• Follow Us on

Home စားသုံးဆီများ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းကြီးကြပ်ရေး ကော်မတီကိုဖွဲ့စည်း၍ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း စီးကူးဝန်ကြီးပြောကြား

စားသုံးဆီများ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းကြီးကြပ်ရေး ကော်မတီကိုဖွဲ့စည်း၍ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း စီးကူးဝန်ကြီးပြောကြား

Share this post

နေပြည်တော်၊ မတ် ၅

 

စားသုံးဆီများ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးအတွက် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်း၍ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောသည်။

 

ပြည်တွင်း၌ စားသုံးဆီ ဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနဲ့အညီ ပြည်တွင်း မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းတွေ ဖြစ်ပေါ်စေဖို့အတွက် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းပြီး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတကာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ပြည်တွင်း ဈေးကွက် လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းပေး နိုင်ဖို့နဲ့ ဈေးကွက်အတွင်း မသမာမှု ဆောင်ရွက်နေတာတွေကို အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောသည်။

 

ပြည်တွင်း စားသုံးဆီ သုံးစွဲမှုနှုန်း များပြားနေသည့်အတွက် နှစ်စဉ်ပြည်ပမှ စားသုံးဆီအများအပြား တင်သွင်းနေ ရပြီး ကျန်းမာရေး ရှုထောင့်အရ ပြည်သူများ ဆီစားသုံးမှုလျှော့ချစေရေး၊ ပြည်တွင်း၌ စားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရေး၊ ပြည်တွင်း၌ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစု ပိုမိုရရှိလာစေရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆီထွက်သီးနှံကဏ္ဍမှ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ (Supply Chain) တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စားသုံးဆီတင်သွင်းခြင်းမှ နိုင်ငံခြားငွေ အသုံးပြုမှု လျော့နည်းသက်သာစေရေး တို့အတွက် ရည်ရွယ်ပြီး ယခုဘဏ္ဍာနှစ် Mini Budget မှ စတင်၍ ပြည်ပမှ စားသုံးဆီတင်သွင်းခြင်းကို လျှော့ ချနိုင်ရေးအတွက် အကန့်အသတ်ဖြင့် တင်သွင်းခြင်းကိုဆောင်ရွက်ခဲ့ကြောင်း၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောသည်။

 

#PeopleMedia

 

(unicode)


…………………………………….

 


 


 


 


 


 

#PeopleMedia


Share this post