• Follow Us on

Home စိတ္ဆႏၵ႐ွိေသာဘဂၤါလီမ်ားကိုသာ ဘာ႐ွန္ခ်ားကၽြန္းသို႔ေျပာင္းရန္ ကုလသမဂၢတိုက္တြန္း

စိတ္ဆႏၵ႐ွိေသာဘဂၤါလီမ်ားကိုသာ ဘာ႐ွန္ခ်ားကၽြန္းသို႔ေျပာင္းရန္ ကုလသမဂၢတိုက္တြန္း

Share this post

ဒါကာ၊ ဒီဇင္ဘာ ၃
 
လူသူႁပြတ္ၾကပ္ေနသည့္ ေကာ့က္စ္ဘဇား႐ွိဒုကၡသည္စခန္းမ်ားမွ ဘာ႐ွန္ခ်ားကၽြန္းသို႔ ဘဂၤါလီ (မူရင္းတြင္ ႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကိုေ႐ႊ႕ေျပာင္းရာတြင္ ခိုင္လံုတိက်ၿပီး အခ်ိန္ႏွင့္တေျပးညီသတင္းအခ်က္အ လက္မ်ားကိုအေျခခံကာ လြတ္လပ္စြာဆံုးျဖတ္ခြင့္ေပးသင့္ေၾကာင္း ဒါကာၿမိဳ႕႐ွိ ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာ ကုလသမဂၢ႐ံုးက ဗုဒၶဟူးေန႔တြင္ထုတ္ျပန္သည္။
 
ေနရာေျပာင္းေ႐ႊ႕ရန္ျပင္ဆင္မႈႏွင့္ ဒုကၡသည္မ်ားကိုအေထာက္အထား႐ွာေဖြမႈတို႔တြင္ ပါ၀င္ခဲ့ျခင္းမ႐ွိ ေၾကာင္းႏွင့္ ေ႐ႊ႕ေျပာင္းမႈအေပၚ သတင္းအခ်က္အလက္အကန္႔အသတ္ျဖင့္သာရထားေၾကာင္း ကုလ သမဂၢက ထုတ္ျပန္သည္။
 
လာမည့္ရက္ပိုင္းအတြင္း ဘာ႐ွန္ခ်ားကၽြန္းသို႔ ဘဂၤါလီမ်ားကို ကနဦးေ႐ႊ႕ေျပာင္းမည့္အစီအစဥ္ကိုသိ႐ွိထား ေၾကာင္းလည္း ေျပာသည္။
 
ေ႐ႊ႕ေျပာင္းရာတြင္ စိတ္ဆႏၵ႐ွိမွသာ ဆက္လုပ္သြားမည္ဟု ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနကေျပာ ထားသည္။
 
ဘာ႐ွန္ခ်ားကၽြန္းေပၚတြင္ ဘဂၤလားေဒ့႐ွ္ေရတပ္က ေနထိုင္စရာမ်ားတည္ေဆာက္ေပးၿပီး ဘဂၤါလီ ၁ သိန္းေက်ာ္ေ႐ႊ႕ေျပာင္းေနရာခ်ရန္စီစဥ္ထားသည္။
 
Ref : UN for wilful Rohingya relocation to Bhasan Char
 
#PeopleMedia
 
(unicode)
စိတ်ဆန္ဒရှိသောဘင်္ဂါလီများကိုသာ ဘာရှန်ချားကျွန်းသို့ပြောင်းရန် ကုလသမဂ္ဂတိုက်တွန်း
…………………………………………….
 
ဒါကာ၊ ဒီဇင်ဘာ ၃
 
လူသူပြွတ်ကြပ်နေသည့် ကော့က်စ်ဘဇားရှိဒုက္ခသည်စခန်းများမှ ဘာရှန်ချားကျွန်းသို့ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြ)များကိုရွှေ့ပြောင်းရာတွင် ခိုင်လုံတိကျပြီး အချိန်နှင့်တပြေးညီသတင်းအချက်အ လက်များကိုအခြေခံကာ လွတ်လပ်စွာဆုံးဖြတ်ခွင့်ပေးသင့်ကြောင်း ဒါကာမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်သည်။
 
နေရာပြောင်းရွှေ့ရန်ပြင်ဆင်မှုနှင့် ဒုက္ခသည်များကိုအထောက်အထားရှာဖွေမှုတို့တွင် ပါဝင်ခဲ့ခြင်းမရှိ ကြောင်းနှင့် ရွှေ့ပြောင်းမှုအပေါ် သတင်းအချက်အလက်အကန့်အသတ်ဖြင့်သာရထားကြောင်း ကုလ သမဂ္ဂက ထုတ်ပြန်သည်။
 
လာမည့်ရက်ပိုင်းအတွင်း ဘာရှန်ချားကျွန်းသို့ ဘင်္ဂါလီများကို ကနဦးရွှေ့ပြောင်းမည့်အစီအစဉ်ကိုသိရှိထား ကြောင်းလည်း ပြောသည်။
 
ရွှေ့ပြောင်းရာတွင် စိတ်ဆန္ဒရှိမှသာ ဆက်လုပ်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြော ထားသည်။
 
ဘာရှန်ချားကျွန်းပေါ်တွင် ဘင်္ဂလားဒေ့ရှ်ရေတပ်က နေထိုင်စရာများတည်ဆောက်ပေးပြီး ဘင်္ဂါလီ ၁ သိန်းကျော်ရွှေ့ပြောင်းနေရာချရန်စီစဉ်ထားသည်။
 
Ref : UN for wilful Rohingya relocation to Bhasan Char
 
#PeopleMedia

Share this post