• Follow Us on

Home တာလီဘန်များ ယခင်ကနှင့် မတူတော့ကြောင်း ဗြိတိန်စစ်တပ်အကြီးအကဲပြော

တာလီဘန်များ ယခင်ကနှင့် မတူတော့ကြောင်း ဗြိတိန်စစ်တပ်အကြီးအကဲပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၉ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်များ အစိုးရသစ်ဖွဲ့နိုင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းက အချိန်ပေးသင့် ကြောင်းနှင့် နှစ်ပေါင်းများစွာတိုင်အောင် အနောက်အုပ်စုများက လက်နက်ကိုင်သောင်းကျန်းသူများအဖြစ်ရှုမြင် ခဲ့သည့် တာလီဘန်များကို ပို၍လက်ခံလာနိုင်ဖွယ်ရာအဖြစ် တွေ့ရှိနိုင်ကြောင်း ဗြိတိန်တပ်မတော်အကြီးအကဲ က သြဂုတ်လ ၁၈ ရက်နေ့ကပြောကြားလိုက်သည်။

 

လွန်ခဲ့သည့်အနှစ် ၂၀ ကာလအတောအတွင်း တာလီဘန်ခေါင်းဆောင်များ လျှို့ဝှက်စွာနေထိုင်ခဲ့သည့် အခြေ အနေနှင့်မတူသည်မှာ လက်ရှိတာလီဘန်ခေါင်းဆောင်များမှာ ၎င်းတို့ကိုယ်၎င်းတို့ လူသိရှင်ကြားထုတ်ဖော်ပြ သလာခြင်းဖြစ်ကြောင်း အစ္စလာမ်မစ်လှုပ်ရှားမှုအဖွဲ့မှ အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့ကပြောသည်။

 

ဗြိတိန်တပ်မတော်အကြီးအကဲ နစ်ခ်ကာတာက ၎င်းအနေဖြင့် အာဖဂန်သမ္မတဟောင်း ဟာမစ်ကာဇိုင်းနှင့် အ ဆက်အသွယ်ရရှိကြောင်းပြောဆိုပြီး တာလီဘန်များနှင့်တွေ့ဆုံဆွေးနွေးသွားရန်ရှိကြောင်း ဗုဒ္ဓဟူးနေ့ကပြော ဆိုခဲ့သည်။

 

“ကျွန်တော်တို့ စိတ်ရှည်ရမယ်။ ကျွန်တော်တို့ စိတ်အေးအေးထားရမယ်။ အစိုးရအသစ်ဖွဲ့နိုင်အောင် သူတို့ကို အချိန်ပေးရမယ်။ သူတို့ရဲ့အရည်အချင်းတွေထုတ်ဖော်ပြသနိုင်ဖို့ အချိန်ပေးရမယ်။ တာလီဘန်တွေဟာ ၁၉၉၀ ပြည့်နှစ်ကာလတွေတုန်းက တာလီဘန်တွေနဲ့မတူတော့ဘူးဆိုတာ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ သူတို့ကို အချိန် ပေးမယ်ဆိုရင် တာလီဘန်တွေဟာာ ပိုပြီးတော့လက်ခံနိုင်ဖွယ်ရာအဖွဲ့အစည်းတစ်ခုဆိုတာ တေ့ွကောင်းတွေ့ရ ပါလိမ့်မယ်။ သူတို့ဟာ ပုံစံတစ်မျိုးတည်း အဖွဲ့အစည်းမဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော်တို့သတိရဖို့လိုပါ တယ်။” ဟု ကာတာက ဘီဘီစီကို ပြောသည်။

 

တာလီဘန်တွေဟာ ပက်ရှ်တန်ဝါလီ ဟုခေါ်သော ပက်ရှ်တန်လူမျိုးများ၏ တောင်ပေါ်ရိုးရာအစဉ်အလာ ဘဝနေ ထိုင်နည်းနှင့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာကျင့်သုံးကြသည့် ကျေးလက်ဒေသနေပြည်သူများဖြစ်ကြောင်း ကာတာကပြောသည်။

 

“တာလီဘန်တစ်ယောက်ဟာ ပိုပြီးလက်ခံနိုင်စရာကောင်းတဲ့အခြေအနေမျိုးမှာ ရောက်ရှိလာတာဖြစ်ကောင်းဖြစ် နိုင်ပါတယ်။ ဖိနှိပ်ချုပ်ခြယ်မှုတွေ လျော့ပါးလာပါတယ်။ လတ်တလောကာလ ကဘူးမြို့ကို တာလီဘန်တွေအုပ် ချုပ်နေတာကို ကြည့်မယ်ဆိုရင် ပိုပြီးလက်ခံနိုင်စရာကောင်းတဲ့ အရိပ်လက္ခဏာတွေကို တွေ့ရမှာဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

 

Ref: The Taliban could be different this time, Britain’s army chief says

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 

Ref: The Taliban could be different this time, Britain’s army chief says

 

#PeopleMedia


Share this post