• Follow Us on

Home ဇီးကုန်းမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

ဇီးကုန်းမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

Share this post

ပဲခူး၊ ဒီဇင်ဘာ ၁၅ (People Media)

 

ဒီဇင်ဘာ ၁၄ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ မှော်ရကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် နေအိမ်၌ ရှိနေစဉ် သေနတ်သမားများက လာရောက် လုပ်ကြံသတ်ဖြတ်ခဲ့သည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၉ နာရီအချိန်က မှော်ရကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးတင်ငွေသည် ၎င်း ၏ နေအိမ်ရှိရာ ထန်းတပင်ကျေးရွာ၌ရှိနေစဉ် အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်သည်။

 

“မနေ့ကညကဖြစ်တာ သေနတ်သံ ၆ ချက် ၇ ချက်လောက်တော့ကြားရတယ်” လို့ ဒေသခံတစ်ဦးက ပြောဆို သည်။

 

လက်ရှိအချိန်၌ ပဲခူးတိုင်းဒေသကြီးရှိ အုပ်ချုပ်ရေးအဖွဲ့များ ပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်ကြံခံရမှုများ ဖြစ်ပေါ် လျက်ရှိသည်။

 

#PeopleMedia #ဇီးကုန်း

 

(unicode)


………………………………………………….

 


 


 


 


 


 



Share this post