• Follow Us on

Home “တရားမဲ့ျပဳက်င့္မႈေတြဆိုတာ တစ္လုံးထဲေျပာရရင္ ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္ျခာအာဏာကို တရားမဲ့ျပဳက်င့္ၿပီးေတာ့ အဓမၼနည္းနဲ႔ရယူတာပဲ ” ဦးသိန္းၫြန္႔(အမ်ိဳးသားဒီမိုကေရစီပါတီသစ္(ဥကၠ႒))

“တရားမဲ့ျပဳက်င့္မႈေတြဆိုတာ တစ္လုံးထဲေျပာရရင္ ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္ျခာအာဏာကို တရားမဲ့ျပဳက်င့္ၿပီးေတာ့ အဓမၼနည္းနဲ႔ရယူတာပဲ ” ဦးသိန္းၫြန္႔(အမ်ိဳးသားဒီမိုကေရစီပါတီသစ္(ဥကၠ႒))

Share this post

၂၀၂၀ ေရြးေကာက္ပြဲ မဲရလဒ္မ်ားအေပၚ ႏိုင္ငံေရးပါတီအခ်ိဳ႕က ေ၀ဖန္လွ်က္ရွိသည္။ အဆိုပါမဲရလဒ္မ်ားႏွင့္ ပတ္သက္၍ People Media က ႏိုင္ငံေရးပါတီအခ်ိဳ႕၏ သေဘာထားမ်ားကို ဆက္သြယ္ေမးျမန္းခဲ့သည္။

#PeopleMedia #Political #2020electionresult

(unicode)
“တရားမဲ့ပြုကျင့်မှုတွေဆိုတာ တစ်လုံးထဲပြောရရင် နိုင်ငံတော်ရဲ့ အချုပ်ခြာအာဏာကို တရားမဲ့ပြုကျင့်ပြီးတော့ အဓမ္မနည်းနဲ့ရယူတာပဲ ” ဦးသိန်းညွန့်(အမျိုးသားဒီမိုကရေစီပါတီသစ်(ဥက္ကဋ္ဌ))

၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်များအပေါ် နိုင်ငံရေးပါတီအချို့က ဝေဖန်လျှက်ရှိသည်။ အဆိုပါမဲရလဒ်များနှင့် ပတ်သက်၍ People Media က နိုင်ငံရေးပါတီအချို့၏ သဘောထားများကို ဆက်သွယ်မေးမြန်းခဲ့သည်။

#PeopleMedia #Political #2020electionresult

ဦးသိန္းၫြန္႔(အမ်ိဳးသားဒီမိုကေရစီပါတီသစ္(ဥကၠ႒))
“အခုကေတာ့ ပုံစံ (၁၉ ) ကို လက္မွတ္မထိုးဘူး။ ေလာေလာဆယ္ေျပာႏိုင္တာက ငါေရာ ငါ့ပါတီက ကိုယ္စား လွယ္ေလာင္းေတြ သဃၤန္းကၽြန္းေရာ မဂၤလာဒုံက ကိုယ္စားလွယ္ေလာင္းေတြေရာ ပုံစံ ၁၉ ကို လက္မွတ္မထိုး ဖို႔ေျပာထားတယ္။ ပုံစံ (၁၉) ကို လက္မွတ္မထိုးဘူးဆိုကတည္းက ဒီေရြးေကာက္ပြဲကို အသိအမွတ္မျပဳဘူး။ ေရြးေကာက္ပြဲရလဒ္ကို အသိအမွတ္မျပဳဘူး ေရြးေကာက္ပြဲရလဒ္နဲ႔ပတ္သက္ၿပီးေတာ့ လြတ္လပ္ၿပီးေတာ့ တရားမွ်တတဲ့ေရြးေကာက္ပြဲမဟုတ္ဘူးဆိုတာ ထင္ရွားေပၚလြင္ေအာင္ ငါတို႔က လက္မွတ္မထိုးတာပဲ တရားမဲ့ ျပဳက်င့္မႈေတြဆိုတာ တစ္လုံးထဲေျပာရရင္ ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္ျခာအာဏာကို တရားမဲ့ျပဳက်င့္ၿပီးေတာ့ အဓမၼ နည္းနဲ႔ရယူတာပဲ။

(unicode)
ဦးသိန်းညွန့်(အမျိုးသားဒီမိုကရေစီပါတီသစ်(ဥက္ကဋ္ဌ))
“အခုကတော့ ပုံစံ (၁၉ ) ကို လက်မှတ်မထိုးဘူး။ လောလောဆယ်ပြောနိုင်တာက ငါရော ငါ့ပါတီက ကိုယ်စား လှယ်လောင်းတွေ သင်္ဃန်းကျွန်းရော မင်္ဂလာဒုံက ကိုယ်စားလှယ်လောင်းတွေရော ပုံစံ ၁၉ ကို လက်မှတ်မထိုး ဖို့ပြောထားတယ်။ ပုံစံ (၁၉) ကို လက်မှတ်မထိုးဘူးဆိုကတည်းက ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုဘူး။ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘူး ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီးတော့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ ထင်ရှားပေါ်လွင်အောင် ငါတို့က လက်မှတ်မထိုးတာပဲ တရားမဲ့ ပြုကျင့်မှုတွေဆိုတာ တစ်လုံးထဲပြောရရင် နိုင်ငံတော်ရဲ့ အချုပ်ခြာအာဏာကို တရားမဲ့ပြုကျင့်ပြီးတော့ အဓမ္မ နည်းနဲ့ရယူတာပဲ။

ဦးေက်ာ္ေဇယ်(ျပည္သူ႔ေရွ႕ေဆာင္ပါတီ (ဒုဥကၠ႒))
“အန္ကယ္ ေယဘူယ် သေဘာထားအရ ပုံစံ ၁၉ ဆိုတာ ကိုယ္စားလွယ္ေလာင္းက လက္မွတ္ထိုးရမယ္။ သို႔ေသာ္လည္းပဲ ဥပေဒကို အန္ကယ္သိသေလာက္ေျပာရမယ္ဆိုရင္ ႏိုင္တဲ့သူကေတာ့ သူကို အသိအမွတ္ျပဳ ဖို႔ထိုးမယ္။ ရႈံးတဲ့သူက ထိုးခ်င္တဲ့သူက ထိုးမယ္မထိုးခ်င္တဲ့သူက မထိုးဘူး မထိုးတဲ့ကိုယ္စားလွယ္ဘာျဖစ္တုန္း ဘာမွမျဖစ္ဘူး ဥပေဒက ထိုးလဲရတယ္မထိုးလဲရတယ္။ မထိုးရင္ေတာ့ UEC က တာဝန္ရွိတဲ့သူေတြအတြက္ အခက္အခဲျဖစ္တာေပ့ါ ပုံစံ ၁၉ ကိုထိုးဖို႔ဆိုတာက အန္ကယ္အျမင္ေျပာရရင္ ပုံစံ (၁၃) (၁၄) (၁၅) တို႔ဆိုတာရွိ ေသးတယ္။ အဲ့ဒါေတြက မဲစာရင္း ပုံစံ ၁၃ နဲ႔ ၁၄ ကိုေသခ်ာ ကိုက္မကိုက္စစ္ရမယ္။ မဲေပးခြင့္ရွိသူက ဘယ္ႏွစ္ ေယာက္ အခုလာေပးတာက ဘယ္ႏွစ္ေယာက္ မဲလက္မွတ္က ေတြ႕တာက ဘယ္ေလာက္ ဒါေတြကို အေသးစိတ္စိစစ္ၿပီးေတာ့ ကိုက္ညီမႈရွိတယ္ဆိုမွ ကိုယ္စားလွယ္ေလာင္းက ထိုးမွာေပါ့။ အဲဒီစာရင္းေတြ ဘာေတြမသိဘူး၊ စာရင္းေတြတိတိက်က်လည္းမေျပာႏိုင္ဘူး တာ၀န္ရွိတဲ့သူက ကိုယ္စားလွယ္ေလာင္းကို အာဏာရပါတီမဟုတ္တဲ့အတြက္ အေလးမထားဘဲနဲ႔ ဘာမွမေျပာဘူးဆိုရင္ ထိုးခ်င္မွထိုးမွာေပါ့။ ထိုးသင့္တာ ကေတာ့ အဲဒီလိုေျပေျပလည္လည္ စာရင္းဇယားကို အတိအက် ထုတ္ျပန္မလား၊ အခုထိ ေကာ္မရွင္႐ံုးထဲမွာ ၿမိဳ႕နယ္ေကာ္မရွင္မွာ မေတြ႕ေသးဘူး။ လက္မွတ္ေတြကို တိတိက်က်နဲ႔ ေျဖရွင္းထားတာ မေတြ႕ေသးဘူး။ ႀကိဳတင္မဲကဘယ္ေလာက္၊ ၈ ရက္ေန႔မွာလာေပးတဲ့မဲက ဘယ္ေလာက္ လက္က်န္ကဘယ္ေလာက္ဆိုတာ အဲဒီဟာမရွိဘူး။ အဲဒါေတြက အခုျပႆနာေတြက တက္ေနတာေပါ့။ မဲ႐ံုေတြမွာ ေထာင္ခ်ီၿပီးေတာ့ အမႈေတြက တက္ေနၿပီ။

(unicode)
ဦးကျော်ဇေယျ(ပြည်သူ့ရှေ့ဆောင်ပါတီ (ဒုဥက္ကဋ္ဌ))
“အန်ကယ် ယေဘူယျ သဘောထားအရ ပုံစံ ၁၉ ဆိုတာ ကိုယ်စားလှယ်လောင်းက လက်မှတ်ထိုးရမယ်။ သို့သော်လည်းပဲ ဥပဒေကို အန်ကယ်သိသလောက်ပြောရမယ်ဆိုရင် နိုင်တဲ့သူကတော့ သူကို အသိအမှတ်ပြု ဖို့ထိုးမယ်။ ရှုံးတဲ့သူက ထိုးချင်တဲ့သူက ထိုးမယ်မထိုးချင်တဲ့သူက မထိုးဘူး မထိုးတဲ့ကိုယ်စားလှယ်ဘာဖြစ်တုန်း ဘာမှမဖြစ်ဘူး ဥပဒေက ထိုးလဲရတယ်မထိုးလဲရတယ်။ မထိုးရင်တော့ UEC က တာဝန်ရှိတဲ့သူတွေအတွက် အခက်အခဲဖြစ်တာပေ့ါ ပုံစံ ၁၉ ကိုထိုးဖို့ဆိုတာက အန်ကယ်အမြင်ပြောရရင် ပုံစံ (၁၃) (၁၄) (၁၅) တို့ဆိုတာရှိ သေးတယ်။ အဲ့ဒါတွေက မဲစာရင်း ပုံစံ ၁၃ နဲ့ ၁၄ ကိုသေချာ ကိုက်မကိုက်စစ်ရမယ်။ မဲပေးခွင့်ရှိသူက ဘယ်နှစ် ယောက် အခုလာပေးတာက ဘယ်နှစ်ယောက် မဲလက်မှတ်က တွေ့တာက ဘယ်လောက် ဒါတွေကို အသေးစိတ်စိစစ်ပြီးတော့ ကိုက်ညီမှုရှိတယ်ဆိုမှ ကိုယ်စားလှယ်လောင်းက ထိုးမှာပေါ့။ အဲဒီစာရင်းတွေ ဘာတွေမသိဘူး၊ စာရင်းတွေတိတိကျကျလည်းမပြောနိုင်ဘူး တာဝန်ရှိတဲ့သူက ကိုယ်စားလှယ်လောင်းကို အာဏာရပါတီမဟုတ်တဲ့အတွက် အလေးမထားဘဲနဲ့ ဘာမှမပြောဘူးဆိုရင် ထိုးချင်မှထိုးမှာပေါ့။ ထိုးသင့်တာ ကတော့ အဲဒီလိုပြေပြေလည်လည် စာရင်းဇယားကို အတိအကျ ထုတ်ပြန်မလား၊ အခုထိ ကော်မရှင်ရုံးထဲမှာ မြို့နယ်ကော်မရှင်မှာ မတွေ့သေးဘူး။ လက်မှတ်တွေကို တိတိကျကျနဲ့ ဖြေရှင်းထားတာ မတွေ့သေးဘူး။ ကြိုတင်မဲကဘယ်လောက်၊ ၈ ရက်နေ့မှာလာပေးတဲ့မဲက ဘယ်လောက် လက်ကျန်ကဘယ်လောက်ဆိုတာ အဲဒီဟာမရှိဘူး။ အဲဒါတွေက အခုပြဿနာတွေက တက်နေတာပေါ့။ မဲရုံတွေမှာ ထောင်ချီပြီးတော့ အမှုတွေက တက်နေပြီ။

ဦးမင္းေဇယ် (ျပည္သူ႔ပါတီ(ဒုဥကၠ႒))
“ကၽြန္ေတာ္တို႔က ေရြးေကာက္ပြဲကို အသိအမွတ္ျပဳေၾကာင္း ေထာက္ခံေၾကာင္း ထုတ္ျပန္ၿပီးသြားၿပီ ဒါက ပါတီရဲ႕ မူအရ ေျပာရမယ္ဆိုရင္ အျငင္းပြားစရာေတြက အမ်ားႀကီးပဲ အမ်ားႀကီးေျပာစရာရွိတယ္။ ေျပာစရာေတြက မဲဆြယ္စည္း႐ုံးေရးကေနၿပီးေတာ့ ေျပာစရာေတြက အမ်ားႀကီးကိုရွိေနတာ ဒီကာလက ကိုဗစ္ကာလလည္း ျဖစ္တယ္ ကၽြန္ေတာ္တို႔ပါတီသက္တမ္းကလည္း ႏုေသးတဲ့အခါက်ေတာ့ ႏိုင္ငံေရးအရ ဘာမွမလုပ္ဘူးဆိုတဲ့ သေဘာ ဒီကာလက ျပည္သူေတြအေနနဲ႔ အခက္အခဲၾကားက မဲေပးရတာျဖစ္တဲ့အတြက္ ကိုယ္ခ်င္းစာတယ္။ ဒီအေပၚမွာ မဲဆႏၵရွင္ေတြကို ေက်းဇူးတင္တယ္။ အဲ့ဒါေၾကာင့္ဒါေတြကို ပုံႀကီးမခ်ဲ႕ေတာ့ဘဲနဲ႔ တခ်ိဳ႕ေသာ အခက္အခဲေတြကို ႏိုင္ငံေရးရႈေထာင့္ကပဲ သုံးသပ္တယ္။ ဒါေၾကာင့္နားလည္မူေပးၿပီးေတာ့ လက္ခံႀကိဳဆို ေၾကာင္း စာထုတ္ၿပီးၿပီ ပုံစံ (၁၉) နဲ႔ ပတ္သက္လို႔လည္း ထိုးဖို႔ ကၽြန္ေတာ္ တိုက္တြန္းထားတယ္။ ေနာက္ပိုင္း ဥပေဒပိုင္းအရ တိုင္းတာက တစ္ပိုင္းေပ့ါ။ ဒီအေပၚမွာ ကၽြန္ေတာ္တို႔ပါတီက အျငင္းမပြားဘူး။ မဲစာရင္းေတြနဲ႔ ျဖစ္လည္းျဖစ္တတ္တဲ့သေဘာရွိတယ္ ျဖစ္လဲျဖစ္ႏိုင္တယ္။ UEC ရဲ႕အားနည္းခ်က္ေတြ အမ်ားႀကီးရွိသလို။ အျခားအခက္အခဲေတြလည္းရွိတာေပ့ါ”

(unicode)
ဦးမင်းဇေယျ (ပြည်သူ့ပါတီ(ဒုဥက္ကဋ္ဌ))
“ကျွန်တော်တို့က ရွေးကောက်ပွဲကို အသိအမှတ်ပြုကြောင်း ထောက်ခံကြောင်း ထုတ်ပြန်ပြီးသွားပြီ ဒါက ပါတီရဲ့ မူအရ ပြောရမယ်ဆိုရင် အငြင်းပွားစရာတွေက အများကြီးပဲ အများကြီးပြောစရာရှိတယ်။ ပြောစရာတွေက မဲဆွယ်စည်းရုံးရေးကနေပြီးတော့ ပြောစရာတွေက အများကြီးကိုရှိနေတာ ဒီကာလက ကိုဗစ်ကာလလည်း ဖြစ်တယ် ကျွန်တော်တို့ပါတီသက်တမ်းကလည်း နုသေးတဲ့အခါကျတော့ နိုင်ငံရေးအရ ဘာမှမလုပ်ဘူးဆိုတဲ့ သဘော ဒီကာလက ပြည်သူတွေအနေနဲ့ အခက်အခဲကြားက မဲပေးရတာဖြစ်တဲ့အတွက် ကိုယ်ချင်းစာတယ်။ ဒီအပေါ်မှာ မဲဆန္ဒရှင်တွေကို ကျေးဇူးတင်တယ်။ အဲ့ဒါကြောင့်ဒါတွေကို ပုံကြီးမချဲ့တော့ဘဲနဲ့ တချို့သော အခက်အခဲတွေကို နိုင်ငံရေးရှုထောင့်ကပဲ သုံးသပ်တယ်။ ဒါကြောင့်နားလည်မူပေးပြီးတော့ လက်ခံကြိုဆို ကြောင်း စာထုတ်ပြီးပြီ ပုံစံ (၁၉) နဲ့ ပတ်သက်လို့လည်း ထိုးဖို့ ကျွန်တော် တိုက်တွန်းထားတယ်။ နောက်ပိုင်း ဥပဒေပိုင်းအရ တိုင်းတာက တစ်ပိုင်းပေ့ါ။ ဒီအပေါ်မှာ ကျွန်တော်တို့ပါတီက အငြင်းမပွားဘူး။ မဲစာရင်းတွေနဲ့ ဖြစ်လည်းဖြစ်တတ်တဲ့သဘောရှိတယ် ဖြစ်လဲဖြစ်နိုင်တယ်။ UEC ရဲ့အားနည်းချက်တွေ အများကြီးရှိသလို။ အခြားအခက်အခဲတွေလည်းရှိတာပေ့ါ”

ဦးေအာင္ၿဖိဳးေက်ာ္(အမ်ိဳးသားတိုးတက္ေရးပါတီ (အတြင္းေရးမွဴး))
“ကၽြန္ေတာ္တို႔က ႀကိဳတင္မဲအေပၚမွာ သံသယရွိတယ္။ မဲလာေပးတဲ့သူနဲ႔ မဲအေရအတြက္နဲ႔က ကြာဟမႈရွိတယ္။ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲရဲ႕ မဲရလဒ္ကိုခ်ိန္လိုက္ရင္ လက္ရွိေရြးေကာက္ပြဲရလဒ္ရဲ႕မဲက မ်ားေနတာကို ေတြ႕ရတယ္။ ႀကိဳတင္မဲေပးတဲ့သူေတြက လက္သန္းေတြကို မွင္ႏိွပ္ကပ္မႈမရွိဘူး။ ႀကိဳတင္မဲေပးတဲ့သူေတြက ဒုတိယအႀကိမ္အထိ မဲေပးႏိုင္တယ္လို႔ ကၽြန္ေတာ္တို႔ ယူဆတယ္။ လူတစ္ေယာက္ကို မဲႏွစ္ႀကိမ္ေပးခြင့္ရေန တယ္။ ႀကိဳတင္မဲေတြက တကယ္ေဆာင္ရြက္ရမယ့္ လုပ္ထုံးလုပ္နည္းေတြနဲ႔ လြဲေခ်ာ္ေနတယ္လို႔ ယူဆတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ ပုံစံ ၁၉ မွာ လက္မွတ္မထိုးဘဲနဲ႔ တရားမဲ့ျပဳက်င့္မႈေတြ မဲမသမာမူလို႔ယူဆေလာက္တဲ့ အေပၚမူတည္ၿပီးေတာ့ ကၽြန္ေတာ္တို႔က ကန္႔ကြက္လႊာေတြ တင္ထားတယ္။ တင္ထားတဲ့အခ်က္ေတြကို ေျပလည္ေအာင္ေျဖရွင္းႏိုင္မႈ မရွိေသးဘူးဆိုရင္ လက္မွတ္မထိုးေပးဘူး ဒီေရြးေကာက္ပြဲဟာ လႊတ္လပ္ၿပီးေတာ့ တရားမွ်တမႈရွိတဲ့ ေရြးေကာက္ပြဲအျဖစ္ UEC အေနနဲ႔ မွတ္ေက်ာက္ အတင္ခံႏိုင္လို႔ ပဲေမးခ်င္တယ္။

(unicode)
ဦးအောင်ဖြိုးကျော်(အမျိုးသားတိုးတက်ရေးပါတီ (အတွင်းရေးမှူး))
“ကျွန်တော်တို့က ကြိုတင်မဲအပေါ်မှာ သံသယရှိတယ်။ မဲလာပေးတဲ့သူနဲ့ မဲအရေအတွက်နဲ့က ကွာဟမှုရှိတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရဲ့ မဲရလဒ်ကိုချိန်လိုက်ရင် လက်ရှိရွေးကောက်ပွဲရလဒ်ရဲ့မဲက များနေတာကို တွေ့ရတယ်။ ကြိုတင်မဲပေးတဲ့သူတွေက လက်သန်းတွေကို မှင်နှိပ်ကပ်မှုမရှိဘူး။ ကြိုတင်မဲပေးတဲ့သူတွေက ဒုတိယအကြိမ်အထိ မဲပေးနိုင်တယ်လို့ ကျွန်တော်တို့ ယူဆတယ်။ လူတစ်ယောက်ကို မဲနှစ်ကြိမ်ပေးခွင့်ရနေ တယ်။ ကြိုတင်မဲတွေက တကယ်ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတွေနဲ့ လွဲချော်နေတယ်လို့ ယူဆတယ်။ ဒါကြောင့် ကျွန်တော်တို့ ပုံစံ ၁၉ မှာ လက်မှတ်မထိုးဘဲနဲ့ တရားမဲ့ပြုကျင့်မှုတွေ မဲမသမာမူလို့ယူဆလောက်တဲ့ အပေါ်မူတည်ပြီးတော့ ကျွန်တော်တို့က ကန့်ကွက်လွှာတွေ တင်ထားတယ်။ တင်ထားတဲ့အချက်တွေကို ပြေလည်အောင်ဖြေရှင်းနိုင်မှု မရှိသေးဘူးဆိုရင် လက်မှတ်မထိုးပေးဘူး ဒီရွေးကောက်ပွဲဟာ လွှတ်လပ်ပြီးတော့ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲအဖြစ် UEC အနေနဲ့ မှတ်ကျောက် အတင်ခံနိုင်လို့ ပဲမေးချင်တယ်။


Share this post