• Follow Us on

Home မြန်မာနယ်စပ်တွင် ဒေါ်လာ ၁.၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိဟု ဘင်္ဂလားဒေ့ရှ်ပြော

မြန်မာနယ်စပ်တွင် ဒေါ်လာ ၁.၈ သန်းတန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိဟု ဘင်္ဂလားဒေ့ရှ်ပြော

Share this post

ဒါကာ၊ ဇန်နဝါရီ ၁၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တနင်္ဂနွေနေ့က မြန်မာနယ်စပ်တွင် အာရုဏ်မတက်ခင် စီးနင်းမှုတခုအတွင်း အမေရိကန်ဒေါ်လာ ၁.၈ သန်း တန်ဖိုးရှိ မူးယစ်ဆေးများကို ဘင်္ဂလားဒေ့ရှ်နယ်စပ်လုံခြုံရေးအဖွဲ့များက ဖမ်းဆီးရမိသည်။
သတင်းအရ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့(BGB)က နတ်မြစ်အတွင်း သံသယရှိသည့်သင်္ဘောတစင်းကို ဝင်ရောက်စီးနင်းခဲ့သည်။
မူးယစ်ဆေးကုန်ကူးသူများက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ထွက်ပြေးခဲ့သော်လည်း ယာဘမူးယစ်ဆေးပြား အမြောက်အမြားကိုချန်ထားခဲ့ကြောင်း BGB ထုတ်ပြန်ချက်တွင်ပါဝင်ပြီး သင်္ဘောပေါ်တွင် လူ ၄ ယောက်ခန့်ပါလာကြောင်းလည်းပြောသည်။
ဘင်္ဂလားဒေ့ရှ်ပြည်တွင်းဈေးကွက်တွင် ဒေါ်လာ ၁.၇၆၄ သန်းတန်းဖိုးရှိ ယာဘဆေးပြား ၅၂၀၀၀၀ နှင့်အတူ ရိုင်ဖယ်သေနတ်တလက်၊ ကျည်ဆန်များနှင့် ဓားများကိုလည်း သိမ်းဆည်းရမိခဲ့ပြီး အမှုဖွင့်ထားသည့်အပြင် မူးယစ်ဆေးကုန်ကူးသူများကိုလည်း ရှာဖွေနေသည်။
နတ်မြစ်သည် တရားမဝင်ကုန်ကူးသူများနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်ကောင်များအတွက် နေရာကောင်း တခုဖြစ်လာပြီး ဇန်နဝါရီ ၁၂ ရက်နှင့် ၁၇ ရက်ကြား ထိုနေရာတွင် ဘင်္ဂလားဒေ့ရှ်ပြည်တွင်းဈေးကွက်သို့ တင်သွင်းမည့် ယာဘဆေးပြား ၁ သန်းကျော်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၃.၃ သန်းကိုဖမ်းမိခဲ့သည်။
ယာဘဆေးပြားသုံးစွဲမှုနှင့်ကုန်ကူးမှုတို့ကိုဆန့်ကျင်သည့်အားထုတ်ကြိုးစားမှုများရှိသော်လည်း မကြာသေးခင် နှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်လူငယ်များအကြား သုံးစွဲမှုမြင့်တက်နေသည်။
Ref : Bangladesh: Drugs worth $1.8M seized on Myanmar border
#PeopleMedia
(unicode)
………………………………………………
Ref : Bangladesh: Drugs worth $1.8M seized on Myanmar border
#PeopleMedia


Share this post