• Follow Us on

Home စိတ္တရကျေးရွာဖြစ်စဉ်၌ သေဆုံးသူ ကျေးရွာအုပ်ချုပ်ရေးမှူးသည် AA အကြမ်းဖက်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည်ဟု တပ်မတော် သတင်းထုတ်ပြန်


Share this post

ရန်ကုန် ဒီဇင်ဘာ ၁၉


ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင် သေဆုံးမှု နှင့် ပတ်သက်၍ တပ်မတော်အား ဂုဏ်သိက္ခာကျဆင်းစေရန် ကောလဟဟ သတင်းမျိုးရေးသားဖြန့်ဝေခြင်း ပြောဆိုချင်းစသည့် လုပ်ဆောင်များကို လုပ်ဆောင်လျက်ရှိကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင် နှင့် ဦးဉာဏ်သိန်း သေဆုံးခြင်း ကိစ္စအား စုံစမ်းစစ်ဆေးရာတွင် သေဆုံးသူ သိမ်းဆည်းထားသည့် မှတ်တမ်းများကို ဖော်ထုတ်ချက်အရ အထက်ပါကဲ့သို့ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်မှုတွင် ပါဝင်ချက်အရ သိရသည်။

အဆိုပါ ကဲ့သို့ စစ်ဆေးရာတွင် AA လက်နက်ကိုင် အဖွဲ့ပြုလုပ်သော စစ်ရေးပြအခမ်းအနား ၁ ခုတွင် သေဆုံးသူသည် အေအေ လက်နက်ကိုင်အဖွဲူ့ခေါင်းဆောင် ထွန်းမြတ်နိုင်၏ ရှေ့ဆောင်ဓားကိုင်အဖြစ် ပါဝင်သည့် မှတ်တမ်း ဓာတ်ပုံအား သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့ပြီး သေဆုံးသူသည် AA အဖွဲ့ဝင် အရာရှိတစ်ဦးဖြစ်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်လုပ်ဆောင်ကာ တစ်ဖက်တွင်လည်း တပ်မတော် လမ်းကြောင်းများ AA ထံ သတင်းပေးမှုများကိုလည်း လုပ်ဆောင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။


#Peoplemedia #AA

(unicode)
စိတ္တရကျေးရွာဖြစ်စဉ်၌ သေဆုံးသူ ကျေးရွာအုပ်ချုပ်ရေးမှူးသည် AA အကြမ်းဖက်အဖွဲ့၏ အဖွဲ့၀င်ဖြစ်သည်ဟု တပ်မတော် သတင်းထုတ်ပြန်
……………………………………………….
ရန်ကုန် ဒီဇင်ဘာ ၁၉

ပြီးခဲ့သည့် ရက်ပိုင်းက တပ်မတော် နှင့် AA လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာဖြစ်စဉ်တွင် သေဆုံးခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်သည် AA လက်နက်ကိုင်အဖွဲ့၏ အဖွဲ့၀င်တစ်ဦးဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဒီဇင်ဘာ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင် သေဆုံးမှု နှင့် ပတ်သက်၍ တပ်မတော်အား ဂုဏ်သိက္ခာကျဆင်းစေရန် ကောလဟဟ သတင်းအမျိုးရေးသားဖြန့်ဝေခြင်း ပြောဆိုချင်းစသည့် လုပ်ဆောင်များကို လုပ်ဆောင်လျက်ရှိကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင် နှင့် ဦးဉာဏ်သိန်း သေဆုံးခြင်း ကိစ္စအား စုံစမ်းစစ်ဆေးရာတွင် သေဆုံးသူ သိမ်းဆည်းထားသည့် မှတ်တမ်းများကို ဖော်ထုတ်ချက်အရ အထက်ပါကဲ့သို့ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်မှုတွင် ပါ၀င်ချက်အရ သိရသည်။

အဆိုပါ ကဲ့သို့ စစ်ဆေးရာတွင် AA လက်နက်ကိုင် အဖွဲ့ပြုလုပ်သော စစ်ရေးပြအခမ်းအနား ၁ ခုတွင် သေဆုံးသူသည် အေအေ လက်နက်ကိုင်အဖွဲ့ ူခေါင်းဆောင် ထွန်းမြတ်နိုင်၏ ရှေ့ဆောင်ဓားကိုင်အဖြစ် ပါ၀င်သည့် မှတ်တမ်း ဓာတ်ပုံအား သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့ပြီး သေဆုံးသူသည် AA အဖွဲ့၀င် အရာရှိတစ်ဦးဖြစ်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်လုပ်ဆောင်ကာ တစ်ဖက်တွင်လည်း တပ်မတော် လမ်းကြောင်းများ AA ထံ သတင်းပေးမှုများကိုလည်း လုပ်ဆောင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာဖြစ်စဉ်တွင် သေဆုံးခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်အား ဓာတ်ပုံမှတ်တမ်းများ နှင့် တိုက်ဆိုင်စစ်ဆေးခဲ့သည့်အပြင် မင်းပြားမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားသည့် မောင်မောင်သန်း (ဘ)ဦးထွန်းအေးကြိုင် အပါအ၀င် မသင်္ကာဖွယ်အမျိုးသား ၇ ဦးအား စစ်ဆေးရာတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင်သည် AA အဖွဲ့၀င် တစ်ဦးဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

#Peoplemedia #AA


Share this post