• Follow Us on

Home မတ်လ ၂၇ ရက်မှစ၍ တော်လှန်ရေးတိုက်စစ်အရှိန်မြင့်တင်တော့မည်ဖြစ်သလို ဖောက်ခွဲတိုက်ခိုက်ရာတွင် အမဲ ရောင်အိတ်ဖြင့် ပါဆယ်ဗုံးများကိုအသုံးပြုမည်ဖြစ်၍ အိတ်အမဲများကို အထူးသတိထားရှောင်ရှားရန် လှိုင်မြို့ နယ် PDF ထုတ်ပြန်

မတ်လ ၂၇ ရက်မှစ၍ တော်လှန်ရေးတိုက်စစ်အရှိန်မြင့်တင်တော့မည်ဖြစ်သလို ဖောက်ခွဲတိုက်ခိုက်ရာတွင် အမဲ ရောင်အိတ်ဖြင့် ပါဆယ်ဗုံးများကိုအသုံးပြုမည်ဖြစ်၍ အိတ်အမဲများကို အထူးသတိထားရှောင်ရှားရန် လှိုင်မြို့ နယ် PDF ထုတ်ပြန်

Share this post

ရန်ကုန်၊ မတ် ၁၈

 

လာမည့် မတ်လ ၂၇ ရက်မှစ၍ တော်လှန်ရေးတိုက်စစ်အရှိန်မြင့်တင်တော့မည်ဖြစ်သလို ဖောက်ခွဲတိုက်ခိုက်ရာ တွင် အမဲရောင်အိတ်များဖြင့် ပါဆယ်ဗုံးများကို အသုံးပြုမည်ဖြစ်၍ အိတ်အမဲများကို အထူးသတိထားရှောင်ရှား ပေးရန် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် PDF အဖွဲ့မှ ထုတ်ပြန်ထားသည်။

 

တိုက်စစ်အရှိန်မြင့်တင်ရာတွင် အစိုးရ၏ အခြေခံအုတ်မြစ်ဖြစ်ထောက်ပံနေသည့် မီတာရုံးများ၊ အခွန်ရုံးများ၊ စည်ပင်ရုံးများကို အဓိကပစ်မှတ်ထားကာ ပျောက်ကျားနည်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ပျောက်ကျားစနစ်အတိုင်းသည် ရုတ်တစ်ရက်လူမြင်ကွင်းမှ ထွက်လာပြီး လျှပ်တစ်ပြက် တိုက်ခိုက်မူများပြုလုပ် မည်ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ဝမ်းရေးအရဖြစ်စေ ကိစ္စတစ်စုံတစ်ရာကြောင့်ဖြစ်စေ mission နယ်နိမိတ်ထဲ ရောက်နေပါက ဘာကိုမှ မစပ်စုဘဲ လွတ်ကျွတ်ရာ လမ်း(သို့)အဆောက်အအုံထဲ ဝင်ရောက်နေထိုင်ပေးရန် ထုတ်ပြန်ထားသည်။

 

ရန်ကုန်မြို့ရှိ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းစစ်ဆင်ရေးများ ပြန်လည်အရှိန်မြင့်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………….

 


 


 


 


 


 

#PeopleMedia


Share this post