• Follow Us on

Home တပ္မေတာ္သည္ ျပည္သူ၏ အစိတ္အပိုင္းအျဖစ္ခံယူေသာေၾကာင့္ ျပည္ သူ႔တာ၀န္မ်ားကို ထမ္းေဆာင္ရန္ အျပည့္အ၀တာ၀န္ရွိေၾကာင္း တပ္ခ်ဳပ္ ဆို

တပ္မေတာ္သည္ ျပည္သူ၏ အစိတ္အပိုင္းအျဖစ္ခံယူေသာေၾကာင့္ ျပည္ သူ႔တာ၀န္မ်ားကို ထမ္းေဆာင္ရန္ အျပည့္အ၀တာ၀န္ရွိေၾကာင္း တပ္ခ်ဳပ္ ဆို

Share this post

ရန္ကုန္၊ ဇူလိုင္ – ၁၀

တပ္မေတာ္သည္ ျပည္သူ၏အစိတ္အပိုင္းအျဖစ္ ခံယူေသာေၾကာင့္ ျပည္သူ႔တာ၀န္မ်ားကို ထမ္းေဆာင္ရန္ အျပည့္အ၀တာ၀န္ရွိသည္ဟု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ေျပာၾကား လိုက္သည္။

ရန္ကုန္ၿမိဳ႕၌ ဇူလိုင္ ၁၀ ရက္ေန႔တြင္ က်င္းပသည့္ သတင္းမီဒီယာမ်ား၊ အႏုပညာရွင္မ်ားႏွင့္ ႐ိုးရာလက္ေဝွ႔ အဖြဲ႕အတြက္ COVID-19 ကာလ စားေသာက္ေရးအဆင္ေျပရန္ ဆန္၊ ဆီ၊ ဆား၊ ပဲေပးအပ္လွဴဒါန္းျခင္းအခမ္း အနားတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“COVID-19 ကာလမွာ ေဆးျဖန္းတဲ့လုပ္ငန္းကို ကြၽန္ေတာ္ အင္တိုက္အားတိုက္လုပ္ခိုင္းတယ္။ ဘယ္ေနရာမွ မက်န္ေစနဲ႔။ ဒါကအတိုင္းအတာတစ္ခုအထိ အေထာက္အကူရလည္း ဒါမဆိုးဘူးေလ။ ေနာက္ၿပီး ကြၽန္ေတာ္တို႔ တပ္မေတာ္ခံယူတာေပါ႔။ တပ္မေတာ္သည္ ျပည္သူရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္တယ္။ ျပည္သူတာ၀န္ေတြကို ေဆာင္ရြက္ဖို႔ တာ၀န္အျပည့္အ၀ရွိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တပ္မေတာ္ရဲ႕ တာ၀န္က ျပည္သူေတြ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ဖို႔ေလ။ ရန္သူနဲ႔ တိုက္လို႔ထိခိုက္တာေတာ့ ကြၽန္ေတာ္တို႔ မတတ္ႏိုင္ဘူး ေပါ႔။ သို႔ေသာ္ ျပည္သူအသက္အိုးအိမ္စည္းစိမ္ကို အကာအကြယ္ေပးဖို႔ကေတာ့ အျပည့္အ၀ ကာကြယ္ေပး မယ္’’ ဟု ၎ကေျပာသည္။

COVID-19 ကာလအတြင္း တပ္မေတာ္အေနျဖင့္ ကူညီႏိုင္သည့္အေျခအေနမ်ားကို စဥ္းစားၿပီး အရာရွိမ်ား လစာအလွဴေငြျဖင့္ ကနဦး ေဆးဝါးမ်ား၊ ေရာဂါကာကြယ္ေရးပစၥည္းမ်ား၀ယ္ယူခဲ့ေၾကာင္း၊ ၎ေနာက္စားနပ္ ရိကၡာမ်ား ၀ယ္ယူကာလွဴဒါန္းမႈမ်ားျပဳလုပ္ခဲ့သည္ဟု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကဆိုသည္။

“ကြၽန္ေတာ္တို႔တိုင္းျပည္ဟာ ဖြံၿဖိဳးဆဲႏိုင္ငံျဖစ္လို႔ လိုအပ္ခ်က္အတိုင္းအတာတစ္ခုထိရွိတယ္။ ဒါကို အခုလို ကာလမွာ တပ္မေတာ္က လုပ္ေပးႏိုင္တဲ့အတြက္ ဂုဏ္ယူတယ္၊ ၀မ္းသာတယ္’’ ဟု ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္ လႈိင္ကေျပာသည္။

#PeopleMedia #တပ္မေတာ္

(unicode)
တပ်မတော်သည် ပြည်သူ၏ အစိတ်အပိုင်းအဖြစ်ခံယူသောကြောင့် ပြည်သူ့တာဝန်များကို ထမ်းဆောင်ရန် အပြည့်အဝတာဝန်ရှိကြောင်း တပ်ချုပ်ဆို
………………………………………………

ရန်ကုန်၊ ဇူလိုင် – ၁၀

တပ်မတော်သည် ပြည်သူ၏အစိတ်အပိုင်းအဖြစ် ခံယူသောကြောင့် ပြည်သူ့တာဝန်များကို ထမ်းဆောင်ရန် အပြည့်အဝတာဝန်ရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား လိုက်သည်။

ရန်ကုန်မြို့၌ ဇူလိုင် ၁၀ ရက်နေ့တွင် ကျင်းပသည့် သတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ရိုးရာလက်ဝှေ့ အဖွဲ့အတွက် COVID-19 ကာလ စားသောက်ရေးအဆင်ပြေရန် ဆန်၊ ဆီ၊ ဆား၊ ပဲပေးအပ်လှူဒါန်းခြင်းအခမ်း အနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“COVID-19 ကာလမှာ ဆေးဖြန်းတဲ့လုပ်ငန်းကို ကျွန်တော် အင်တိုက်အားတိုက်လုပ်ခိုင်းတယ်။ ဘယ်နေရာမှ မကျန်စေနဲ့။ ဒါကအတိုင်းအတာတစ်ခုအထိ အထောက်အကူရလည်း ဒါမဆိုးဘူးလေ။ နောက်ပြီး ကျွန်တော်တို့ တပ်မတော်ခံယူတာပေါ့။ တပ်မတော်သည် ပြည်သူရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ပြည်သူတာဝန်တွေကို ဆောင်ရွက်ဖို့ တာဝန်အပြည့်အဝရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ရဲ့ တာဝန်က ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့လေ။ ရန်သူနဲ့ တိုက်လို့ထိခိုက်တာတော့ ကျွန်တော်တို့ မတတ်နိုင်ဘူး ပေါ့။ သို့သော် ပြည်သူအသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့ကတော့ အပြည့်အ၀ ကာကွယ်ပေး မယ်’’ ဟု ၎င်းကပြောသည်။

COVID-19 ကာလအတွင်း တပ်မတော်အနေဖြင့် ကူညီနိုင်သည့်အခြေအနေများကို စဉ်းစားပြီး အရာရှိများ လစာအလှူငွေဖြင့် ကနဦး ဆေးဝါးများ၊ ရောဂါကာကွယ်ရေးပစ္စည်းများဝယ်ယူခဲ့ကြောင်း၊ ၎င်းနောက်စားနပ် ရိက္ခာများ ဝယ်ယူကာလှူဒါန်းမှုများပြုလုပ်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဆိုသည်။

“ကျွန်တော်တို့တိုင်းပြည်ဟာ ဖွံဖြိုးဆဲနိုင်ငံဖြစ်လို့ လိုအပ်ချက်အတိုင်းအတာတစ်ခုထိရှိတယ်။ ဒါကို အခုလို ကာလမှာ တပ်မတော်က လုပ်ပေးနိုင်တဲ့အတွက် ဂုဏ်ယူတယ်၊ ဝမ်းသာတယ်’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကပြောသည်။

#PeopleMedia #တပ်မတော်


Share this post