• Follow Us on

Home တစ္ေတာ့ကိုေဒါင္းလုတ္လုပ္ခြင့္ပိတ္ပင္မႈယာယီရပ္ဆိုင္းရန္ အေမရိကန္တရားသူႀကီးအမိန္႔ခ်

တစ္ေတာ့ကိုေဒါင္းလုတ္လုပ္ခြင့္ပိတ္ပင္မႈယာယီရပ္ဆိုင္းရန္ အေမရိကန္တရားသူႀကီးအမိန္႔ခ်

Share this post

၀ါ႐ွင္တန္၊ စက္တင္ဘာ ၂၈
 
အနာဂတ္တြင္ တစ္ေတာ့အက္ပလီေကး႐ွင္းေဒါင္းလုတ္ျပဳလုပ္ခြင့္မရေစရန္ပိတ္ပင္မႈကိုတားျမစ္သည့္ ယာယီအမိန္႔ကို အေမရိကန္တရားသူႀကီးတစ္ေယာက္က ထုတ္ျပန္လိုက္သည္။
 
တနဂၤေႏြေန႔ည ၁၁ နာရီ ၅၉ မိနစ္မွစ၍ ဂူဂယ္ပေလးစတိုးႏွင့္ အက္ပဲအက္ပလီေကး႐ွင္းစတိုးတို႔မွဖယ္႐ွားရန္ ယခင္က အမိန္႔ထုတ္ထားျခင္းျဖစ္သည္။
 
လက္႐ွိအေမရိကန္မွအသံုးျပဳသူမ်ား ဆက္လက္အသံုးျပဳႏိုင္မည္ျဖစ္ေသာ္လည္း ဖုန္းမွအက္ပလီေကး႐ွင္းကိုဖ်က္မိပါက ျပန္လည္ေဒါင္းလုတ္ရယူႏိုင္မည္မဟုတ္သည့္အျပင္ ေဆာ့ဖ္၀ဲအဆင့္ျမွင့္တင္မႈမ်ားလည္းျပဳလုပ္ႏိုင္မည္မဟုတ္ေခ်။
 
ကိုလံဘီယာခ႐ိုင္တရား႐ံုးမွ တရားသူႀကီး ကားလ္ နစ္ကိုလပ္စ္က တစ္ေတာ့၏ေတာင္းဆိုခ်က္အရ ယာယီတားျမစ္မိန္႔ထုတ္ေပးျခင္းျဖစ္သည္။
 
တားျမစ္ရသည့္အေၾကာင္းရင္းကို ထုတ္ျပန္ျခင္းမ႐ွိေခ်။
 
ဆံုးျဖတ္ခ်က္အတြက္ ၀မ္းေျမာက္မိေၾကာင္း တစ္ေတာ့ကေျပာၿပီး အခြင့္အေရးဆက္လက္ကာကြယ္သြားမည္ဟု ကတိျပဳသည္။
 
အက္ပလီေကး႐ွင္း၏မိခင္ကုမၸဏီသည္ တ႐ုတ္ျပည္ကြန္ျမဴနစ္ပါတီ၏ေျပာဆိုမႈမ်ားကိုေထာက္ခံေနသည္ဟု အေမရိကန္အစိုးရေ႐ွ႕ေနမ်ားက တံု႔ျပန္သည္။
 
ၿပီးခဲ့သည့္တစ္ပတ္က တ႐ုတ္အက္ပလီေကး႐ွင္းေနာက္တစ္ခုျဖစ္သည့္၀ီခ်က္ကိုလည္း အေမရိကန္တရား႐ံုးမ်ားက ယာယီသက္သာခြင့္ေပးၿပီးေနာက္ ယခုအမိန္႔ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
 
Ref : TikTok: US judge halts app store ban
 
#PeopleMedia
 
(Unicode)
တစ်တော့ကိုဒေါင်းလုတ်လုပ်ခွင့်ပိတ်ပင်မှုယာယီရပ်ဆိုင်းရန် အမေရိကန်တရားသူကြီးအမိန့်ချ
…………………………………………
 
၀ါရှင်တန်၊ စက်တင်ဘာ ၂၈
 
အနာဂတ်တွင် တစ်တော့အက်ပလီကေးရှင်းဒေါင်းလုတ်ပြုလုပ်ခွင့်မရစေရန်ပိတ်ပင်မှုကိုတားမြစ်သည့် ယာယီအမိန့်ကို အမေရိကန်တရားသူကြီးတစ်ယောက်က ထုတ်ပြန်လိုက်သည်။
 
တနင်္ဂနွေနေ့ည ၁၁ နာရီ ၅၉ မိနစ်မှစ၍ ဂူဂယ်ပလေးစတိုးနှင့် အက်ပဲအက်ပလီကေးရှင်းစတိုးတို့မှဖယ်ရှားရန် ယခင်က အမိန့်ထုတ်ထားခြင်းဖြစ်သည်။
 
လက်ရှိအမေရိကန်မှအသုံးပြုသူများ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သော်လည်း ဖုန်းမှအက်ပလီကေးရှင်းကိုဖျက်မိပါက ပြန်လည်ဒေါင်းလုတ်ရယူနိုင်မည်မဟုတ်သည့်အပြင် ဆော့ဖ်ဝဲအဆင့်မြှင့်တင်မှုများလည်းပြုလုပ်နိုင်မည်မဟုတ်ချေ။
 
ကိုလံဘီယာခရိုင်တရားရုံးမှ တရားသူကြီး ကားလ် နစ်ကိုလပ်စ်က တစ်တော့၏တောင်းဆိုချက်အရ ယာယီတားမြစ်မိန့်ထုတ်ပေးခြင်းဖြစ်သည်။
 
တားမြစ်ရသည့်အကြောင်းရင်းကို ထုတ်ပြန်ခြင်းမရှိချေ။
 
ဆုံးဖြတ်ချက်အတွက် ဝမ်းမြောက်မိကြောင်း တစ်တော့ကပြောပြီး အခွင့်အရေးဆက်လက်ကာကွယ်သွားမည်ဟု ကတိပြုသည်။
 
အက်ပလီကေးရှင်း၏မိခင်ကုမ္ပဏီသည် တရုတ်ပြည်ကွန်မြူနစ်ပါတီ၏ပြောဆိုမှုများကိုထောက်ခံနေသည်ဟု အမေရိကန်အစိုးရရှေ့နေများက တုံ့ပြန်သည်။
 
ပြီးခဲ့သည့်တစ်ပတ်က တရုတ်အက်ပလီကေးရှင်းနောက်တစ်ခုဖြစ်သည့်ဝီချက်ကိုလည်း အမေရိကန်တရားရုံးများက ယာယီသက်သာခွင့်ပေးပြီးနောက် ယခုအမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
 
Ref : TikTok: US judge halts app store ban
 
#PeopleMedia

Share this post