• Follow Us on
Latest News

Home ရခိုင္ျပည္နယ္တြင္ အရပ္သားမ်ားကို ခြဲျခားတိုက္ခိုက္မႈသက္ေသအသစ္မ်ား႐ွိေနဟု ႏုိင္ငံတကာလြတ္ၿငိမ္းခ်မ္း သာခြင့္အဖြဲ႕အစီရင္ခံစာတြင္ပါ၀င္

ရခိုင္ျပည္နယ္တြင္ အရပ္သားမ်ားကို ခြဲျခားတိုက္ခိုက္မႈသက္ေသအသစ္မ်ား႐ွိေနဟု ႏုိင္ငံတကာလြတ္ၿငိမ္းခ်မ္း သာခြင့္အဖြဲ႕အစီရင္ခံစာတြင္ပါ၀င္

Share this post

ဘန္ေကာက္၊ ေအာက္တိုဘာ ၁၃

တပ္မေတာ္ႏွင့္ ေအေအအဖြဲ႔တို႔ၾကား လက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ပြားေနခ်ိန္ ျမန္မာႏိုင္ငံအေနာက္ပိုင္းတြင္ အရပ္သားမ်ားကို ခြဲျခားတိုက္ခိုက္ေနသည့္သက္ေသအေထာက္အထားမ်ား႐ွိေနေၾကာင္း ႏိုင္ငံတကာလြတ္ၿငိမ္း ခ်မ္းသာခြင့္အဖြဲ႕က တနလၤာေန႔တြင္ေျပာသည္။

တပ္မေတာ္သည္ စက္တင္ဘာလအေစာပိုင္းတြင္ ရခိုင္ျပည္နယ္မွေက်း႐ြာမ်ားကို မီး႐ွိဳ႕ခဲ့ၿပီး အရပ္သားမ်ားကို သတ္ခဲ့သည္ဟု အေထာက္အထားမ်ားတြင္ပါ၀င္သည္။

ရခိုင္ျပည္နယ္အတြင္းမွ လူကိုယ္တိုင္သက္ေသခံထြက္ဆိုျခင္းမ်ား၊ ဓာတ္ပံုမ်ားႏွင့္ ဗီဒီယိုမ်ား၊ ၿဂိဳဟ္တုဓာတ္ပံု မ်ားကိုခြဲျခမ္းစိတ္ျဖာေလ့လာျခင္းမ်ားသာမက သတင္းမ်ားတြင္ေဖာ္ျပခ်က္မ်ားႏွင့္ အရပ္ဖက္လူမႈအဖြဲ႔အစည္း မ်ားမွ သတင္းရင္းျမစ္မ်ား၏ေျပာဆိုမႈမ်ားအေပၚ အေျခခံၿပီး သက္ေသအေထာက္အထားမ်ားစုေဆာင္းခဲ့ သည္ဟု အဖြဲ႔၏အစီရင္ခံစာတြင္ပါ၀င္သည္။

ျမန္မာ-ဘဂၤလားေဒ့႐ွ္နယ္စပ္တြင္ တပ္ဖြဲ႔၀င္မ်ားထပ္တိုးေနရာယူထားျခင္းအေပၚစိုးရိမ္မိေၾကာင္းလည္း ေျပာသည္။

နင္းမိုင္းမ်ားကို အရပ္သားမ်ားေနရာမ်ားတြင္ေတြ႔ရေၾကာင္းပံုမ်ားကို အဖြဲ႔၏လက္နက္ကၽြမ္းက်င္သူကခြဲျခမ္း စိတ္ျဖာေလ့လာခဲ့ၿပီး တပ္မေတာ္က အသံုးျပဳေလ့႐ွိသည့္ MM2 အမ်ိဳးအစားေျမျမွဳပ္မိုင္းမ်ားျဖစ္ေၾကာင္း အေျဖထုတ္ေပးသည္ဟုဆိုသည္။

၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီႏွင့္ ၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာ ၇ ရက္တို႔ၾကား ရခိုင္ျပည္နယ္တြင္ စစ္ေဘးေ႐ွာင္ ၈၉၅၆၄ ေယာက္႐ွိသည္ဟု ကုလသမဂၢလူသားခ်င္းစာနာေထာက္ထားမႈေရးရာညွိႏႈိင္းမႈ႐ံုး (UNOCHA) ထံမွအခ်က္အလက္မ်ားအရသိရသည္။

Ref : Myanmar New evidence of attacks in Rakhine state

#PeopleMedia

(unicode)
ရခိုင်ပြည်နယ်တွင် အရပ်သားများကို ခွဲခြားတိုက်ခိုက်မှုသက်သေအသစ်များရှိနေဟု နိုင်ငံတကာလွတ်ငြိမ်းချမ်း သာခွင့်အဖွဲ့အစီရင်ခံစာတွင်ပါဝင်
……………………………………………………………

ဘန်ကောက်၊ အောက်တိုဘာ ၁၃

တပ်မတော်နှင့် အေအေအဖွဲ့တို့ကြား လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေချိန် မြန်မာနိုင်ငံအနောက်ပိုင်းတွင် အရပ်သားများကို ခွဲခြားတိုက်ခိုက်နေသည့်သက်သေအထောက်အထားများရှိနေကြောင်း နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့က တနင်္လာနေ့တွင်ပြောသည်။

တပ်မတော်သည် စက်တင်ဘာလအစောပိုင်းတွင် ရခိုင်ပြည်နယ်မှကျေးရွာများကို မီးရှို့ခဲ့ပြီး အရပ်သားများကို သတ်ခဲ့သည်ဟု အထောက်အထားများတွင်ပါဝင်သည်။

ရခိုင်ပြည်နယ်အတွင်းမှ လူကိုယ်တိုင်သက်သေခံထွက်ဆိုခြင်းများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများ၊ ဂြိုဟ်တုဓာတ်ပုံ များကိုခွဲခြမ်းစိတ်ဖြာလေ့လာခြင်းများသာမက သတင်းများတွင်ဖော်ပြချက်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း များမှ သတင်းရင်းမြစ်များ၏ပြောဆိုမှုများအပေါ် အခြေခံပြီး သက်သေအထောက်အထားများစုဆောင်းခဲ့ သည်ဟု အဖွဲ့၏အစီရင်ခံစာတွင်ပါဝင်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တပ်ဖွဲ့ဝင်များထပ်တိုးနေရာယူထားခြင်းအပေါ်စိုးရိမ်မိကြောင်းလည်း ပြောသည်။

နင်းမိုင်းများကို အရပ်သားများနေရာများတွင်တွေ့ရကြောင်းပုံများကို အဖွဲ့၏လက်နက်ကျွမ်းကျင်သူကခွဲခြမ်း စိတ်ဖြာလေ့လာခဲ့ပြီး တပ်မတော်က အသုံးပြုလေ့ရှိသည့် MM2 အမျိုးအစားမြေမြှုပ်မိုင်းများဖြစ်ကြောင်း အဖြေထုတ်ပေးသည်ဟုဆိုသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီနှင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၇ ရက်တို့ကြား ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ၈၉၅၆၄ ယောက်ရှိသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုရေးရာညှိနှိုင်းမှုရုံး (UNOCHA) ထံမှအချက်အလက်များအရသိရသည်။

Ref : Myanmar New evidence of attacks in Rakhine state

#PeopleMedia


Share this post