• Follow Us on

Home တရုတ်ကို သတင်းအချက်အလက်ရောင်းစားခဲ့တဲ့ CIA အရာရှိဟောင်း ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခံရ


Share this post


အမေရိကန်နိုင်ငံသား ခံယူထားတဲ့ လီဟာ ၁၉၉၄ ခုနှစ် ၂၀၀၇ အတွင်း CIA အတွက် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလမှာ အမေရိကန်ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့တဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။





(Unicode)
တရုတ်ကို သတင်းအချက်အလက်ရောင်းစားခဲ့တဲ့ CIA အရာရှိဟောင်း ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခံရ
………………………………………………………

တရုတ်နိုင်ငံကို CIA ရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားစေခဲ့တဲ့ CIA အရာရှိဟောင်း ဂျယ်ရီချန်ရှီ လီဟာ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထောင်ဒဏ် ၁၉ နှစ်ချမှတ်ခံခဲ့ရပါတယ်။

အမေရိကန်နို်င်ငံသား ခံယူထားတဲ့ လီဟာ ၁၉၉၄ ခုနှစ် ၂၀၀၇ အတွင်း CIA အတွက် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ အမေရိကန်ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့တဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

လီဟာ ၂၀၁၀ ခုနှစ်မှာ ဟောင်ကောင်ကို ပြောင်းရွှေ့ခဲ့ပြီး CIA ရဲ့ သတင်းအချက်အလက်တွေကို တရုတ် ထောက်လှမ်းရေးအေးဂျင့်တွေကို ပေးပြီး ငွေကြေးလက်ခံရယူခဲ့တယ်လို့ စွပ်ချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။

လီဟာ တရုတ်နိုင်ငံကို CIA ရဲ့ သတင်းအချက်အလက်ပေးတဲ့အတွက် အမေရိကန်ဒေါ်လာ ၈ သိန်း ၄ သောင်းရရှိခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပါတယ်။

Ref; https://malaysia.news

#PeopleMedia #International


Share this post