• Follow Us on

Home ဇာပက်စစ်ရေးလေ့ကျင့်မှုမတိုင်မီ ဘော်လ်တစ်ဒေသဆက်ဆံရေးတင်းမာမှုကို နေတိုးအကြီးအကဲ ထောက်ပြ

ဇာပက်စစ်ရေးလေ့ကျင့်မှုမတိုင်မီ ဘော်လ်တစ်ဒေသဆက်ဆံရေးတင်းမာမှုကို နေတိုးအကြီးအကဲ ထောက်ပြ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၁ (People Media)

 

ဘယ်လာရုစ်နိုင်ငံသည် လာမည့်လတွင်ကျင်းပမည့် ဇာပက် ၂၀၂၁ စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ဆင်နွှဲရန် ရုရှား နိုင်ငံနှင့် ပူးပေါင်းလိုက်သည့်အတွက် မဟာမိတ်တပ်ဖွဲ့အနေဖြင့် မဟာမိတ်အဖွဲ့ဝင် လစ်သူယေးနီးယားနိုင်ငံ အ ပေါ် ဘယ်လာရုစ်နိုင်ငံက ပြုလုပ်နေသည့် “နည်းပေါင်းစုံစစ်ဆင်ရေးလှုပ်ရှားမှုများ” ကို အနီးကပ်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း နေတိုးအဖွဲ့၏အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စ်စတိုလ်တန်းဘာ့ဂ်က ပြောလိုက်သည်။

 

ဘယ်လာရုစ်၏အပြုအမူနှင့်ပတ်သက်၍ ၎င်းနှင့် လစ်သူယေးနီးယားသမ္မတ ဂီတာနက်စ်နူဆီဒါတို့ ဆွေးနွေးခဲ့ ကြကြောင်း ဂျန်စ်စတိုလ်တန်းဘာ့ဂ်က ပြောသည်။ “နေတိုးအဖွဲ့က အခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ နောက်ပြီး ကျွန်တော်တို့မဟာမိတ်နိုင်ငံကို ဘယ်လိုအကူအညီပေးရမလဲဆိုတာရယ်၊ ဒေသတွင်းမှာ ဘေးကင်း လုံခြုံရေးနဲ့ လုံခြုံမှုတွေကို ဘယ်လိုထိန်းသိမ်းဆောင်ရွက်သွားမလဲဆိုတာရယ် စဉ်းစားနေပါတယ်” ဟု သြဂုတ် လ ၉ ရက်နေ့တွင် စတိုလ်တန်းဘာ့ဂ်က ပြောသည်။

 

အီရတ်၊ အီရန်နှင့် ဆီးရီးယားမှ ရွှေ့ပြောင်းအခြေချသူများအပါအဝင် တရားမဝင်ရွှေ့ပြောင်းသူများအား လစ်သူ ယေးနီးယားနိုင်ငံငယ်လေးအတွင်းသို့ရောက်ရှိအောင်ဆောင်ရွက်နေသည့် ဘယ်လာရုစ်အစိုးရ၏လုပ်ရပ်ကို လစ်သူယေးနီးယားအရာရှိများနှင့် အနောက်တိုင်းလေ့လာဆန်းစစ်သူများက သီတင်းပတ်ပေါင်းများစွာကြာ အောင်ထောက်ပြခဲ့ပြီးဖြစ်သည်။

 

တအုံနွေးနွေးဖြစ်နေသော လိပ်ခဲတည်းလည်းအခြေအနေမှာ ဇာပက်စစ်ရေးလေ့ကျင့်မှုအတွက် အန္တရာယ်ရှိ သော ဆက်စပ်စဉ်စားရမည့်အခြေအနေဖြစ်ကြောင်း ဆန်းစစ်လေ့လာသူများကပြောသည်။ ရုရှားစစ်သည် ၂၅၀၀ အပါအဝင် တပ်ဖွဲ့ဝင်အင်အား ၁၂,၈၀၀ ဘယ်လာရုစ်နိုင်ငံတွင် စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၆ ရက် နေ့ အထိ စစ်ရေးလေ့ကျင့်မည့်အစီအစဉ်နှင့် ဆက်စပ်စဉ်းစားရမည်ဖြစ်ကြောင်း လေ့လာသူများကပြောသည်။

 

စစ်ရေးလေ့ကျင့်မှုသည် နေတိုးနှင့် ဥရောပအတွက် မည်သည့်ခြိမ်းခြောက်မှုမှမဟုတ်ကြောင်း၊ စစ်ရေးလေ့ကျင့် မှု၏အနာဂတ်မျှော်မှန်းချက်မှာ တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ခွဲထွက်ရေးဝါဒီများနှင့် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းများကြောင့် ဖြစ်ပွားလာမည့် ပဋိပက္ခမှ ပေါ်ထွက်လာသော အကျပ်အတည်းအခြေအ နေပေါ် အခြေခံကြောင်း ဘယ်လာရုစ်ဗိုလ်ချုပ်ကြီး ဗစ်တာဂူလီဗစ်ချ်၏စကားကို ကိုးကား၍ ရုရှားအရာရှိများက ပြောသည်။

 

မကြာမီပြုလုပ်မည့်စစ်ရေးလေ့ကျင့်မှုတွင် တင့်ကား ၁၄၀ စီး၊ အမြောက်နှင့် အတွဲလိုက်ပစ်ဒုံးကျည် ၁၁၀ လက် နှင့် လေယာဉ်နှင့် ရဟတ်ယာဉ် အစီးရေ ၃၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

Ref: NATO chief flags Baltic tensions ahead of Zapad military drill

 

#PeopleMedia #International

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 

Ref: NATO chief flags Baltic tensions ahead of Zapad military drill

 

#PeopleMedia #International


Share this post