• Follow Us on

Home မတ်လ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ တက္ကသိုလ်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဓာတ်အားထုတ်လုပ်မှုတိုးမြှင့်မည်လို့ကြေညာ

မတ်လ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ တက္ကသိုလ်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဓာတ်အားထုတ်လုပ်မှုတိုးမြှင့်မည်လို့ကြေညာ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

မတ်လ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ တက္ကသိုလ်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဓာတ်အားထုတ်လုပ်မှုတိုးမြှင့်မည်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ကြေညာထားပါတယ်။

 

မတ်လ ၈ ရက်နေ့မှ ၁၈ နေ့အထိ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်ပမည်ဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ညပိုင်းစာကြည့်ချိန်အတွင်း ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုမမျှတပါက ဓာတ်အားပြတ် တောက်မှုများဖြစ်ပေါ်လာနိုင်သောကြောင့် မတ်လ ၁ ရက်နေ့မှ ၂၀ ရက်နေ့ထိ အများပြည်သူများ သုံးစွဲနေ သည့် လျှပ်စစ်ဓာတ်အားကို ရပ်ကွက်၊ ကျေးရွာအတွင်းရှိ စီးပွားရေးနှင့်စက်မူ လက်မှုလုပ်ငန်းများမှာ ညနေ ၅ နာရီမှ ၁၀ နာရီအထိ ကန့်သတ်ချိန်အတွင်းဌာနမှဖြန့်ဖြူးထားသည့် လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းသုံးဆောင် ရွက်ခြင်းမပြုရန် ကြေညာထားပါတယ်။

 

ထိုကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးထားသည့် လျှပ်စစ်ဓာတ်အားကို လုပ်ငန်းဆောင်ရွက်ကြောင်း စစ်ဆေး တွေ့ရှိပါက အုပ်ချုပ်မှုနည်းလမ်းဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ကြေညာထားပါတယ်။

 

#PeopleMedia

 

(unicode)


…………………………………………………

 


 


 


 


 

#PeopleMedia


Share this post