• Follow Us on

Home တီယန္မင္ရင္ျပင္ၿဖိဳခြဲခံရမႈအထိမ္းအမွတ္အြန္လိုင္းအခမ္းအနားမ်ားကို အေႏွာင့္အယွက္ေပးသည္ဟုဆိုကာ Zoom ကုမၸဏီ၏ တ႐ုတ္အေျခစိုက္အရာ႐ွိကို အေမရိကန္က တရားစြဲ

တီယန္မင္ရင္ျပင္ၿဖိဳခြဲခံရမႈအထိမ္းအမွတ္အြန္လိုင္းအခမ္းအနားမ်ားကို အေႏွာင့္အယွက္ေပးသည္ဟုဆိုကာ Zoom ကုမၸဏီ၏ တ႐ုတ္အေျခစိုက္အရာ႐ွိကို အေမရိကန္က တရားစြဲ

Share this post

နယူးေယာက္၊ ဒီဇင္ဘာ ၁၉
 
တ႐ုတ္ႏိုင္ငံမွတီယန္မင္ရင္ျပင္ၿဖိဳခြဲခံရမႈ ၃၁ ႏွစ္ျပည့္အထိမ္းအမွတ္အခမ္းအနားမ်ားအတြက္ အြန္လိုင္းအစည္း အေ၀းမ်ားကိုၾကားျဖတ္ေႏွာင့္ယွရန္အစီအစဥ္တြင္ပါ၀င္ခဲ့သျဖင့္ Zoom ကုမၸဏီ၏တ႐ုတ္အေျခစိုက္အရာ႐ွိ တေယာက္ကို အေမရိကန္အစိုးရေ႐ွ႕ေနမ်ားက ေသာၾကာေန႔တြင္တရားစြဲခဲ့သည္။
 
ကုမၸဏီ၏ တ႐ုတ္တရားဥပေဒစိုးမိုးေရးႏွင့္ေထာက္လွမ္းေရးေအဂ်င္စီမ်ားႏွင့္ၫွိႏႈိင္းေရးမွဴး ႐ွင္ဂ်န္းဂ်င္က ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီမွစတင္၍ တ႐ုတ္အစိုးရၫႊန္ၾကားခ်က္ျဖင့္ ကုမၸဏီစနစ္မ်ားကိုအသံုးျပဳၿပီး ေဆြးေႏြးမႈမ်ားကိုဆင္ဆာျဖတ္ေနေၾကာင္း အေမရိကန္တရားေရး၀န္ႀကီးဌာနကေျပာသည္။
 
ေမႏွင့္ ဇြန္ ၂ လအတြင္း အသက္႐ွင္ခဲ့ေသာဆႏၵျပသူမ်ား၏မိသားစုမ်ားပါ၀င္သည့္အစည္းအေ၀း အနည္းဆံုး ၄ ႀကိမ္ကိုပ်က္ျပားေစရန္ ဂ်င္က ပါ၀င္ေဆာင္႐ြက္ခဲ့ၿပီး အထက္လူၿပီးမ်ားထံသူ႔လုပ္ရပ္ကိုတင္ျပျခင္းမ႐ွိဘဲ ကုမၸဏီ၏၀န္ေဆာင္မႈဆိုင္ရာသတ္မွတ္ခ်က္မ်ားကိုခ်ိဳးေဖာက္ခဲ့သည္ဟု အမႈစစ္မ်ားကေျပာသည္။
 
မိသားစု၀င္မ်ား၏နာမည္မ်ားျဖင့္ အီးေမးအေကာင့္တုမ်ား၊ Zoom အေကာင့္တုမ်ားကို ဂ်င္ႏွင့္ပူးေပါင္း ေဆာင္႐ြက္သူမ်ားက ဖြင့္လွစ္ခဲ့ၿပီး အစည္းအေ၀းတက္ေရာက္သူမ်ားသည္ အၾကမ္းဖက္မႈ၊ အဓိက႐ုဏ္းျဖစ္ ေစမႈႏွင့္ အသက္မျပည့္ေသးသူမ်ား၏အျပာ႐ုပ္ပံုမ်ားျဖန္႔ခ်ိမႈ စသည္တို႔တြင္ပါ၀င္ပတ္သက္ေနေယာင္ ေဆာင္ခဲ့သည္ဟုလည္းေျပာသည္။
 
တိုင္ၾကားခ်က္ကို ျပန္လည္သံုးသပ္ေနေၾကာင္း Zoom ကုမၸဏီကေျပာသည္။
 
ဂ်င္သည္ အေမရိကန္တြင္ေနထိုင္ ျခင္းမဟုတ္သျဖင့္ အေမရိကန္ထိန္းသိမ္းမထားႏိုင္ဘဲ သူ႔ေ႐ွ႕ေနမည္သူ ျဖစ္ေၾကာင္း လက္႐ွိတြင္ထုတ္ေဖာ္ႏိုင္ျခင္းမ႐ွိေပ။
 
Ref : US charges China-based Zoom executive with disrupting Tiananmen video commemorations
 
#PeopleMedia
 
(unicode)
တီယန်မင်ရင်ပြင်ဖြိုခွဲခံရမှုအထိမ်းအမှတ်အွန်လိုင်းအခမ်းအနားများကို အနှောင့်အယှက်ပေးသည်ဟုဆိုကာ Zoom ကုမ္ပဏီ၏ တရုတ်အခြေစိုက်အရာရှိကို အမေရိကန်က တရားစွဲ
……………………………………………….
 
နယူးယောက်၊ ဒီဇင်ဘာ ၁၉
 
တရုတ်နိုင်ငံမှတီယန်မင်ရင်ပြင်ဖြိုခွဲခံရမှု ၃၁ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားများအတွက် အွန်လိုင်းအစည်း အဝေးများကိုကြားဖြတ်နှောင့်ယှရန်အစီအစဉ်တွင်ပါဝင်ခဲ့သဖြင့် Zoom ကုမ္ပဏီ၏တရုတ်အခြေစိုက်အရာရှိ တယောက်ကို အမေရိကန်အစိုးရရှေ့နေများက သောကြာနေ့တွင်တရားစွဲခဲ့သည်။
 
ကုမ္ပဏီ၏ တရုတ်တရားဥပဒေစိုးမိုးရေးနှင့်ထောက်လှမ်းရေးအေဂျင်စီများနှင့်ညှိနှိုင်းရေးမှူး ရှင်ဂျန်းဂျင်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီမှစတင်၍ တရုတ်အစိုးရညွှန်ကြားချက်ဖြင့် ကုမ္ပဏီစနစ်များကိုအသုံးပြုပြီး ဆွေးနွေးမှုများကိုဆင်ဆာဖြတ်နေကြောင်း အမေရိကန်တရားရေးဝန်ကြီးဌာနကပြောသည်။
 
မေနှင့် ဇွန် ၂ လအတွင်း အသက်ရှင်ခဲ့သောဆန္ဒပြသူများ၏မိသားစုများပါဝင်သည့်အစည်းအဝေး အနည်းဆုံး ၄ ကြိမ်ကိုပျက်ပြားစေရန် ဂျင်က ပါဝင်ဆောင်ရွက်ခဲ့ပြီး အထက်လူပြီးများထံသူ့လုပ်ရပ်ကိုတင်ပြခြင်းမရှိဘဲ ကုမ္ပဏီ၏ဝန်ဆောင်မှုဆိုင်ရာသတ်မှတ်ချက်များကိုချိုးဖောက်ခဲ့သည်ဟု အမှုစစ်များကပြောသည်။
 
မိသားစုဝင်များ၏နာမည်များဖြင့် အီးမေးအကောင့်တုများ၊ Zoom အကောင့်တုများကို ဂျင်နှင့်ပူးပေါင်း ဆောင်ရွက်သူများက ဖွင့်လှစ်ခဲ့ပြီး အစည်းအဝေးတက်ရောက်သူများသည် အကြမ်းဖက်မှု၊ အဓိကရုဏ်းဖြစ် စေမှုနှင့် အသက်မပြည့်သေးသူများ၏အပြာရုပ်ပုံများဖြန့်ချိမှု စသည်တို့တွင်ပါဝင်ပတ်သက်နေယောင် ဆောင်ခဲ့သည်ဟုလည်းပြောသည်။
 
တိုင်ကြားချက်ကို ပြန်လည်သုံးသပ်နေကြောင်း Zoom ကုမ္ပဏီကပြောသည်။
 
ဂျင်သည် အမေရိကန်တွင်နေထိုင် ခြင်းမဟုတ်သဖြင့် အမေရိကန်ထိန်းသိမ်းမထားနိုင်ဘဲ သူ့ရှေ့နေမည်သူ ဖြစ်ကြောင်း လက်ရှိတွင်ထုတ်ဖော်နိုင်ခြင်းမရှိပေ။
 
Ref : US charges China-based Zoom executive with disrupting Tiananmen video commemorations
 
#PeopleMedia

Share this post