• Follow Us on

Home တိုင်းပြည်ကာကွယ်ရေးတွင် ညာသံပေးပြီး လေဖြင့်လုပ်နေ၍မရကြောင်း ပြောဆိုလိုက်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

တိုင်းပြည်ကာကွယ်ရေးတွင် ညာသံပေးပြီး လေဖြင့်လုပ်နေ၍မရကြောင်း ပြောဆိုလိုက်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တိုင်းပြည်ကာကွယ်ရေးတွင် ညာသံပေးပြီး လေဖြင့်လုပ်နေ၍မရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောသည်။

ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ နိုင်ငံ တော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် ၎င်းမှအထက်ပါအတိုင်းပြောကြားခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ အမှာစကားပြောကြားရာတွင် “တိုင်းပြည်ရဲ့ ကာကွယ်ရေးမှာ ညာသံပေး နေလို့တော့ မရဘူးပေါ့။ ဝေ လေလေအော်နေလို့မရဘူး။ ဟေး ဟေး လုပ်လို့မရဘူး။ တကယ်လုပ်နိုင်တဲ့သူရှိ ဖို့လိုတယ်။ အသံနဲ့ ကာနေလို့ မရဘူး။ အသံပေးပြီးလုပ်နေလို့မရဘူး။ လေနဲ့လုပ်နေလို့မရဘူး။ လက်တွေ့ လုပ်ရတဲ့ ကာကွယ်ရေးသွားရတယ်” ဟု ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၏ ရည်မှန်းချက်ဖြစ်သည့် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ် ချုပ်ရေးအမြင်နှင့် ကာကွယ်ရေးအမြင်များကို အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားတွေးခေါ်လုပ်ဆောင်နိုင်ရေး ကြိုး စားဆောင်ရွက်ကြရန် အဓိကထားပြောကြားခဲ့သည်။

ထို့အပြင် ၎င်းမှရှေ့ဆက်လက်ဆောင်ရွက်ရမည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအမြင်နှင့်ပတ် သက်ပြီး ပြောကြားရာတွင် နိုင်ငံရေးအမြင်၌ ပါတီစုံဒီမိုကရေစီစနစ်ခိုင်ခိုင်မာမာဖြစ်စေရေးအတွက် စည်းကမ်းရှိ သည့် ဒီမိုကရေစီနိုင်ငံ၊ တရားမျှတသည့် ဒီမိုကရေစီနိုင်ငံ၊ ရိုးသားသည့်ဒီမိုကရေစီနိုင်ငံဖြစ်ရန်လိုအပ်ပြီး ဥပဒေ ကို အလေးထားလိုက်နာရန် လိုအပ်ကြောင်း၊ ဥပဒေကို ကိုယ်လိုရာဆွဲ၍ ပြောဆိုနေခြင်းများသည် အကျိုးထက် အဆိုးကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအြခေခံဥပဒေအပါအဝင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မဆန့်ကျင်သည့် တည်ဆဲဥပဒေများကို အလေးထားလိုက်နာသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မ တော်အရာရှိကြီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင် တန်းသားအရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

#PeopleMedia #တပ်မတော် #ကာကွယ်ရေး

(unicode)
………………………………………………










Share this post