• Follow Us on

Home တ႐ုတ္မွ နည္းပညာမ်ားကိုပိတ္ပင္ျခင္းသည္ ႐ူးႏွမ္းမႈဟု တ႐ုတ္အစိုးရ ပိုင္သတင္းစာေဖာ္ျပ

တ႐ုတ္မွ နည္းပညာမ်ားကိုပိတ္ပင္ျခင္းသည္ ႐ူးႏွမ္းမႈဟု တ႐ုတ္အစိုးရ ပိုင္သတင္းစာေဖာ္ျပ

Share this post

႐ွန္ဟိုင္း၊ ၾသဂုတ္ ၇

တ႐ုတ္ႏိုင္ငံမွထုတ္လုပ္ခဲ့သည့္နည္းပညာအခ်ိဳ႕ကိုပိတ္ပင္ရန္ အေမရိကန္၏အစီအစဥ္သည္ အေမရိကန္ ႏိုင္ငံျခား၀န္ႀကီးမိုက္ ပြန္ပီယိုတြင္ ႐ူးႏွမ္းမႈ႐ွိေနသည့္လကၡဏာဟု တ႐ုတ္အစိုးရေနာက္ခံထားသည့္ လူၿပိန္းႀကိဳက္သတင္းစာ Global Times ၏ အယ္ဒီတာ့အာေဘာ္က႑တြင္ေဖာ္ျပ

သည္။ “ေန႔တိုင္းနီးပါး တ႐ုတ္ဆန္႔က်င္တဲ့မွတ္ခ်က္စကားေတြ ပြန္ပီယိုက အစၿပိဳးခဲ့ပါတယ္။ ၿပီး တ႐ုတ္-အေမရိကန္ပဋိပကၡပိုျပင္းထန္လာေအာင္ ကစားကြက္ေတြေ႐ႊ႕ေနပါတယ္။ ၿပီးေတာ့ တ႐ုတ္ႏိုင္ငံကို ထရမ့္အစိုးရရဲ႕မာေက်ာမႈေတြကိုျပသေနပါတယ္” ဟု အယ္ဒီတာ့အာေဘာ္တြင္ပါ၀င္သည္။

တယ္လီဖုန္းဆက္သြယ္ေရးကုမၸဏီမ်ား၊ အခ်က္အလက္သိုမွီးမႈစနစ္၀န္ေဆာင္မႈေပးေနသူမ်ားကို တိုက္တြန္းသည့္ “ကြန္ရက္႐ွင္းလင္းေရး”ဟုနာမည္ေပးထားသည့္အစီအစဥ္ကို ခ်ဲ႕ထြင္ထပ္တိုးမႈမ်ား ဗုဒၶဟူးေန႔တြင္ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ထုတ္ေ၀ခဲ့ၿပီး တ႐ုတ္ႏိုင္ငံတြင္သေႏၶတည္သည့္ ဖုန္းအက္ပလီေကး႐ွင္းမ်ားကို အေမရိကန္ျပင္ပတြင္ထားရန္လည္းပါ၀င္သည္။

ထို႔အျပင္ ၾကာသပေတးေန႔ညပိုင္းတြင္လည္း တ႐ုတ္နည္းပညာမ်ားကို ပိတ္ပင္သည့္အမိန္႔ကို အေမရိကန္ သမၼတေဒၚနယ္ ထရမ့္က လက္မွတ္ေရးထိုးခဲ့သည္။

႐ွန္က်န္းအေျခစိုက္ဟြာေ၀းနည္းပညာမ်ားကိုလည္း အေမရိကန္ျပည္ေထာင္စုတြင္ 5G တယ္လီဖုန္းဆက္သြယ္ ေရးကြန္ရက္တည္ေဆာက္ေနျခင္းမွ ပိတ္ပင္ထားၿပီးျဖစ္သည္။

ေဘက်င္းအေျခစိုက္ ByteDanceကုမၸဏီကပိုင္ဆိုင္သည့္ TikTok အက္ပလီေကး႐ွင္း၏အေမရိကန္လုပ္ငန္းခြဲ မ်ားကို မိုက္ခ႐ိုေဆာ့ဖ္ကုမၸဏီထံေရာင္းခ်ရန္လည္း အေမရိကန္က ဖိအားေပးေနသည္။
“ကြန္ရက္႐ွင္းလင္းေရး” အစီအစဥ္သည္ ရယ္ဖြယ္ေကာင္းေအာင္ယုတၱိမ႐ွိဘဲ ညစ္ပတ္သည့္အစီအစဥ္ ျဖစ္သည္ဟု တ႐ုတ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနေျပာခြင့္ရသူ ၀မ္ဝဲဘင္းက ၾကာသပေတးေန႔တြင္ေျပာသည္။

Ref : Chinese state media slams ‘madness’ of US tech purge

#PeopleMedia

(unicode)
တရုတ်မှ နည်းပညာများကိုပိတ်ပင်ခြင်းသည် ရူးနှမ်းမှုဟု တရုတ်အစိုးရ ပိုင်သတင်းစာဖော်ပြ
………………………………………………

ရှန်ဟိုင်း၊ ဩဂုတ် ၇

တရုတ်နိုင်ငံမှထုတ်လုပ်ခဲ့သည့်နည်းပညာအချို့ကိုပိတ်ပင်ရန် အမေရိကန်၏အစီအစဉ်သည် အမေရိကန် နိုင်ငံခြားဝန်ကြီးမိုက် ပွန်ပီယိုတွင် ရူးနှမ်းမှုရှိနေသည့်လက္ခဏာဟု တရုတ်အစိုးရနောက်ခံထားသည့် လူပြိန်းကြိုက်သတင်းစာ Global Times ၏ အယ်ဒီတာ့အာဘော်ကဏ္ဍတွင်ဖော်ပြ

သည်။ “နေ့တိုင်းနီးပါး တရုတ်ဆန့်ကျင်တဲ့မှတ်ချက်စကားတွေ ပွန်ပီယိုက အစပြိုးခဲ့ပါတယ်။ ပြီး တရုတ်-အမေရိကန်ပဋိပက္ခပိုပြင်းထန်လာအောင် ကစားကွက်တွေရွှေ့နေပါတယ်။ ပြီးတော့ တရုတ်နိုင်ငံကို ထရမ့်အစိုးရရဲ့မာကျောမှုတွေကိုပြသနေပါတယ်” ဟု အယ်ဒီတာ့အာဘော်တွင်ပါဝင်သည်။

တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီများ၊ အချက်အလက်သိုမှီးမှုစနစ်ဝန်ဆောင်မှုပေးနေသူများကို တိုက်တွန်းသည့် “ကွန်ရက်ရှင်းလင်းရေး”ဟုနာမည်ပေးထားသည့်အစီအစဉ်ကို ချဲ့ထွင်ထပ်တိုးမှုများ ဗုဒ္ဓဟူးနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဝေခဲ့ပြီး တရုတ်နိုင်ငံတွင်သန္ဓေတည်သည့် ဖုန်းအက်ပလီကေးရှင်းများကို အမေရိကန်ပြင်ပတွင်ထားရန်လည်းပါဝင်သည်။

ထို့အပြင် ကြာသပတေးနေ့ညပိုင်းတွင်လည်း တရုတ်နည်းပညာများကို ပိတ်ပင်သည့်အမိန့်ကို အမေရိကန် သမ္မတဒေါ်နယ် ထရမ့်က လက်မှတ်ရေးထိုးခဲ့သည်။

ရှန်ကျန်းအခြေစိုက်ဟွာဝေးနည်းပညာများကိုလည်း အမေရိကန်ပြည်ထောင်စုတွင် 5G တယ်လီဖုန်းဆက်သွယ် ရေးကွန်ရက်တည်ဆောက်နေခြင်းမှ ပိတ်ပင်ထားပြီးဖြစ်သည်။

ဘေကျင်းအခြေစိုက် ByteDanceကုမ္ပဏီကပိုင်ဆိုင်သည့် TikTok အက်ပလီကေးရှင်း၏အမေရိကန်လုပ်ငန်းခွဲ များကို မိုက်ခရိုဆော့ဖ်ကုမ္ပဏီထံရောင်းချရန်လည်း အမေရိကန်က ဖိအားပေးနေသည်။
“ကွန်ရက်ရှင်းလင်းရေး” အစီအစဉ်သည် ရယ်ဖွယ်ကောင်းအောင်ယုတ္တိမရှိဘဲ ညစ်ပတ်သည့်အစီအစဉ် ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ ဝမ်ဝဲဘင်းက ကြာသပတေးနေ့တွင်ပြောသည်။

Ref : Chinese state media slams ‘madness’ of US tech purge

#PeopleMedia


Share this post