• Follow Us on

Home ဆရာတော် ဦးဝီရသူ ရုံးထုတ်စစ်ဆေးပေးရန် အင်းစိန်ထောင်ရှေ့၌ ဆန္ဒပြသည့် ဘုန်းကြီးနှစ်ပါးနှင့် လူနှစ် ယောက်ကို ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆို

ဆရာတော် ဦးဝီရသူ ရုံးထုတ်စစ်ဆေးပေးရန် အင်းစိန်ထောင်ရှေ့၌ ဆန္ဒပြသည့် ဘုန်းကြီးနှစ်ပါးနှင့် လူနှစ် ယောက်ကို ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆို

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံရသော ဦးဝီရသူကို ရုံးထုတ်စစ်ဆေးဖို့ အင်းစိန်ထောင်ရှေ့၌ ဆန္ဒပြခဲ့ရာတွင် ဦးဆောင်ခဲ့သည့် ဘုန်းကြီးနှစ်ပါးနှင့် လူနှစ်ယောက်ကို အမှုဖွင့်ထားတယ်လို့ ဦးပညာဝံသ (အမျိုးသားရေးတတ်ကြွလှုပ်ရှားသူအဖွဲ့- တရားစွဲဆိုခံရသည့် ဆရာတော်)က မိန့်ပါတယ်။ အင်းစိန်ထောင်ရှေ့တွင်ဆန္ဒပြခဲ့သော အမျိုးသားရေးတတ်ကြွလှုပ်ရှားရေးအဖွဲ့မှ ဦးအဂ္ဂတဇ၊ ဦးပညာဝံသနဲ့ ဦးသက်မျိုးဦးတို့ကို ပုဒ်မ(၂၀) တရားဆွဲဆိုထားတာဖြစ်ပြီး၊ ဦးဝင်းဌေးကိုတော့ ပုဒ်မ(၂၀)၊ ပုဒ်မ(၃၃၂)နဲ့ ပုဒ်မ(၃၅၃)တို့နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။ အမျိုးသားရေးတတ်ကြွလှုပ်ရှားသူ ဦးပညာဝံသက “အင်းစိန်ထောင်ရှေ့မှာ ငြိမ်းချမ်းစွာ စာလည်းတင်တယ်၊ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်၊ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးအရပြတာကို ဒီလိုအကြမ်းဖက်တာကတော့ ဒီမိုကရေစီမဆန်ဘူး၊ အဏာရှင်ဆန်တယ်” ဟု People Media ကို မိန့်ပါတယ်။ ထို့အပြင် အမျိုးသားရေးတတ်ကြွလှုပ်ရှာရေးအဖွဲ့မှ ဦးဆောင်သူ ဦးပညာဝံသက ဆက်လက်မိန့်ရာမှာတော့ “ရဲတွေကြောင့်လည်း သံဃာတွေရော၊ လူတွေရောပါ၊ အထိုးခံရတာရှိတယ်၊ တွန်းခံရတာရှိတယ်၊ ပြစ်လှဲခံရ တာရှိတယ်၊ ဒဏ်ရာအပြင်းအထန် မရသော်လည်းပဲ အနည်းငယ် ထိခိုက်မှုတော့ ရှိခဲ့တယ်” လို့ ၎င်းက မိန့် ကြားခဲ့ပါတယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)နဲ့ အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရတဲ့ ဦးဝီရသူနဲ့ ပက် သက်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း လူ့အခွင့်အရေးကြေညာစာတန်းပါအချက်များကို လိုက်နာရန် အနောက်ပိုင်းခရိုင်တရားရုံးမှာ သံဃာတော်များနှင့် ဝန်းရံသူအချို့က တောင်းဆိုခဲ့ကြပါတယ်။
#PeopleMedia #ဦးပညာဝံသ
(unicode)
…………………………………………………………
 
 
 
 
 
 
 

Share this post