• Follow Us on

Home စဉ့်ကိုင်မြို့နယ် ကြက်ခြံအတွင်း၌ ငွေကျပ်သိန်း ၄၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

စဉ့်ကိုင်မြို့နယ် ကြက်ခြံအတွင်း၌ ငွေကျပ်သိန်း ၄၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၂ (People Media)
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကုန်းနီကျေးရွာရှိ မိုင်းယီထွန်း၏ ကြက်ခြံအတွင်း၌ ဝင်ရောက် ရှာဖွေရာတွင် ငွေကျပ်သိန်း ၄၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက်နေ့ ညနေတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မိုင်းယီထွန်း(ခ) အားရန်၏ ကြက်မွေးမြူရေးအတွင်းသို့ ဝင်ရောက်ရှာဖွေရာ ခြံဝန်းအတွင်းရှိ TIPPER မော်တော်ယာဉ်ပေါ်မှ ဆပ်ပြာခွက် ၁၈၁၅ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၁၈ ဒသမ ၁၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ နှင့် မော်တော်ဆိုင်ကယ် ၂ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်သို့ သယ်ဆောင်ခိုင်းသူ မိုင်းယီထွန်း(ခ) အားရန်နှင့် ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ၎င်းအပါအဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၆ ဦး ဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့မှ သိရပါတယ်။
အဆိုပါဖမ်းဆီးရမိသူများကို ဥပဒေအရအရေးယူသွားမည်ဖြစ်ပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
Photo – Credit
(unicode)
…………………………………………………………………
Photo – Credit

Share this post