဒသမွႏိုင္ငံ ၁၅ ႏိုင္ငံပါ၀င္ေသာအာစီအီးပီကို အေ႐ွ႕ေတာင္အာ႐ွႏိုင္ငံမ်ားအသင္း(အာဆီယံ) ထိပ္သီးအစည္းအေ၀းတြင္ လက္မွတ္ေရးထိုးခဲ့ၿပီး အာဆီယံအဖြဲ႔၀င္ ၁၀ ႏိုင္ငံအျပင္ ဂ်ပန္၊ ေတာင္ကိုရီးယား၊ တ႐ုတ္၊ ၾသစေၾတးလ်ႏွင့္ နယူးဇီလန္ႏိုင္ငံတို႔ပါ၀င္သည္။

လာမည့္ႏွစ္မ်ားအတြင္း ေနရာအမ်ားအျပားတြင္ စည္းၾကပ္ခြန္မ်ားသိသိသာသာေလွ်ာ့ခ်ရန္၊ ေတာင္တ ႐ုတ္ပင္လယ္အေရးတင္းမာမႈမ်ားကို ေျဖ႐ွင္းရန္ႏွင့္ အေမရိကန္-တ႐ုတ္ၿပိဳင္ဆိုင္မႈျပင္းထန္ေနသည့္ေနရာတြင္ ကမာၻ႔ကပ္ေရာဂါေနာက္ပိုင္း စီးပြားေရးျပန္လည္နာလံထႏိုင္ရန္အစီအစဥ္မ်ား႐ွာေဖြရန္ ရည္႐ြယ္ထားသည္။

အာစီအီးပီသည္ ကမာၻ႔စီးပြားေရး၏ ၃၀ ရာခိုင္ႏႈန္းနီးပါ႐ွိေသာႏိုင္ငံမ်ားပါ၀င္ၿပီး ကမာၻ႔လူဦးေရ ၃၀ ရာခိုင္ႏႈန္း႐ွိ ေသာအဖြဲ႔ျဖစ္သည္။

ထိုလြတ္လပ္စြာကုန္သြယ္ခြင့္သေဘာတူစာခ်ဳပ္သည္ အေမရိကန္၊ မကၠဆီကိုႏွင့္ ကေနဒါႏိုင္ငံတို႔ပါ၀င္သည့္ သေဘာတူစာခ်ဳပ္ႏွင့္ ဥေရာပသမဂၢတို႔ထက္ ပိုႀကီးသည္။

ကမာၻ႔အ၀တ္အထည္လုပ္ငန္းတြင္ ဘဂၤလားေဒ့႐ွ္ႏွင့္အႀကီးဆံုးၿပိဳင္ဘက္ျဖစ္သည့္ဗီယက္နမ္ႏိုင္ငံင့္ အျခား အာ ဆီယံႏိုင္ငံမ်ားက တ႐ုတ္၊ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားႏိုင္ငံတို႔ႏွင့္ ကုန္သြယ္ေရးအခြင့္အလမ္းမ်ားရ႐ွိမည္ျဖစ္၍ ဘဂၤလားေဒ့႐ွ္ႏိုင္ငံအေနႏွင့္စိုးရိမ္သင့္ေၾကာင္း ေတာင္အာ႐ွစီးပြားေရးပံုစံမ်ားအဖြဲ႕မွ အမႈေဆာင္ဒါ႐ိုက္တာ ဆီလင္း ႐ိုင္ဟန္ကေျပာသည္။

တ႐ုတ္၊ ဂ်ပန္၊ ေတာင္ကိုရီးယားနဲ႔ ၾသစေၾတးလ်တို႔ကလည္း အာစီအီးပီမွအျခားႏိုင္ငံတြင္ ရင္းႏွီးႁမွဳပ္ႏွံရန္ ဦးစားေပးၾကမည္ဟု ဆီလင္း ႐ိုင္ဟန္ကေျပာသည္။

ဘဂၤလားေဒ့႐ွ္ႏိုင္ငံအေနျဖင့္ အာစီအီးပီႏွင့္အျခားကုန္သြယ္ေရးအဖြဲ႔မ်ားကို ၀င္ေရာက္ရန္စိတ္၀င္စားေၾကာင္း ျပသျခင္းအားျဖင့္ ထိုအေျခအေနကိုေျဖ႐ွင္းႏိုင္မည္ဟု မူစတာဖီဇာေရာ၊ ဆီလင္းေရာကေျပာသည္။

Ref : New trade bloc will hurt Bangladesh’s export competitiveness, investment flow: analysts

#PeopleMedia

(unicode)
အာစီးအီးပီအဖွဲ့ကြောင့် နိုင်ငံ၏ နိုင်ငံခြားတင်ပို့မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ထိခိုက်နိုင်ဟု ဘင်္ဂလားဒေ့ရှ် စီးပွားရေး ပညာရှင်များသုံးသပ်
………………………………………………

ဒါကာ၊ နိုဝင်ဘာ ၁၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ပြိုင်ဘက်များက တရုတ်နိုင်ငံဦးဆောင်သည့်ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးအဖွဲ့ ဒေသ တွင်း ကျယ်ပြန့်သောစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(အာစီအီးပီ)တွင်ပါဝင်ပြီးနောက် နိုင်ငံခြားတင်ပို့မှုနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတို့တွင် အသာရသွားနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်စီးပွားရေးပညာရှင်များနှင့် အကဲခတ်များက စိုးရိမ်နေသည်။

၂၀၂၄ ခုနှစ်တွင် ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံဖြစ်လာချိန်တွင် စိန်ခေါ်မှုအသစ်များ ပိုမိုအားကောင်းလာမည်ဟုလည်း ယုံကြည်နေကြသည်။

အာစီအီးပီနိုင်ငံတွေကို အကောက်ခွန်မဲ့တင်သွင်းခွင့်ရမည်မဟုတ်တော့ဘဲ ပြိုင်ဘက် မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့က အကောက်ခွန်မဲ့အခွင့်အရေးတွေရနေဦးမည်ဖြစ်ကြောင်း Centre for Policy Dialogue မှ ပါမောက္ခ မူစတာဖီဇာ ရာမန်ကပြောသည်။

အာရှ-ပစိဖိတ်ဒေသမှနိုင်ငံ ၁၅ နိုင်ငံပါဝင်သောအာစီအီးပီကို အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ထိပ်သီးအစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့ပြီး အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအပြင် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ပါဝင်သည်။

လာမည့်နှစ်များအတွင်း နေရာအများအပြားတွင် စည်းကြပ်ခွန်များသိသိသာသာလျှော့ချရန်၊ တောင်တ ရုတ်ပင်လယ်အရေးတင်းမာမှုများကို ဖြေရှင်းရန်နှင့် အမေရိကန်-တရုတ်ပြိုင်ဆိုင်မှုပြင်းထန်နေသည့်နေရာတွင် ကမ္ဘာ့ကပ်ရောဂါနောက်ပိုင်း စီးပွားရေးပြန်လည်နာလံထနိုင်ရန်အစီအစဉ်များရှာဖွေရန် ရည်ရွယ်ထားသည်။

အာစီအီးပီသည် ကမ္ဘာ့စီးပွားရေး၏ ၃၀ ရာခိုင်နှုန်းနီးပါရှိသောနိုင်ငံများပါဝင်ပြီး ကမ္ဘာ့လူဦးရေ ၃၀ ရာခိုင်နှုန်းရှိ သောအဖွဲ့ဖြစ်သည်။

ထိုလွတ်လပ်စွာကုန်သွယ်ခွင့်သဘောတူစာချုပ်သည် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့ပါဝင်သည့် သဘောတူစာချုပ်နှင့် ဥရောပသမဂ္ဂတို့ထက် ပိုကြီးသည်။

ကမ္ဘာ့အဝတ်အထည်လုပ်ငန်းတွင် ဘင်္ဂလားဒေ့ရှ်နှင့်အကြီးဆုံးပြိုင်ဘက်ဖြစ်သည့်ဗီယက်နမ်နိုင်ငံင့် အခြား အာ ဆီယံနိုင်ငံများက တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့နှင့် ကုန်သွယ်ရေးအခွင့်အလမ်းများရရှိမည်ဖြစ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနှင့်စိုးရိမ်သင့်ကြောင်း တောင်အာရှစီးပွားရေးပုံစံများအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဆီလင်း ရိုင်ဟန်ကပြောသည်။

တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျတို့ကလည်း အာစီအီးပီမှအခြားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဦးစားပေးကြမည်ဟု ဆီလင်း ရိုင်ဟန်ကပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အာစီအီးပီနှင့်အခြားကုန်သွယ်ရေးအဖွဲ့များကို ဝင်ရောက်ရန်စိတ်ဝင်စားကြောင်း ပြသခြင်းအားဖြင့် ထိုအခြေအနေကိုဖြေရှင်းနိုင်မည်ဟု မူစတာဖီဇာရော၊ ဆီလင်းရောကပြောသည်။

Ref : New trade bloc will hurt Bangladesh’s export competitiveness, investment flow: analysts

#PeopleMedia


Share this post