• Follow Us on

Home စပိန်နိုင်ငံတွင် တည်ဆောက်မည့် လုမ္ဗိနီဥယျာဉ်တော်စီမံကိန်းအား စပိန်နှင့် မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သလို ရွှေတိဂုံစေတီတော်ပုံစံတူကိုပါ အဓိကထည့်သွင်းတည်ဆောက်သွားမည်

စပိန်နိုင်ငံတွင် တည်ဆောက်မည့် လုမ္ဗိနီဥယျာဉ်တော်စီမံကိန်းအား စပိန်နှင့် မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်သလို ရွှေတိဂုံစေတီတော်ပုံစံတူကိုပါ အဓိကထည့်သွင်းတည်ဆောက်သွားမည်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃ (People Media)

 

စပိန်နိုင်ငံ၊ ဆီဗီလာပြည်နယ် ကပ်ဆီးရပ် ယူနက်စကို ရှေးဟောင်းယဉ်ကျေးမူမြို့တော်တွင် တည်ဆောက်မည့် လုမ္ဗိနီဥယျာဉ်တော်စီမံကိန်းအား စပိန်နှင့် မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သလို ရွှေတိဂုံစေတီ တော် ပုံစံတူကိုပါ အဓိကထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း IBEC ဆရာတော်၏ လူမှုကွန်ယက်စာ မျက်နှာ သိရသည်။

 

IBEC ဆရာတော်သည် အာရှပစိဖိတ်ရပ်ဝန်းနှင့်ဥရောပသမဂ္ဂရပ်ဝန်းတွင် မြတ်ဗုဒ္ဓဓမ္မတရားဖြင့် လူသားတို့ ရှင်သန်စေရန်အတွက် ငြိမ်းချမ်းရေး ဓမ္မတရားတို့ဖြင့် မွှမ်းထုံမည့် စပိန်နိုင်ငံ လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်တည် ဆောက်မည့် စီမံကိန်း၏ တရားဝင်ပူးပေါင်းဆောင်ရွက်မည့် ဒါရိုက်တာအဖွဲ့ဝင် ရဟန်းတော်ဖြစ်သည်။

 

လုမ္ဗိနီဥယျာဉ်တော်စီမံကိန်းနှင့် ပတ်သက်ပြီး  ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စပိန်နိုင်ငံ ဆီဗီလာ ပြည် နယ်အစိုးရဝန်ကြီးချုပ်၊ ခရိုင်အစိုးရအကြီးအကဲ၊ မြို့နယ်မြူနီစီပါယ်အကြီးအကဲတို့နှင့် လုမ္ဗိနီဗုဒ္ဓဥယျာဉ် တော်တည်ဆောက်ရေးအဖွဲ့နှင့် IBEC ဆရာတော်တို့ဆွေးနွေးမှုကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

 

လုမ္ဗိနီဥယျာဉ် စီမံကိန်းနေရာသည် Caceres Holy City ဟုခါ်သည့် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း ဝင်မြို့တော်ဖြစ်ပြီး၊ ဧက(၂၇၀) ကျော်ကျယ်ဝန်းကျောင်း သိရသည်။

 

ကပ်ဆီးရပ်မြို့မှ (၆)ကီလိုမီတာဝေးပြီး၊ ရွှေတိဂုံပုံတူအပါအဝင် လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်ပြီးစီးရန် ယူရို ဘီလီယံ (၃၀) ကျော်ကုန်ကြမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 

#PeopleMedia


Share this post