• Follow Us on

Home တရုတ်ကျူးကျော်ရန်စမှုကို ဆန့်ကျင်၍ အိန္ဒိယနိုင်ငံနှင့်အတူ ရပ်တည်ကြောင်း အမေရိကန်ပြော

တရုတ်ကျူးကျော်ရန်စမှုကို ဆန့်ကျင်၍ အိန္ဒိယနိုင်ငံနှင့်အတူ ရပ်တည်ကြောင်း အမေရိကန်ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၄ (People Media)

 

၂၀၂၀ ပြည့်နှစ်က ဂေါ်ဝန်တောင်ကြားတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ စစ်သားများက အိန္ဒိယစစ်သားများကို တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံကို အမေရိကန်လွှတ်တော်အမတ် များက ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချနေစဉ်အတွင်း တရုတ်နိုင်ငံ၏ ကျူးကျော်ရန်စမှုကို ဆန့်ကျင်၍ အမေရိ ကန်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံဘက်က ရပ်တည်ကြောင်း အမေရိကန်အစိုးရက ပြောကြာားလိုက်သည်။

 

“အိန္ဒိယ-တရုတ် နယ်စပ်အရေအခင်းနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အငြင်းပွားမှုတွေကို တိုက်ရိုက်ဆွေးနွေး ပြီး ငြိမ်းချမ်းတဲ့နည်းနဲ့အဖြေရှာဖို့ ကျွန်တော်တို့ ဆက်လက်တိုက်တွန်းပံ့ပိုးသွားမှာပါ။” ဟု နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ တွင် သတင်းထောက်များကို ပြောသည်။

 

“တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံတွေကို ဆက်လက်ခြိမ်းခြောက်ဖို့ ကြိုးပမ်းအားထုတ်နေတာနဲ့ပတ်သက်ပြီး စိုး ရိမ်ပူပန်ကြောင်း ကျွန်တော်တို့ အရင်ကတည်းကပြောခဲ့ပါတယ်။ ကျွန်တော်တို့ အမြဲတမ်းပြောနေသလိုပဲ ကျွန် တော်တို့ရဲ့ မိတ်ဆွေနိုင်ငံတွေနဲ့အတူ ရပ်တည်သွားမှာပါ။ ကျွန်တော်တို့အတူတကွမျှဝေခံစားကြတဲ့ ချမ်းသာ ကြွယ်ဝရေး၊ လုံခြုံရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသက တန်ဖိုးတွေကို မြှင့်တင်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ မိတ်ဖက် နိုင်ငံတွေ၊ မဟာမိတ်နိုင်ငံတွေနဲ့အတူ ရပ်တည်သွားမှာပါ။” ဟု ၎င်းကပြောသည်။

 

၂၀၂၀ ပြည့်နှစ်က ဂေါ်ဝန်တောင်ကြားတွင် အိန္ဒိယစစ်သားများကို တိုက်ခိုက်ခဲ့စဉ်က ဒဏ်ရာရရှိခဲ့သော တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA မှ တပ်ရင်းမှူးုဖြစ်သူ ချီဖားပေါင် (Qi Fabao) ကို မကြာမီကျင်းပမည့် အိုလံပစ်အားကစားပြိုင်ပွဲတွင် အိုလံပစ်မီးရှှုးတိုင် သယ်ဆောင်မည့်သူအဖြစ် အမည်စာရင်းတင်သွင်းလိုက်ခြင်း ကြောင့် တရုတ်နိုင်ငံကို အမေရိကန်ထိပ်တန်းလွှတ်တော်အမတ်များက ဝေဖန်ခဲ့ကြသည်။

 

“၂၀၂၀ ပြည့်နှစ်က အိန္ဒိယတပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ တရုတ်စစ်သားတစ်ယောက်ကို အိုလံပစ်မီးရှူးတိုင်သယ်ဆောင်မယ့်သူအဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တာဟာ ရည်ရွယ်ချက်ရှိရှိလုပ်လိုက်တဲ့ ဆိုးရွားလှတဲ့ ရန်စမှုတစ်ခုပါပဲ။” ဟု ဖလော်ရီဒါမှ လွှတ်တော်အမတ် မက်ခရိုရူဘီယိုက ပြောကြားရင်း ၎င်းအ နေဖြင့် အိန္ဒိယနိုင်ငံနှင့်အတူ ရပ်တည်ကြောင်းကြေညာလိုက်သည်။

 

အမေရိကန်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အချုပ်အခြာအာဏာကို ဆက်လက်ထောက်ခံပံ့ပိုးသွားမည်ဖြစ်ကြောင်း အမေရိကန်အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီအဖွဲ့ဝင် လွှတ်တော်အမတ် ဂျမ်ရစ်က တွစ်တာ တွင်ရေးသားဖော်ပြခဲ့သည်။

 

“၂၀၂၀ ပြည့်နှစ်က အိန္ဒိယကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာပါဝင်ခဲ့ပြီး ဝီဂါလူမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့ အထဲမှာပါဝင်ခဲ့တဲ့ စစ်ခေါင်းဆောင်တစ်ယောက်ကို ၂၀၂၂ ခုနှစ် အိုလံပစ်မီးရှူးတိုင်သယ်ဆောင်မယ့်သူအဖြစ် ရွေးချယ်လိုက်တယ်ဆိုတာ ရှက်စရာကောင်းပါတယ်။ ဝီဂါလူမျိုးတွေလွတ်လပ်ရေးနဲ့ အိန္ဒိယနိုင်ငံရဲ့ အချုပ်အ ခြာအာဏာကို အမေရိကန်က ဆက်လက်ထောက်ခံသွားမှာဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

 

Ref: US Says It Stands With India Against Chinese Military Aggression

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 

Ref: US Says It Stands With India Against Chinese Military Aggression

 

#PeopleMedia


Share this post