• Follow Us on

Home ဇီးကုန်းမြို့တိုးဂိတ် ဗုံးပစ်သွင်းခံရပြီး ရဲဝန်ထမ်းနှစ်ဦး ကျဆုံး၊ နှစ်ဦးဒဏ်ရာရရှိ

ဇီးကုန်းမြို့တိုးဂိတ် ဗုံးပစ်သွင်းခံရပြီး ရဲဝန်ထမ်းနှစ်ဦး ကျဆုံး၊ နှစ်ဦးဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၁ (People Media)

 

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ ဇီးကုန်းမြို့တိုးဂိတ်သည် အောက်တိုဘာ ၁၀ ရက်နေ့ ည ၁၁ နာရီခန့်က ဗုံးပစ်သွင်းခံခဲ့ရသည်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် လေးဦးအနက် ရဲတပ်သား သြင်္ကန်အောင်နှင့် ရဲတပ်သား ဝင်းမော်ဦးမှာ ပေါက်ကွဲမှုဒဏ်ရာများဖြင့် ကျဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ ဆေးရုံသို့ ပို့ထားရကြောင်း သိရသည်။

 

“တစ်ယောက်ကတော့ ညတုန်းက ဖြစ်တဲ့နေရာမှာပဲ သေတယ်။ နောက်တစ်ယောက်တော့ ခုမနက်ကျမှာပဲ ထပ်သေပါတယ်” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင်း လက်လုပ်ဗုံးဟု ယူဆရသည့်အပိုင်းအစများကိုလည်း တွေ့ရှိခဲ့ရ ကြောင်း ဒေသခံများထံမှ သိရသည်။

 

Photo – credit

 

#PeopleMedia #ဇီးကုန်း

 

(unicode)


……………………………………………………………………

 


 


 


 


 


 

Photo – credit

 



Share this post