• Follow Us on

Home ဇွဲကပင်တောင်တန်းပေါ်သို့ ဘုရားဖူးတတ်သည့် အမျိုးသားတစ်ဦး အမောဖောက်၍ သေဆုံး

ဇွဲကပင်တောင်တန်းပေါ်သို့ ဘုရားဖူးတတ်သည့် အမျိုးသားတစ်ဦး အမောဖောက်၍ သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ ဇွဲကပင်တောင်တန်းပေါ်သို့ ဘုရားဖူးရန်တောင်တတ်လမ်းသို့ မိသား စုနှင့်အတူ တောင်တတ်ရင်း အမောဖောက်ပြီး သေဆုံးသွားကြောင်း သိရပါတယ်။

 

ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဇွဲကပင် တောင် ကရင်မောင်နှမနတ်နန်းအနီးတွင် အမျိုးသားတစ်ဦးရုတ်တရက် အမောဖောက်ပြီးသေဆုံးသွားကြောင်း သိရပါတယ်။

 

ထိုသေဆုံးသည့် အမျိုးသားမှာ အသက် (၅၆) နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဘားအံမြို့နယ်၊ လှာကော်ကျေး ရွာတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရပါတယ်။

 

ယင်းဖြစ်စဉ်နေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ ဘားအံမြို့နယ်အသင်း ဝင်များ၊ မာဃ(လူမှုကယ်ဆယ်ရေးအဖွဲ့)၊ ပေးဆပ်သူ(လူမှုကယ်ဆယ်ရေးအဖွဲ့) ဘဝမီးအိမ်လူမှုကယ်ဆယ် ရေးအသင်းနှင့် မေတ္တာစေတနာ(လူမှုကယ်ဆယ်ရေးအသင်း) တို့မှ တောင်ပေါ်မှ တောင်အောက်သို့ ရုပ်အ လောင်းကို သယ်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia

 

(unicode)


………………………………………………….

 


 


 


 


 


 

Photo – Credit

 

#PeopleMedia


Share this post