• Follow Us on

Home တ႐ုတ္ဘက္မွထြက္လာေသာအဝါေရာင္ဖုန္မႈန္႔မ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ပါ၀င္လာႏိုင္ဟု ေျမာက္ကိုရီးယား သတိေပး

တ႐ုတ္ဘက္မွထြက္လာေသာအဝါေရာင္ဖုန္မႈန္႔မ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ပါ၀င္လာႏိုင္ဟု ေျမာက္ကိုရီးယား သတိေပး

Share this post

ဆိုးလ္၊ ေအာက္တိုဘာ ၂၃

တ႐ုတ္ႏိုင္ငံဘက္မွလြင့္လာေသာအဝါေရာင္ဖုန္မႈန္႔မ်ားေၾကာင့္ ႏိုင္ငံသားမ်ားကို အိမ္ထဲတြင္သာေနရန္ ေျမာက္ကိုရီးယားႏိုင္ငံက သတိေပးသည္။

သတိေပးခ်က္ထုတ္ျပန္ၿပီးေနာက္ပိုင္း ၾကာသပေတးေန႔တြင္ ၿမိဳ႕ေတာ္ျပံဳယမ္းလမ္းမမ်ား႐ွင္းလင္းေနသည္ကို ျမင္ရသည္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသည့္လူနာမ႐ွိဟု ေျမာက္ကိုရီးယားႏိုင္ငံဘက္ကေျပာထားေသာ္လည္း ဇန္နဝါရီလမွစတင္၍ နယ္စပ္ကိုတင္းတင္းၾကပ္ၾကပ္ပိတ္ဆို႔ထားၿပီး သြားလာလႈပ္႐ွားမႈလည္း ကန္႔သတ္ထားသည္။

ရာသီအလိုက္ေရာက္တတ္သည့္ဖုန္မႈန္႔မ်ားႏွင့္ COVID-19 ေရာဂါတို႔ၾကား သိထားသည့္ဆက္ႏြယ္မႈ မ႐ွိေသးေခ်။

ေျမာက္ကိုရီးယားအစိုးရပိုင္ ေကစီတီဗြီ႐ုပ္သံဌာနက ဗုဒၶဟူးေန႔တြင္ ရာသီဥတုဆိုင္ရာအထူးသတင္းလႊာကို ထုတ္လႊင့္ခဲ့ၿပီး ၾကာသပေတးေန႔တြင္ အဝါေရာင္ဖုန္မႈန္႔မ်ားေရာက္လာမည္ဟု သတိေပးခဲ့သည္။

ထိုသတင္းလႊာတြင္ပင္ ျပင္ပထြက္ၿပီး ေဆာက္လုပ္ေရးလုပ္ငန္းမ်ားလုပ္ကိုင္ျခင္းကိုလည္း တားျမစ္ထားသည္။

ဗိုင္းရပ္စ္ပါေသာဖုန္မႈန္႕မ်ားေၾကာင့္ ႏိုင္ငံသားမ်ားကိုႏွာေခါင္းစည္းတပ္ခိုင္းရျခင္းျဖစ္သည္ဟု တာမန္နစၥ တန္ႏိုင္ငံကလည္းေျပာသည္။

ကပ္ေရာဂါကူးစက္မႈကိုဖံုးကြယ္ရန္ ႀကိဳးစားျခင္းလည္းမဟုတ္ေၾကာင္း တာမန္နစၥတန္က ျငင္းဆိုသည္။

Ref : Coronavirus: North Korea warnings over ‘yellow dust coming from China’

#PeopleMedia

(unicode)
တရုတ်ဘက်မှထွက်လာသောအဝါရောင်ဖုန်မှုန့်များတွင် ကိုရိုနာဗိုင်းရပ်စ်ပါဝင်လာနိုင်ဟု မြောက်ကိုရီးယား သတိပေး
…………………………………………………..

ဆိုးလ်၊ အောက်တိုဘာ ၂၃

တရုတ်နိုင်ငံဘက်မှလွင့်လာသောအဝါရောင်ဖုန်မှုန့်များကြောင့် နိုင်ငံသားများကို အိမ်ထဲတွင်သာနေရန် မြောက်ကိုရီးယားနိုင်ငံက သတိပေးသည်။

သတိပေးချက်ထုတ်ပြန်ပြီးနောက်ပိုင်း ကြာသပတေးနေ့တွင် မြို့တော်ပြုံယမ်းလမ်းမများရှင်းလင်းနေသည်ကို မြင်ရသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့်လူနာမရှိဟု မြောက်ကိုရီးယားနိုင်ငံဘက်ကပြောထားသော်လည်း ဇန်နဝါရီလမှစတင်၍ နယ်စပ်ကိုတင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားပြီး သွားလာလှုပ်ရှားမှုလည်း ကန့်သတ်ထားသည်။

ရာသီအလိုက်ရောက်တတ်သည့်ဖုန်မှုန့်များနှင့် COVID-19 ရောဂါတို့ကြား သိထားသည့်ဆက်နွယ်မှု မရှိသေးချေ။

မြောက်ကိုရီးယားအစိုးရပိုင် ကေစီတီဗွီရုပ်သံဌာနက ဗုဒ္ဓဟူးနေ့တွင် ရာသီဥတုဆိုင်ရာအထူးသတင်းလွှာကို ထုတ်လွှင့်ခဲ့ပြီး ကြာသပတေးနေ့တွင် အဝါရောင်ဖုန်မှုန့်များရောက်လာမည်ဟု သတိပေးခဲ့သည်။

ထိုသတင်းလွှာတွင်ပင် ပြင်ပထွက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ကိုင်ခြင်းကိုလည်း တားမြစ်ထားသည်။

ဗိုင်းရပ်စ်ပါသောဖုန်မှုန့်များကြောင့် နိုင်ငံသားများကိုနှာခေါင်းစည်းတပ်ခိုင်းရခြင်းဖြစ်သည်ဟု တာမန်နစ္စ တန်နိုင်ငံကလည်းပြောသည်။

ကပ်ရောဂါကူးစက်မှုကိုဖုံးကွယ်ရန် ကြိုးစားခြင်းလည်းမဟုတ်ကြောင်း တာမန်နစ္စတန်က ငြင်းဆိုသည်။

Ref : Coronavirus: North Korea warnings over ‘yellow dust coming from China’

#PeopleMedia


Share this post