• Follow Us on

Home တပ်မတော်သားများ စုပေါင်းပိုင်ဆိုင်သည့် ဦးပိုင်ကုမ္ပဏီကို တပ်မတော်က ပိုင်ဆိုင်သောကြောင့် ဖျက်ရမယ်ဆို သည့် အတွေးအခေါ်သည် အစွန်းရောက်အတွေးအခေါ်ဖြစ်ကြောင်း ပြောဆိုလိုက်သည့် ပြည်သူ့ရှေ့ဆောင်ပါ တီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်

တပ်မတော်သားများ စုပေါင်းပိုင်ဆိုင်သည့် ဦးပိုင်ကုမ္ပဏီကို တပ်မတော်က ပိုင်ဆိုင်သောကြောင့် ဖျက်ရမယ်ဆို သည့် အတွေးအခေါ်သည် အစွန်းရောက်အတွေးအခေါ်ဖြစ်ကြောင်း ပြောဆိုလိုက်သည့် ပြည်သူ့ရှေ့ဆောင်ပါ တီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တပ်မတော်သားများ စုပေါင်းပိုင်ဆိုင်သည့် ဦးပိုင်ကုမ္ပဏီကို တပ်မတော်က ပိုင်ဆိုင်သောကြောင့် ဖျက်ရမယ်ဆို သည့် အတွေးအခေါ်သည် အစွန်းရောက်အတွေးအခေါ်ဖြစ်ကြောင်း ပြောဆိုလိုက်သည့် ပြည်သူ့ရှေ့ဆောင်ပါ တီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောဆိုလိုက်ပါတယ်။
 
ဒေါက်တာသက်သက်ခိုင်က ဇန်နဝါရီ(၆)ရက်နေ့၌ ဦးပိုင်နှင့်ပတ်သက်သည့် အခြေအနေကို သူမ၏ လူမှုကွန် ယက်နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ Page ၌ ရေးသားဖော်ပြထားပါတယ်။
 
“ဦးပိုင်ဆိုတာက တစ်ဦးတည်းပိုင်တာမဟုတ်ဘူး၊ တပ်မတော်သားမိသားစုတွေ စုပေါင်းပိုင်တဲ့ စီးပွားရေးဖြစ်ပါ တယ်၊ တစ်ချိန်တုန်းက တိုင်းပြည်ကို တပ်မတော်ကပဲ တာဝန်ယူခဲ့တယ်၊ ပြီးလို့ရှိရင် တပ်မတော်ကပိုင်တဲ့ စီးပွား ရေးတွေလုပ်တယ်၊ ပြီးလို့ရှိရင် တပ်မတော်အစိုးရဆိုတော့ တပ်မတော်သားတွေအများပိုင်တဲ့ ဦးပိုင်ဆိုတဲ့ စီးပွား ရေးတွေက အခွင့်အလမ်းတွေ၊ အထူးအခွင့်အရေးတွေ ရခဲ့ကြတယ်၊ ဒါကအတိတ်မှာ ဖြစ်ခဲ့တာပေါ့နော်၊ ကျွန်မ သတိထားမိသလောက်တော့ ၂၀၁၁ နောက်ပိုင်း ဦးသိန်းစိန်သမ္မတကြီးတက်လာတဲ့နောက်ပိုင်း ဦးပိုင်က သီး သန့်အခွင့်အရေး အရင်လောက်မရတော့ဘူး၊ ဒါပေမယ့် အရင်က ရထားတာတွေတော့ အများကြီးရှိမှာပေါ့နော်၊ သို့သော်လည်း ဒီဘက် ဒီမိုကရေစီခေတ်ရောက်တဲ့အချိန်မှာ ဦးပိုင်က သီးသန့်အထူးအခွင့်အရေး ထပ်မရတော့ တာကို သတိထားမိတယ်၊ ပြီးလို့ရှိရင် အခွန်ဆောင်လာတယ်၊ အခွန်ဆိုလည်း အများဆုံးဆောင်တဲ့ စီးပွားရေး အဖွဲ့အစည်းထဲမှာ ပါတယ်ပေါ့နော်၊ နိုင်ငံတော်ကို အခွန်တွေအများကြီးဆောင်တယ်၊ နောက်တစ်ခုကကျတော့ စီးပွားရေးလုပ်ငန်းတွေလို့ ပြောလို့ရှိရင် နိုင်ငံတော်ကပိုင်တဲ့ လုပ်ငန်းတွေရှိသလို၊ တပ်မတော်က ပိုင်တဲ့ လုပ် ငန်းတွေရှိတယ်၊ ပြီးလို့ရှိရင် ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတွေရှိတယ်၊ ဒါတွေက ဘယ်သူက ပိုင်ရှင်လည်းဆို တာထက် ကျွန်မတို့က ဒီစီးပွားရေးလုပ်ငန်းတွေက ဘယ်လိုလည်ပတ်တာလည်း၊ Corporate Governance ပေါ့နော် ဘယ်လိုလည်ပတ်တာလည်းက ပိုအရေးကြီးပါတယ်လို့ ထင်ပါတယ်ရှင့်” စသည်ဖြင့် ဒေါက်တာ သက်သက်ခိုင်က ရေးသားထားပါတယ်။
 
“ဥပမာ စင်္ကာပူမှာဆိုလို့ရှိရင် GLC (government Link Corporation) ဆိုတာပေါ့နော် ကျွန်မတို့ ဒီမှာတော့ State Own Enterprises, ဒါမှမဟုတ်ရင် State Economic Enterprises, SOE မဟုတ်ရင် SEE ပေါ့နော် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ပဲ ရှိနေတယ် ဒါပေမယ့် Singapore မှာတော့ Singapore Airline, Singapore Technology, Capital Land စသဖြင့် Singapore အစိုးရရဲ့ ရှယ်ယာပါတဲ့ Corporation ကြီး တွေပေါ့နော်၊ တကယ့် စီးပွားရေးလုပ်ငန်းအကြီးကြီးတွေပေါ့၊ အဲ့ဒါကဘာလည်းဆိုလို့ရှိရင် GLC(government Link Corporation) လို့ခေါ်တာပေါ့နော်၊ ပြီးလို့ရှိရင် သူတို့တွေက တကယ်ပဲ Singapore Airline လို့ ပြောလို့ရှိ ရင် Thai Airway နဲ့ မှန်မှန်ကန်ကန် ယှဉ်ပြိုင်တယ်၊ နိုင်ငံတကာလေကြောင်းလိုင်းတွေထဲမှာ မှန်မှန်ကန်ကန် Performance ကောင်းကောင်းနဲ့ Corporate ကောင်းကောင်းနဲ့ ကမ္ဘာမှာ တကယ်နာမည်ကြီးတဲ့ လေကြောင်း လိုင်းဖြစ်တယ်၊ အစိုးရရဲ့ ရှယ်ယာပါတယ်၊ သို့သော်လည်း ဒီလေကြောင်းလိုင်းကို လည်ပတ်တဲ့ပုံစံကတော့ အထူးအခွင့်အရေးလုံးဝမယူဘူး၊ ကိုယ့်အရည်အချင်းနဲ့ကိုယ့်၊ စည်းစနစ်နဲ့ ကိုယ့်ဟာကိုယ့် အောင်မြင်တာ၊ ပြီးလို့ရှိရင် နိုင်ငံတော်အစိုးရပါတဲ့ ရှယ်ယာတွေဖြစ်ပေမယ့် ဒါတွေက Singapore Stock Exchange မှာ သွားပြီး Public Listed လုပ်တယ်ပေါ့နော်၊ လုပ်တဲ့အချိန်ကျလို့ရှိရင် စာရင်းဝင် အများပိုင်ကုမ္ပဏီလုပ်တဲ့အခါကြတော့ Singapore နိုင်ငံသားဖြစ်ဖြစ် နိုင်ငံခြားသားပဲဖြစ်ဖြစ် ဒီရှယ်ယာကို ဝယ်ခြင်းအားဖြင့် ဒီလေကြောင်းလိုင်းရဲ့ ပိုင်ရှင်အများကြီးထဲက တစ်ယောက်ဖြစ်တယ်ပေါ့နော်၊ ဆိုတဲ့အခါကြတော့ ကျွန်မတို့ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲစရာတွေ အများကြီး ရှိပါတယ်ရှင့်၊ စီးပွားရေးနဲ့ပတ်သက်လို့ရှိရင် နိုင်ငံတော်ပိုင်စီးပွားရေးတွေလည်း ပြုပြင်ပြောင်းလဲရမယ်၊ ပြီးလို့ရှိရင် ဦးပိုင်လို့ အဖွဲ့အစည်းလည်း တပ်မတော်သားတွေပဲ ရှယ်ယာဝယ်ထားတာ မဟုတ်ဘဲနဲ့ တကယ်ပြောင်ပြောင်မြောက်မြောက်နဲ့ စီးပွားရေးလုပ်ပြီးလို့ရှိရင် ဒါကို Yangon Stock Exchange မှာ Public Listed လုပ်ပြီးလို့ရှိရင် တကယ် အကျိုးအမြတ်ရှိတဲ့ဆိုလို့ရှိရင် ပြည်သူလူထုကလည်း ဒီရှယ်ယာ တွေ ဝိုင်းဝယ်ခြင်းအားဖြင့် ပြည်သူလူထုတွေလည်း ပိုင်ရှင်ဖြစ်နိုင်တယ်ပေါ့နော်” ဟူ၍ ရေးသားဖော်ပြထား ပါတယ်။
 
“ကျမတို့က ဘယ်ကနေစပြီး ပြုပြင်ပြောင်းလဲဖို့ လိုလဲဆိုရင် အရင်အစိုးရကတည်းကနေ ပြုပြင်ပြောင်းလဲတာ ကို မြင်ရပါတယ်၊ ဥပမာ – ခရိုနီတွေလို့ပြောလို့ရှိရင် ကုမ္ပဏီကြီးတစ်ခုကပဲ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ စားသုံး ဆီကို သွင်းနေတာပေါ့နော်၊ သူ့တစ်ယောက်ပဲ စားသုံးဆီ ပါမစ်ရတယ်ပေါ့နော်။ စားသုံးဆီ ၁ ပိဿာကို ၁၂၀၀ လောက်နဲ့ ရောင်းရမယ့်ဟာကို ၁၈၀၀၊ ၂၀၀၀ လောက်နဲ့ ရောင်းတယ်ပေါ့နော်၊ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အပြိုင်အဆိုင်မရှိဘူးလေ၊ အပြိုင်အဆိုင်မရှိတော့ သူလိုချင်တဲ့ဈေးကို ရောင်းလို့ရတယ်။ ဒါပေမယ့် ဦးသိန်းစိန် လက်ထက်မှာတော့ အဲ့ဒါတွေ အကုန်လုံးကို ဖြေလျော့လိုက်ပြီးတော့မှ စားအုံးဆီရဲ့ ဈေးနှုန်းတွေက လျော့ကျ သွားတယ်၊ ကွာလတီတွေလည်း ပိုကောင်းလာတယ်၊ ကျွန်မတပ်ဘက်ကလည်းလိုက်ပြောတာမဟုတ်ဘူး၊ ရှိပြီးသားကြီးကို အုံလိုက်ကျင်းလိုက်ရှိပြီးသားကြီးကို တပ်မတော်က ပိုင်တဲ့ဟာမို့လို့ ဖျက်ရမယ်ဆိုတာလည်း အစွန်းရောက်တဲ့အတွေးအခေါ်လို့ မြင်ပါတယ်” လို့ ဖော်ပြထားသည်။
 
Photo – ဒေါက်တာသက်သက်ခိုင် page
 
#PeopleMedia #ပြည်သူ့ရှေ့ဆောင်ပါတီ #ဒေါက်တာသက်သက်ခိုင် #ဦးပိုင်
 
(unicode)
…………………………………………………….
 
 
 
 
 
 
 
 

Share this post