• Follow Us on

Home တ႐ုတ္ဘက္ျခမ္း၌ ျမန္မာယာဥ္ေမာင္းမ်ားကို ယာဥ္ေမာင္းလဲလွယ္ခႏႈန္းထားမ်ား တိုးျမႇင့္သတ္မွတ္၍ ျမန္မာယာဥ္ေမာင္းမ်ား အခက္ေတြ႕

တ႐ုတ္ဘက္ျခမ္း၌ ျမန္မာယာဥ္ေမာင္းမ်ားကို ယာဥ္ေမာင္းလဲလွယ္ခႏႈန္းထားမ်ား တိုးျမႇင့္သတ္မွတ္၍ ျမန္မာယာဥ္ေမာင္းမ်ား အခက္ေတြ႕

Share this post

ရန္ကုန္၊ ေအာက္တိုဘာ – ၁၃
 
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္နယ္စပ္ျဖစ္သည့္ တ႐ုတ္နိုင္ငံဘက္ျခမ္းရွိ မန႔္ဝိန္းဂိတ္တြင္ တ႐ုတ္နိုင္ငံဘက္မွ ျမန္မာယာဥ္ေမာင္းမ်ားကို ယာဥ္ေမာင္းလဲလွယ္ခႏႈန္းထားမ်ား တိုးျမႇင့္သတ္မွတ္၍ ျမန္မာယာဥ္ေမာင္းမ်ား အခက္အခဲႀကဳံေတြ႕လ်က္ရွိေၾကာင္း အေဝးေျပးကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းရွင္မ်ားအသင္း(မူဆယ္)ဥကၠ႒ ဦးဝင္ေအာင္ခန႔္ကေျပာသည္။
 
COVID 19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ဧၿပီလပထမပတ္မွစတင္ကာ ႏွစ္နိုင္ငံအ၀င္အထြက္ဂိတ္မ်ား တြင္ ယာဥ္ေမာင္းလဲလွယ္ေမာင္းႏွင္ေသာစနစ္ကို အသုံးျပဳခဲ့ျခင္းျဖစ္သည္။
 
ယခုအခါတြင္ တ႐ုတ္နိုင္ငံဘက္မွ ေမာင္းႏွင္ခႏႈန္းထားတိုးျမႇင့္ေျပာင္းလဲသတ္မွတ္ခဲ့ျခင္းျဖစ္သည္။
 
ယင္းကိစၥႏွင့္ပတ္သက္ၿပီး ၎အား People Media မွဆက္သြယ္ေမးျမန္းရာ အထက္ပါအတိုင္း ေျဖၾကားခဲ့ျခင္း ျဖစ္သည္။
 
“အဝင္ ယြမ္တစ္ရာ၊ အထြက္ ယြမ္တစ္ရာဆိုေတာ့ အဝင္အထြက္ကို ၄၀၀၀၀ ေလာက္က်တယ္။ ဒါကို မေက်နပ္ၾကဘူးေပါ့ဗ်ာ။ သူ႔နိုင္ငံသားေတြဘက္ကလည္း သေဘာမက်ဘူး။ ဒီနားေလးကို တစ္ရာေပးရလို႔။ ကၽြန္ေတာ္တို႔လည္း သေဘာမက်ဘူး။ အဆင္မေျပဘူးေပါ့။ တစ္ရာေကာက္တဲ့အေပၚမွာ သူတို႔ ေၾကညာထား တာက ယာဥ္ေမာင္းကို ၅၀ ေပးတယ္။ ယာဥ္ေမာင္းေတြနဲ႔ပတ္သက္တဲ့ စရိတ္ကုမၸဏီက က်ခံေပးရတယ္ေပါ့ ေနာ္။ ဒါေၾကာင့္ တစ္ရာေကာက္ရတာေပါ့။ သူ႔ကုန္က်စရိတ္နဲ႔ဆိုရင္ ဒီဟာက လက္ခံေပးရမယ့္ အေနအထား ျဖစ္ေနတယ္။ လက္ခံလိုက္တာကို ေျပာတာ မဟုတ္ဘူးေနာ္” ဟု အေဝးေျပးကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္း ရွင္မ်ားအသင္း(မူဆယ္)ဥကၠ႒ ဦးဝင္ေအာင္ခန႔္မွ ေျပာသည္။
 
ဆက္လက္ၿပီး ၎မွ ထိုသို႔လဲလွယ္ေမာင္းႏွင္ရာတြင္ ယခင္က တစ္ဖက္နိုင္ငံအစားထိုးယာဥ္ ေမာင္းအား အ၀င္အထြက္ တစ္ေခါက္လွ်င္ တ႐ုတ္ယြမ္ေငြ ၃၀ (ျမန္မာေငြက်ပ္ ၅၀၀၀ ေက်ာ္)သာ ေပးေဆာင္ရၿပီး လက္ရွိ တ႐ုတ္ကုမၸဏီတစ္ခုမွ ေျပာင္းလဲလုပ္ကိုင္ၿပီးေနာက္တြင္ ၎တို႔ သတ္မွတ္ထားသည့္ အစားထိုးယာဥ္ေမာင္း မ်ားအား အဝင္အထြက္ တစ္ေခါက္စီအတြက္ ယြမ္ေငြ ၁၀၀ (ျမန္မာေငြ ႏွစ္ေသာင္းက်ပ္ခန႔္)စီ ေပးေဆာင္ရန္ ေအာက္တိုဘာလ ၁၁ ရက္က စတင္သတ္မွတ္ခဲ့သည္ဟုဆိုသည္။
 
ထို႔ျပင္ တ႐ုတ္ကုမၸဏီမွ ကုန္တင္ယာဥ္အား ျပန္လည္ပို႔ေဆာင္ရာတြင္ ၎ကုမၸဏီပိုင္ ကားဝင္းတစ္ခုအတြင္း ရပ္နားေပးထားၿပီး ျမန္မာနိုင္ငံဘက္မွ အစားထိုးယာဥ္ေမာင္းက မိနစ္ ၃၀ အတြင္း လာမထုတ္ပါက အျခား ကားဝင္းတစ္ခုသို႔ ေရႊ႕ေျပာင္းထားျခင္းမ်ားရွိၿပီး ဒဏ္ေၾကးအျဖစ္ တ႐ုတ္ယြမ္ေငြ ၂၅၀ ျဖင့္ ေရြးယူရသည္ဟု ၎မွေျပာသည္။
 
ယင္းအေျခအေနတြင္ မိမိတို႔ဘက္မွ အစားထိုးယာဥ္ေမာင္းနည္းပါးသည့္အျပင္ ဖုန္းျဖင့္သာ ခ်ိတ္ဆက္ ေဆာင္ရြက္နိုင္ၿပီး တစ္ဖက္ ယာဥ္ေမာင္းမ်ားမွလည္း ေနာက္က်မွ ယာဥ္ေရာက္ရွိေနသည္ကို အသိေပးျခင္းမ်ိဳး ရွိေသာေၾကာင့္ ၂၅၀ ဒဏ္ေငြရိုက္ျခင္းကို လက္ခံလို႔ မရဟုလည္း ဦးဝင္းေအာင္ခန႔္က ဆိုသည္။
 
ကိုဗစ္ကာလ ယခင္ရက္မ်ားအတြင္း နယ္စပ္ဂိတ္မ်ားတြင္ ေန႔စဥ္ အဝင္အထြက္ျပဳလုပ္သည့္ ကုန္ကား အေရအတြက္မွာ ၁၉၀ ဝန္းက်င္ရွိၿပီး တိုးျမႇင့္ေကာက္ခံသည့္ ရက္မွစ၍ အစီးေရ ၇၀ နီးပါးထိ ေလ်ာ့က် သြားေၾကာင္း သိရသည္။
 
မူဆယ္ၿမိဳ႕ ေအာင္ေရႊလီ ကုန္စည္ပို႔ေဆာင္ေရးမွ တာဝန္ခံ ကိုေက်ာ္သူက “ဘယ္လိုအမိန္နဲ႔ ဘယ္လို လုပ္တယ္ဆိုတာ ကၽြန္ေတာ္တို႔ ဒီေအာက္က အတိအက် မသိရဘူး။ ဘယ္လို ဆက္ျဖစ္လာမလဲ ေစာင့္ၾကည့္ ရဦးမယ္ဗ်။ အရင္ကတည္းက ကၽြန္ေတာ္တို႔က ခံခဲ့ရတာ၊ ဒီလိုပဲ လုပ္လာခဲ့ရတာ။ ဒီဂိတ္ေတြနဲ႔ကိစၥက ကၽြန္ေတာ္တို႔က သြားၿပီး ေမးခြန္းထုတ္ေနလို႔ မရဘူးဗ်။ ကၽြန္ေတာ္တို႔မွာလည္း လုပ္ပိုင္ခြင့္မရွိဘူး။ ဘယ္အဖြဲ႕ အစည္းက ဘယ္လို အေကာင္းဆုံး လုပ္ေပးမလဲဆိုတာ နားစြင့္ေနရပါတယ္” ဟုေျပာသည္။
 
ယခုကဲ့သို႔ ယာဥ္ေမာင္းလဲလွယ္ေမာင္းႏွင္ခႏႈန္းထား တိုးျမႇင့္ေကာက္ခံျခင္းကို တ႐ုတ္ကုမၸဏီဘက္မွ ႀကိဳတင္ အေၾကာင္းၾကားျခင္းမ်ိဳးမရွိဘဲ ယခုကိစၥကိုလည္း တစ္ဖက္တာဝန္ရွိသူမ်ားႏွင့္ ညႇိႏွိုင္းေဆာင္ရြက္သြားမည္ဟု အေဝးေျပး ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းရွင္မ်ားအသင္း(မူဆယ္)ဥကၠ႒ ဦးဝင္ေအာင္ခန႔္မွ ေျပာသည္။
 
အလားတူ ႏႈန္းထားမ်ား ေျပာင္းလဲတိုးျမႇင့္ေကာက္ခံမႈေၾကာင့္သာ မဟုတ္ဘဲ ကိုဗစ္ကပ္ေရာဂါ အေျခအေနေ ၾကာင့္ ယခုကာလအတြင္း နယ္စပ္ကုန္သြယ္စီးဆင္မႈမွာ ေႏွးေကြးမႈမ်ားရွိေနၿပီး ရာခိုင္ႏႈန္းအရ မ်ားစြာက်ဆင္း ေနၿပီး ကုန္သြယ္မႈအားလုံး၏ က်ဆင္းမႈရာခိုင္ႏႈန္းကိုမူ စိစစ္ဆဲျဖစ္ေၾကာင္း ၎မွဆိုသည္။
 
ျမန္မာနိုင္ငံတြင္ နယ္စပ္ ကုန္သြယ္ေရးစခန္း ၁၈ ခုရွိၿပီး တ႐ုတ္ႏွင့္ထိစပ္ေနေသာ မူဆယ္၊ လြယ္ဂ်ယ္၊ ခ်င္း ေရႊေဟာ္၊ ကန္ပိုက္တီး၊ က်ိဳင္းတုံ၊ ထိုင္းနိုင္ငံႏွင့္ထိစပ္ေနေသာ ၿမိတ္၊ ထီးခီး၊ ေမာေတာင္၊ အိႏၵိယႏွင့္ ထိစပ္ ေနေသာ တမူး၊ ရိဒ္ႏွင့္ လာအိုႏွင့္ထိစပ္ေနေသာ က်ိဳင္းလပ္တို႔တြင္လည္း လက္ရွိကိုဗစ္ကာလတြင္ ကုန္သြယ္ ေရးက်ဆင္းလ်က္ရွိသည္။
 
#PeopleMedia #မူဆယ္ၿမိဳ႕ #ကုန္သြယ္ေရး
 
(unicode)
တရုတ်ဘက်ခြမ်း၌ မြန်မာယာဉ်မောင်းများကို ယာဉ်မောင်းလဲလှယ်ခနှုန်းထားများ တိုးမြှင့်သတ်မှတ်၍ မြန်မာ ယာဉ်မောင်းများ အခက်တွေ့
………………………………………………………………
 
ရန်ကုန်၊ အောက်တိုဘာ – ၁၃
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်ဖြစ်သည့် တရုတ်နိုင်ငံဘက်ခြမ်းရှိ မန့်ဝိန်းဂိတ်တွင် တရုတ်နိုင်ငံဘက်မှ မြန်မာယာဉ်မောင်းများကို ယာဉ်မောင်းလဲလှယ်ခနှုန်းထားများ တိုးမြှင့်သတ်မှတ်၍ မြန်မာယာဉ်မောင်းများ အခက်အခဲကြုံတွေ့လျက်ရှိကြောင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း(မူဆယ်)ဥက္ကဋ္ဌ ဦးဝင်အောင်ခန့်ကပြောသည်။
 
COVID 19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဧပြီလပထမပတ်မှစတင်ကာ နှစ်နိုင်ငံအဝင်အထွက်ဂိတ်များ တွင် ယာဉ်မောင်းလဲလှယ်မောင်းနှင်သောစနစ်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
 
ယခုအခါတွင် တရုတ်နိုင်ငံဘက်မှ မောင်းနှင်ခနှုန်းထားတိုးမြှင့်ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
 
ယင်းကိစ္စနှင့်ပတ်သက်ပြီး ၎င်းအား People Media မှဆက်သွယ်မေးမြန်းရာ အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
 
“အဝင် ယွမ်တစ်ရာ၊ အထွက် ယွမ်တစ်ရာဆိုတော့ အဝင်အထွက်ကို ၄၀၀၀၀ လောက်ကျတယ်။ ဒါကို မကျေနပ်ကြဘူးပေါ့ဗျာ။ သူ့နိုင်ငံသားတွေဘက်ကလည်း သဘောမကျဘူး။ ဒီနားလေးကို တစ်ရာပေးရလို့။ ကျွန်တော်တို့လည်း သဘောမကျဘူး။ အဆင်မပြေဘူးပေါ့။ တစ်ရာကောက်တဲ့အပေါ်မှာ သူတို့ ကြေညာထား တာက ယာဉ်မောင်းကို ၅၀ ပေးတယ်။ ယာဉ်မောင်းတွေနဲ့ပတ်သက်တဲ့ စရိတ်ကုမ္ပဏီက ကျခံပေးရတယ်ပေါ့ နော်။ ဒါကြောင့် တစ်ရာကောက်ရတာပေါ့။ သူ့ကုန်ကျစရိတ်နဲ့ဆိုရင် ဒီဟာက လက်ခံပေးရမယ့် အနေအထား ဖြစ်နေတယ်။ လက်ခံလိုက်တာကို ပြောတာ မဟုတ်ဘူးနော်” ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်း ရှင်များအသင်း(မူဆယ်)ဥက္ကဋ္ဌ ဦးဝင်အောင်ခန့်မှ ပြောသည်။
 
ဆက်လက်ပြီး ၎င်းမှ ထိုသို့လဲလှယ်မောင်းနှင်ရာတွင် ယခင်က တစ်ဖက်နိုင်ငံအစားထိုးယာဉ် မောင်းအား အဝင်အထွက် တစ်ခေါက်လျှင် တရုတ်ယွမ်ငွေ ၃၀ (မြန်မာငွေကျပ် ၅၀၀၀ ကျော်)သာ ပေးဆောင်ရပြီး လက်ရှိ တရုတ်ကုမ္ပဏီတစ်ခုမှ ပြောင်းလဲလုပ်ကိုင်ပြီးနောက်တွင် ၎င်းတို့ သတ်မှတ်ထားသည့် အစားထိုးယာဉ်မောင်း များအား အဝင်အထွက် တစ်ခေါက်စီအတွက် ယွမ်ငွေ ၁၀၀ (မြန်မာငွေ နှစ်သောင်းကျပ်ခန့်)စီ ပေးဆောင်ရန် အောက်တိုဘာလ ၁၁ ရက်က စတင်သတ်မှတ်ခဲ့သည်ဟုဆိုသည်။
 
ထို့ပြင် တရုတ်ကုမ္ပဏီမှ ကုန်တင်ယာဉ်အား ပြန်လည်ပို့ဆောင်ရာတွင် ၎င်းကုမ္ပဏီပိုင် ကားဝင်းတစ်ခုအတွင်း ရပ်နားပေးထားပြီး မြန်မာနိုင်ငံဘက်မှ အစားထိုးယာဉ်မောင်းက မိနစ် ၃၀ အတွင်း လာမထုတ်ပါက အခြား ကားဝင်းတစ်ခုသို့ ရွှေ့ပြောင်းထားခြင်းများရှိပြီး ဒဏ်ကြေးအဖြစ် တရုတ်ယွမ်ငွေ ၂၅၀ ဖြင့် ရွေးယူရသည်ဟု ၎င်းမှပြောသည်။
 
ယင်းအခြေအနေတွင် မိမိတို့ဘက်မှ အစားထိုးယာဉ်မောင်းနည်းပါးသည့်အပြင် ဖုန်းဖြင့်သာ ချိတ်ဆက် ဆောင်ရွက်နိုင်ပြီး တစ်ဖက် ယာဉ်မောင်းများမှလည်း နောက်ကျမှ ယာဉ်ရောက်ရှိနေသည်ကို အသိပေးခြင်းမျိုး ရှိသောကြောင့် ၂၅၀ ဒဏ်ငွေရိုက်ခြင်းကို လက်ခံလို့ မရဟုလည်း ဦးဝင်းအောင်ခန့်က ဆိုသည်။
 
ကိုဗစ်ကာလ ယခင်ရက်များအတွင်း နယ်စပ်ဂိတ်များတွင် နေ့စဉ် အဝင်အထွက်ပြုလုပ်သည့် ကုန်ကား အရေအတွက်မှာ ၁၉၀ ဝန်းကျင်ရှိပြီး တိုးမြှင့်ကောက်ခံသည့် ရက်မှစ၍ အစီးရေ ၇၀ နီးပါးထိ လျော့ကျ သွားကြောင်း သိရသည်။
 
မူဆယ်မြို့ အောင်ရွှေလီ ကုန်စည်ပို့ဆောင်ရေးမှ တာဝန်ခံ ကိုကျော်သူက “ဘယ်လိုအမိန်နဲ့ ဘယ်လို လုပ်တယ်ဆိုတာ ကျွန်တော်တို့ ဒီအောက်က အတိအကျ မသိရဘူး။ ဘယ်လို ဆက်ဖြစ်လာမလဲ စောင့်ကြည့် ရဦးမယ်ဗျ။ အရင်ကတည်းက ကျွန်တော်တို့က ခံခဲ့ရတာ၊ ဒီလိုပဲ လုပ်လာခဲ့ရတာ။ ဒီဂိတ်တွေနဲ့ကိစ္စက ကျွန်တော်တို့က သွားပြီး မေးခွန်းထုတ်နေလို့ မရဘူးဗျ။ ကျွန်တော်တို့မှာလည်း လုပ်ပိုင်ခွင့်မရှိဘူး။ ဘယ်အဖွဲ့ အစည်းက ဘယ်လို အကောင်းဆုံး လုပ်ပေးမလဲဆိုတာ နားစွင့်နေရပါတယ်” ဟုပြောသည်။
 
ယခုကဲ့သို့ ယာဉ်မောင်းလဲလှယ်မောင်းနှင်ခနှုန်းထား တိုးမြှင့်ကောက်ခံခြင်းကို တရုတ်ကုမ္ပဏီဘက်မှ ကြိုတင် အကြောင်းကြားခြင်းမျိုးမရှိဘဲ ယခုကိစ္စကိုလည်း တစ်ဖက်တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဟု အဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း(မူဆယ်)ဥက္ကဋ္ဌ ဦးဝင်အောင်ခန့်မှ ပြောသည်။
 
အလားတူ နှုန်းထားများ ပြောင်းလဲတိုးမြှင့်ကောက်ခံမှုကြောင့်သာ မဟုတ်ဘဲ ကိုဗစ်ကပ်ရောဂါ အခြေအနေေ ကြာင့် ယခုကာလအတွင်း နယ်စပ်ကုန်သွယ်စီးဆင်မှုမှာ နှေးကွေးမှုများရှိနေပြီး ရာခိုင်နှုန်းအရ များစွာကျဆင်း နေပြီး ကုန်သွယ်မှုအားလုံး၏ ကျဆင်းမှုရာခိုင်နှုန်းကိုမူ စိစစ်ဆဲဖြစ်ကြောင်း ၎င်းမှဆိုသည်။
 
မြန်မာနိုင်ငံတွင် နယ်စပ် ကုန်သွယ်ရေးစခန်း ၁၈ ခုရှိပြီး တရုတ်နှင့်ထိစပ်နေသော မူဆယ်၊ လွယ်ဂျယ်၊ ချင်း ရွှေဟော်၊ ကန်ပိုက်တီး၊ ကျိုင်းတုံ၊ ထိုင်းနိုင်ငံနှင့်ထိစပ်နေသော မြိတ်၊ ထီးခီး၊ မောတောင်၊ အိန္ဒိယနှင့် ထိစပ် နေသော တမူး၊ ရိဒ်နှင့် လာအိုနှင့်ထိစပ်နေသော ကျိုင်းလပ်တို့တွင်လည်း လက်ရှိကိုဗစ်ကာလတွင် ကုန်သွယ် ရေးကျဆင်းလျက်ရှိသည်။
 
#PeopleMedia #မူဆယ်မြို့ #ကုန်သွယ်ရေး

Share this post