• Follow Us on

Home တာလီဘန်အဖွဲ့ကို စောင့်ကြည့်မည်ဟု အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ပြော

တာလီဘန်အဖွဲ့ကို စောင့်ကြည့်မည်ဟု အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၈ (People Media)

 

ကဘူးလ်မြို့တော်အား သိမ်းပိုက်ပြီးနောက် အခြေခံလူ့အခွင့်အရေးဆိုင်ရာတာဝန်များ ပြည့်မီခြင်းရှိမရှိ တာလီ ဘန်အဖွဲ့ကို စောင့်ကြည့်မည်ဟု အမေရိကန်အစိုးရ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က သြဂုတ်လ ၁၇ ရက်တွင် သတင်းထောက်များအား ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အမျိုးသမီးများကို အလုပ်လုပ်ကိုင်ခွင့်၊ ပညာဆည်းပူးခွင့်ပြုမည်ဖြစ်သလို အစ္စလာမ္မစ်ဥပဒေ မူဘောင်နှင့် အတွင်း မီဒီယာများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မည်ဟု အာဖဂန်နစ္စတန်နိုင်ငံအား ထိန်းချုပ်ပြီး နောက်ပိုင်း တာလီဘန်အဖွဲ့က ပြောကြားခဲ့သည်။

 

အမေရိကန်နိုင်ငံက တာလီဘန်အဖွဲ့အား တရားဝင်အုပ်ချုပ်ရေးအစိုးရအဖြစ် အသိအမှတ်ပြုခြင်းရှိ မရှိ ဆူလီဗန်အား သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်းဖြစ်သည်။

 

“အုပ်ချုပ်ရေးအဖွဲ့တောင် မဖွဲ့စည်းရသေးတဲ့ ကဘူးလ်မြို့တော်မှာ အခု ကစဉ့်ကလျားအခြေအနေတစ်ရပ် ဖြစ်နေပါတယ်။ ဒါ့ကြောင့် ဒီမေးခွန်းကိုဖြေဆိုဖို့ အချိန်မတန်သေးပါဘူး” ဟု ၎င်းက ပြောကြားသည်။

 

အာဖဂန်နစ္စတန်နိုင်ငံ၌ တရားဝင် အာဏာလွှဲပြောင်းပေးမှုမရှိခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က သြဂုတ်လ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့က သြဂုတ်လ ၁၇ ရက်တွင် အာဖ ဂန်နစ္စတန်နိုင်ငံဆိုင်ရာ အခြေအနေကို ဖုန်းဖြင့် ဆွေးနွေးခဲ့ကြသည်။

 

ဘုံမဟာဗျူဟာတစ်ရပ် ဆွေးနွေးမည့် ဂျီ-၇ ခေါင်းဆောင်များ၏ အွန်လိုင်းအစည်းအဝေးတစ်ခုကျင်းပရန် သဘောတူခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားသည်။

 

Ref; US official: Taliban will be observed

 

#PeopleMedia #EPN #International #အမေရိကန်

 

(unicode)


………………………………………………….

 


 


 


 


 


 


 


 


 


 

Ref; US official: Taliban will be observed

 



Share this post