• Follow Us on

Home တရားမ၀င္ ဘဂၤါလီတစ္ဦးထံမွ အခေၾကးေငြ (၇) သိန္းယူၿပီး ပို႔ေဆာင္သူတစ္ဦးအား တပ္မေတာ္မွ ပစ္ခတ္ ဖမ္းဆီးရာ ေသဆုံး၊ ဘဂၤါလီဖမ္းမိ

တရားမ၀င္ ဘဂၤါလီတစ္ဦးထံမွ အခေၾကးေငြ (၇) သိန္းယူၿပီး ပို႔ေဆာင္သူတစ္ဦးအား တပ္မေတာ္မွ ပစ္ခတ္ ဖမ္းဆီးရာ ေသဆုံး၊ ဘဂၤါလီဖမ္းမိ

Share this post

ရန္ကုန္၊ ဇန္န၀ါရီ – ၂၀

ရခုိင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္၌ တရားမ၀င္ ဘဂၤါလီတစ္ဦးထံမွ အခေၾကးေငြ(၇)သိန္းယူၿပီး ပို႔ေဆာင္သူ တစ္ဦးအား ပစ္ခတ္ဖမ္းဆီးရာ ေသဆုံးသြားၿပီး ဘဂၤါလီကုိ ဖမ္းဆီးရမိခဲ့ပါတယ္။

ျဖစ္စဥ္မွာ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက နယ္ေျမခံတပ္ရင္းအနီး ရန္ကုန္-စစ္ေတြကားလမ္းေပၚ၌ စစ္ေဆးေဆာင္ ရြက္လ်က္ရွိစဥ္ ဇန္န၀ါရီ ၁၉ ရက္နံနက္ ၈ နာရီ ၅၀ မိနစ္ခန္႔တြင္ ေျမာက္ဦးဘက္မွ မင္းျပားဘက္သို႔ ေမာင္းႏွင္ လာသည့္ မသကၤာဖြယ္ေမာ္ေတာ္ဆုိင္ကယ္တစ္စီးအား ရပ္တန္႔စစ္ေဆးရာ ရပ္တန္႔ျခင္းမရွိဘဲ ေမာင္းႏွင္ထြက္ ေျပးသြားခဲ့ေၾကာင္း၊ ထိုသို႔ေမာင္းႏွင္ထြက္ေျပးသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက သတိေပးပစ္ခတ္ဖမ္းဆီးခဲ့ရာ လက္နက္ငယ္ထိမွန္ဒဏ္ရာျဖင့္ ေသဆုံးေနသည့္ အမ်ဳိးသားတစ္ဦးႏွင့္ မဟာေက်ာ္မိ(ဘ) ဦးမာမြတ္ေဆာ္ရန္ တုိ႔အား ဖမ္းဆီးရမိခဲ့တယ္လုိ႔ တပ္မေတာ္က သတင္းထုတ္ျပန္ပါတယ္။

ဖမ္းဆီးရမိသည့္ မဟာေက်ာ္မိအား စိစစ္ေမးျမန္းခဲ့ရာ ေသဆုံးသူမွာ ေဌးႏိုင္(ဘ)ဦး၀င္းဦးျဖစ္ၿပီး ေသဆုံးသူ သည္ ၎ထံမွ ေငြ ၇ သိန္းက်ပ္အား အခေၾကးေငြရယူၿပီး ဧရာ၀တီတုိင္းေဒသႀကီးမွတစ္ဆင့္ မေလးရွားႏုိင္ငံသို႔ ပို႔ေဆာင္ေပးမည္ဟု ေျပာဆိုေခၚေဆာင္လာစဥ္ ယခုကဲ့သို႔ ဖမ္းဆီးခံခဲ့ရျခင္လည္း ျဖစ္ပါတယ္။

အဆိုပါဖမ္းဆီးရမိသည့္သူမ်ားအား ေျမာက္ဦးၿမဳိ႕မရဲစခန္း၌ လုပ္ထုံးလုပ္နည္းႏွင့္အညီ ဆက္လက္ ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ပါတယ္။

#PeopleMedia

(Unicode)
တရားမဝင် ဘင်္ဂါလီတစ်ဦးထံမှ အခကြေးငွေ (ရ) သိန်းယူပြီး ပို့ဆောင်သူတစ်ဦးအား တပ်မတော်မှ ပစ်ခတ် ဖမ်းဆီးရာ သေဆုံး၊ ဘင်္ဂါလီဖမ်းမိ
……………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ တရားမဝင် ဘင်္ဂါလီတစ်ဦးထံမှ အခကြေးငွေ(ရ)သိန်းယူပြီး ပို့ဆောင်သူ တစ်ဦးအား ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားပြီး ဘင်္ဂါလီကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်ရင်းအနီး ရန်ကုန်-စစ်တွေကားလမ်းပေါ်၌ စစ်ဆေးဆောင် ရွက်လျက်ရှိစဉ် ဇန်နဝါရီ ၁၉ ရက်နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် မြောက်ဦးဘက်မှ မင်းပြားဘက်သို့ မောင်းနှင် လာသည့် မသင်္ကာဖွယ်မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက် ပြေးသွားခဲ့ကြောင်း၊ ထိုသို့မောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတိပေးပစ်ခတ်ဖမ်းဆီးခဲ့ရာ လက်နက်ငယ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးနှင့် မဟာကျော်မိ(ဘ) ဦးမာမွတ်ဆော်ရန် တို့အား ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသည့် မဟာကျော်မိအား စိစစ်မေးမြန်းခဲ့ရာ သေဆုံးသူမှာ ဌေးနိုင်(ဘ)ဦးဝင်းဦးဖြစ်ပြီး သေဆုံးသူ သည် ၎င်းထံမှ ငွေ ၇ သိန်းကျပ်အား အခကြေးငွေရယူပြီး ဧရာဝတီတိုင်းဒေသကြီးမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟု ပြောဆိုခေါ်ဆောင်လာစဉ် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်လည်း ဖြစ်ပါတယ်။

အဆိုပါဖမ်းဆီးရမိသည့်သူများအား မြောက်ဦးမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

#PeopleMedia


Share this post