• Follow Us on

Home UEC ၏ စစ်ဆေးမှုအား NLD နှင့် SNLD ပါတီတို့မှ သတ်မှတ်ရက်အတွင်း စစ်ဆေးခံယူမှုမရှိ

UEC ၏ စစ်ဆေးမှုအား NLD နှင့် SNLD ပါတီတို့မှ သတ်မှတ်ရက်အတွင်း စစ်ဆေးခံယူမှုမရှိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃ (People Media)

 

UEC မှ နိုင်ငံရေးပါတီများကို စာရင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့်  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့မှ သတ်မှတ်ရက်အတွင်းစစ်ဆေးမှု ခံယူခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်လိုက်သည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါအဝင် နိုင်ငံရေးပါတီ (၄) ပါတီ၏စာရင်းများကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း ကော်မရှင်၏ ဖေဖော်ဝါရီလ ၈ရက်စွဲပါစာဖြင့် လည်းကောင်း၊ Email ဖြင့်လည်းကောင်း၊ နိုင်ငံပိုင်မီဒီယာများမှတဆင့် ကြေညာ၍လည်း ကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Website တွင် ဖော်ပြခြင်းဖြင့်လည်းကောင်း ဆက်သွယ်အ သိပေးအကြောင်းကြားခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်တို့သည် သတ်မှတ်ရက်တွင် စာရင်းများ စစ်ဆေးခံယူမှုမရှိကြောင်း ထုတ်ပြန်ထားသည်။

 

သို့ဖြစ်၍ စစ်ဆေးခံရန် ပျက်ကွက်ခဲ့သော ယင်းပါတီ (၂) ပါတီ စာရင်းများကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၄ (က)နှင့်အညီ သတ်မှတ်ကာလ မတ်လ ၉ ရက်နေ့ မတိုင်မီ လာရောက်စစ်ဆေးခံရန်နှင့် ညွန် ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၄ (ဂ)၊ (ဃ)၊ (င)တို့နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံအကြောင်းကြားထားကြောင်း UEC မှ ထုတ်ပြန်လိုက်သည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 

#PeopleMedia


Share this post