• Follow Us on

Home တစ္ႏိုင္ငံလံုးကို COVID-19 ကာကြယ္ေဆးထိုးေပးခ်င္ေၾကာင္း ဖိလစ္ပိုင္သမၼတေျပာ

တစ္ႏိုင္ငံလံုးကို COVID-19 ကာကြယ္ေဆးထိုးေပးခ်င္ေၾကာင္း ဖိလစ္ပိုင္သမၼတေျပာ

Share this post

မနီလာ၊ ေအာက္တိုဘာ ၁၅
ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး၀ယ္ယူရန္ အစိုးရတြင္ ေငြအလံုအေလာက္႐ွိေသာ္လည္း တစ္ႏိုင္ငံလံုးအတြက္ ေဆးထိုးေပးခ်င္သျဖင့္ ပို၍လိုအပ္ေၾကာင္း ဖိလစ္ပိုင္သမၼတ ႐ိုဒရီဂို ဒူတာေတးက ဗုဒၶဟူးေန႔တြင္ေျပာသည္။
လူဦးေရ ၁၁၃ သန္း႐ွိသည့္ဖိလစ္ပိုင္တႏိုင္ငံလံုးအတြက္ ကာကြယ္ေဆး၀ယ္ယူမည္ျဖစ္ေသာ္လည္း လူဆင္း ရဲမ်ား၊ ရဲမ်ားႏွင့္ တပ္မေတာ္သားမ်ားအတြက္ ဦးစားေပးသြားမည္ဟုလည္းေျပာသည္။
ခၽြင္းခ်က္မ႐ွိ ကာကြယ္ေဆးရရမည္ဟုလည္း ဒူတာေတးကေျပာသည္။
တ႐ုတ္ သုိ႔မဟုတ္ ႐ု႐ွားႏိုင္ငံမွ ကာကြယ္ေဆးမ်ားကို ပိုသေဘာက်ေၾကာင္းလည္းေျပာသည္။
တ႐ုတ္ႏိုင္ငံ႐ွိ ဆင္ႏိုဗက္ဇီ၀နည္းပညာကုမၸဏီႏွင့္ ႐ု႐ွားႏိုင္ငံမွ ဂါမာလီယာသုေတသနအင္စတီက်ဴ႕တို႔မွ သာမက အေမရိကန္ျပည္ေထာင္စု႐ွိ ဂၽြန္ဆင္အန္ဂၽြန္ဆင္ကုမၸဏီ၏ဂ်န္ဆန္မွထုတ္လုပ္ေသာ ကာကြယ္ ေဆးမ်ားကိုလည္း ဖိလစ္ပိုင္က ထည့္သြင္းစဥ္းစားေနသည္။
ဖိလစ္ပိုင္ႏိုင္ငံတြင္ အဂၤါေန႔က ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၁၉၁၀ ေယာက္ႏွင့္ ေသဆံုးသူ ၇၈ ေယာက္ထပ္တိုးခဲ့သျဖင့္ စုစုေပါင္း အတည္ျပဳလူနာ ၃၄၆၅၃၆ ေယာက္ႏွင့္ ေသဆံုးသူ ၆၄၄၉ ေယာက္႐ွိေနသည္။
ထိုပမာဏသည္ အေ႐ွ႕ေတာင္အာ႐ွတြင္ ကူးစက္ႏွင့္ေသဆံုးလူနာအမ်ားဆံုးျဖစ္သည္။
Ref : Duterte wants entire Philippine population vaccinated for COVID-19
#PeopleMedia
(unicode)
တစ်နိုင်ငံလုံးကို COVID-19 ကာကွယ်ဆေးထိုးပေးချင်ကြောင်း ဖိလစ်ပိုင်သမ္မတပြော
……………………………………………………
မနီလာ၊ အောက်တိုဘာ ၁၅
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဝယ်ယူရန် အစိုးရတွင် ငွေအလုံအလောက်ရှိသော်လည်း တစ်နိုင်ငံလုံးအတွက် ဆေးထိုးပေးချင်သဖြင့် ပို၍လိုအပ်ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
လူဦးရေ ၁၁၃ သန်းရှိသည့်ဖိလစ်ပိုင်တနိုင်ငံလုံးအတွက် ကာကွယ်ဆေးဝယ်ယူမည်ဖြစ်သော်လည်း လူဆင်း ရဲများ၊ ရဲများနှင့် တပ်မတော်သားများအတွက် ဦးစားပေးသွားမည်ဟုလည်းပြောသည်။
ချွင်းချက်မရှိ ကာကွယ်ဆေးရရမည်ဟုလည်း ဒူတာတေးကပြောသည်။
တရုတ် သို့မဟုတ် ရုရှားနိုင်ငံမှ ကာကွယ်ဆေးများကို ပိုသဘောကျကြောင်းလည်းပြောသည်။
တရုတ်နိုင်ငံရှိ ဆင်နိုဗက်ဇီဝနည်းပညာကုမ္ပဏီနှင့် ရုရှားနိုင်ငံမှ ဂါမာလီယာသုတေသနအင်စတီကျူ့တို့မှ သာမက အမေရိကန်ပြည်ထောင်စုရှိ ဂျွန်ဆင်အန်ဂျွန်ဆင်ကုမ္ပဏီ၏ဂျန်ဆန်မှထုတ်လုပ်သော ကာကွယ် ဆေးများကိုလည်း ဖိလစ်ပိုင်က ထည့်သွင်းစဉ်းစားနေသည်။
ဖိလစ်ပိုင်နိုင်ငံတွင် အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁၉၁၀ ယောက်နှင့် သေဆုံးသူ ၇၈ ယောက်ထပ်တိုးခဲ့သဖြင့် စုစုပေါင်း အတည်ပြုလူနာ ၃၄၆၅၃၆ ယောက်နှင့် သေဆုံးသူ ၆၄၄၉ ယောက်ရှိနေသည်။
ထိုပမာဏသည် အရှေ့တောင်အာရှတွင် ကူးစက်နှင့်သေဆုံးလူနာအများဆုံးဖြစ်သည်။
Ref : Duterte wants entire Philippine population vaccinated for COVID-19

Share this post