• Follow Us on

Home တနိုင္းေဒသရွိ တိုက္ပြဲေရွာင္စခန္းမ်ား အတြင္း မဲေပးနိုင္မည့္ လူဦးေရ ၂၀၀ခန့္ ရွိ

တနိုင္းေဒသရွိ တိုက္ပြဲေရွာင္စခန္းမ်ား အတြင္း မဲေပးနိုင္မည့္ လူဦးေရ ၂၀၀ခန့္ ရွိ

Share this post

တနိုင္း၊ ၾသဂုတ္လ ၁၂

တနိုင္းၿမိဳ႕နယ္ရွိ IDP Camp မ်ားတြင္ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲေပးနိုင္မည့္ လူဦးေရ ၂၀၀ခန့္ ရွိေနေၾကာင္း တနိုင္းၿမိဳ႕နယ္ IDP Camp ေကာ္မရွင္အဖြဲ႕ သိရသည္။

လက္ရွိမွာ IDP Camp မ်ားအတြင္း မဲဆႏၵရွင္စာရင္းေတြကို ထုတ္ျပန္ထားေသာ္လည္း လူဦးေရ ၆၀ ခန့္သာ စစ္ေဆးနိုင္ေသးေၾကာင္း တနိုင္းၿမိဳ႕ RC IDP Camp တာဝန္ခံ၊ တနိုင္း IDP Camp ေကာ္မရွင္ ဒုဥကၠဌ ဦးေနာ္ေတာင္က ေျပာသည္။

“က်ေနာ္တို႔က လူဦးေရ ၆၀ ေလာက္ပဲ စစ္ရေသးတယ္ ရပ္ကြက္႐ုံးက ျပန္ယူသြားတယ္လို႔ ေျပာတယ္။ ဒီေ႐ြးေကာက္ပြဲအတြက္ အသိပညာေပး ေဟာေျပာတာေတြ၊ မဲ့ဘယ္လိုမ်ိဳးေပးရမလဲဆိုတာေတြကို လာၿပီေဟာေျပာတာေတြလဲ အခုထိ မရွိေသးဘူး ” ဟု ၎က​ဆိုသည္။

အဆိုပါ IDP Camp မ်ားတြင္ မဲေပးၾကမည့္ ျပည္သူမ်ားအေနျဖင့္ နီးဆပ္ရာ ရပ္ကြက္ေက်း႐ြာအုပ္စုမ်ားရွိ မဲ႐ုံမ်ားတြင္ ဆႏၵမဲေပးနိုင္ေရး ေဆာင္႐ြက္ထားေၾကာင္း သိရသည္။

တနိုင္းၿမိဳ႕နယ္အတြင္းရွိ KBC ၊ AG၊ COC၊ RC စသည့္ IDP Camp မ်ားတြင္ သုံးႏွစ္ခန့္ေနထိုင္လာသည့္ အိမ္ေထာင္စု ၃၅၀ ေက်ာ္ႏွင့္ လူဦးေရ (၁၅၀၀)ေက်ာ္ရွိေၾကာင္း သိရသည္။

တနိုင္းၿမိဳ႕နယ္အတြင္း၂၀၁၅ ခုႏွစ္ေ႐ြး​ေကာက္ပြဲက မဲေပးနိုင္ခဲ့သည့္ လူဦးေရ (၂၇၀၀၀) ေက်ာ္ရွိခဲ့ၿပီး ယခု ၂၀၂၀ျပည့္ႏွစ္အေထြေထြေ႐ြးေကာက္ပြဲအတြက္ ပထမအႀကိမ္ မဲဆႏၵရွင္ စာရင္းမ်ားအရ လူဦးေရ (၃၀၀၀၀) ေက်ာ္ရွိေနေၾကာင္း သိရသည္။

ေဝယံ

#PeopleMedia

[Unicode]
တနိုင်းဒေသရှိ တိုက်ပွဲရှောင်စခန်းများ အတွင်း မဲပေးနိုင်မည့် လူဦးရေ ၂၀၀ ခန့် ရှိ
………………………………………………………………………..

တနိုင်း၊ သြဂုတ်လ ၁၂

တနိုင်းမြို့နယ်ရှိ IDP Camp များတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲပေးနိုင်မည့် လူဦးရေ ၂၀၀ခန့် ရှိနေကြောင်း တနိုင်းမြို့နယ် IDP Camp ကော်မရှင်အဖွဲ့ သိရသည်။

လက်ရှိမှာ IDP Camp များအတွင်း မဲဆန္ဒရှင်စာရင်းတွေကို ထုတ်ပြန်ထားသော်လည်း လူဦးရေ ၆၀ ခန့်သာ စစ်ဆေးနိုင်သေးကြောင်း တနိုင်းမြို့ RC IDP Camp တာဝန်ခံ၊ တနိုင်း IDP Camp ကော်မရှင် ဒုဥက္ကဌ ဦးနော်တောင်က ပြောသည်။

“ကျနော်တို့က လူဦးရေ ၆၀ လောက်ပဲ စစ်ရသေးတယ် ရပ်ကွက်ရုံးက ပြန်ယူသွားတယ်လို့ ပြောတယ်။ ဒီရွေးကောက်ပွဲအတွက် အသိပညာပေး ဟောပြောတာတွေ၊ မဲ့ဘယ်လိုမျိုးပေးရမလဲဆိုတာတွေကို လာပြီဟောပြောတာတွေလဲ အခုထိ မရှိသေးဘူး ” ဟု ၎င်းက​ဆိုသည်။

အဆိုပါ IDP Camp များတွင် မဲပေးကြမည့် ပြည်သူများအနေဖြင့် နီးဆပ်ရာ ရပ်ကွက်ကျေးရွာအုပ်စုများရှိ မဲရုံများတွင် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်းရှိ KBC ၊ AG၊ COC၊ RC စသည့် IDP Camp များတွင် သုံးနှစ်ခန့်နေထိုင်လာသည့် အိမ်ထောင်စု ၃၅၀ ကျော်နှင့် လူဦးရေ (၁၅၀၀)ကျော်ရှိကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်း၂၀၁၅ ခုနှစ်ရွေး​ကောက်ပွဲက မဲပေးနိုင်ခဲ့သည့် လူဦးရေ (၂၇၀၀၀) ကျော်ရှိခဲ့ပြီး ယခု ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများအရ လူဦးရေ (၃၀၀၀၀) ကျော်ရှိနေကြောင်း သိရသည်။

ဝေယံ

#PeopleMedia


Share this post