• Follow Us on

Home ဆီရီးယားနိုင်ငံတွင် နိုင်ငံခြားတပ်များ ဆက်လက်တည်ရှိနေခြင်းမှာ ပြဿနာတစ်ရပ်ဟု ပူတင်ပြော

ဆီရီးယားနိုင်ငံတွင် နိုင်ငံခြားတပ်များ ဆက်လက်တည်ရှိနေခြင်းမှာ ပြဿနာတစ်ရပ်ဟု ပူတင်ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၄ (People Media)

 

ဆီရီးယားနိုင်ငံတွင် နိုင်ငံအာဏာပိုင်များခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံမှတပ်ဖွဲ့ဝင်များ ဆက်လက်တည်ရှိနေခြင်း မှာ ပြဿနာတစ်ရပ်ဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဆီးရီးယားသမ္မတဘရှားအာဆတ်နှင့်တွေ့ဆုံ စဉ်အတွင်း ပြောကြားလိုက်သည်။

 

ရုရှားနိုင်ငံ ကရင်မလင်နန်းတော်တွင် သြဂုတ်လ ၁၃ ရက်နေ့က ကျင်းပခဲ့သည့် အဆိုပါတွေ့ဆုံပွဲသတင်းကို ရုရှားသမ္မတဝက်ဆိုက်တွင် သြဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

 

“ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ ခွင့်ပြုချက်မရှိဘဲ၊ မိတ်ဆွေတို့တိုင်းပြည်ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံကတပ်ဖွဲ့ဝင် တွေ တိုင်းပြည်ထဲမှာ ဆက်လက်တည်ရှိနေတာဟာ အဓိကပြဿနာပဲလို့ ကျွန်တော်တော့မြင်မိပါတယ်။ ဒီလို နိုင်ငံခြားတပ်တွေရှိနေတာဟာ နိုင်ငံတကာဥပဒေတွေနဲ့မညီသလို ဆီးရီးယားတစ်နိုင်ငံလုံးကို တရားဝင်အစိုးရ ကထိန်းချုပ်ပြီး ဆီးရီးယားနိုင်ငံ ပြန်လည်ထူထောင်ဖို့နဲ့ စည်းလုံးညီညွတ်ရေးဆောင်ရွက်ဖို့အတွက် အကောင်း ဆုံး ကြိုးပမ်းဆောင်ရွက်ရာမှာ အဟန့်အတားဖြစ်နေတာပါပဲ။” ဟု ပူတင်ကပြောသည်။

 

အချို့နေရာများတွင် အကြမ်းဖက်သမားများကဆက်လက်ခုခံနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက်သမားများအနေ ဖြင့် နယ်မြေအချို့ကို မထိန်းချုပ်နိုင်သော်လည်း အရပ်သားများအပေါ် အကြမ်းဖက်မှုများဆက်လက်ကျူးလွန် ဆဲဖြစ်ကြောင်း ဆီးရီးယားသမ္မတအာဆတ်ကပြောသည်။

 

“ဘာပဲပြောပြော ဒုက္ခသည်တွေကတော့ လွတ်မြောက်နယ်မြေတွေကို ပြန်လည်ဝင်ရောက်နေပါပြီ။ မိတ်ဆွေတို့ ဖိတ်ကြားမှုအရ ကျွန်တော်အလည်အပတ်ရောက်ရှိခဲ့တုန်းက ဒေသခံလူထုတွေ သူတို့အိမ်တွေကို ပြန်ဆောက် နေတာတွေ၊ သူတို့ဘဝတွေကို ပြန်လည်တည်ဆောက်နေတာတွေကို ကျွန်တော်မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ပြီးပါ ပြီ။” ဟု ရုရှားသမ္မတပူတင်ကပြောသည်။

 

Ref: Putin refers to persisting presence of foreign troops in Syria as problem

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 

Ref: Putin refers to persisting presence of foreign troops in Syria as problem

 

#PeopleMedia


Share this post