• Follow Us on

Home တရုတ်အစိုးရဘဏ်လုပ်ငန်းရှင်ဟောင်း လာဘ်ပေးလာဘ်ယူမှု၊ အိမ်ထောင်ရေးဖောက်ပြန်မှုတို့ကြောင့် သေဒဏ်ချမှတ်ခံရ

တရုတ်အစိုးရဘဏ်လုပ်ငန်းရှင်ဟောင်း လာဘ်ပေးလာဘ်ယူမှု၊ အိမ်ထောင်ရေးဖောက်ပြန်မှုတို့ကြောင့် သေဒဏ်ချမှတ်ခံရ

Share this post

ဘေကျင်း၊ ဇန်နဝါရီ ၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တရုတ်နိုင်ငံ၏အကြီးဆုံးအစိုးရထိန်းချုပ်ထားသည့်ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးလုပ်ငန်း၏ဥက္ကဋ္ဌဟောင်းကို အင်္ဂါနေ့တွင် သေဒဏ်ချမှတ်လိုက်သည်။

လာဘ်ငွေဒေါ်လာသန်း ၂၆၀ တောင်းမှု၊ အကျင့်ပျက်ခြစားမှုနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုတို့ကြောင့် လိုင်ရှောင်မင်းကို ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည်။

ကွန်မြူနစ်ပါတီဝင်ဟောင်းလည်းဖြစ်သည့် သူပိုင်သည်ဟုစွပ်စွဲခံရသော ငွေသားများပြည့်နှက်နေသည့် မီးခံသေတ္တာများနှင့် ဗီရိုများရှိသည့် ဘေကျင်းရှိတိုက်ခန်းတခန်းတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ၌ အစိုးရရုပ်သံဌာန CCTV ကို အပြစ်ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

လိုင်က ရာထူးကိုအလွဲသုံးစားလုပ်ပြီး ငွေအမြောက်အများရရန်ကြိုးစားခဲ့သည်ဟု တျန်ဂျင်းရှိတရားရုံး ကပြောသည်။

ဟောင်ကောင်တွင်စာရင်းသွင်းထားသည့် ချိုင်းနားဟွာရောင်းပိုင်ဆိုင်မှုစီမံခန့်ခွဲရေးကုမ္ပဏီဥက္ကဋ္ဌဟောင်းသည် အိမ်ထောင်ရှိလျက်နောက်ထပ်အမျိုးသမီးတယောက်နှင့်လင်မယားအရာမြောက်အတူနေထိုင်ခြင်း၊ ဥပဒေအရ တရားမဝင်သောကလေးများ၏ဖခင်ဖြစ်နေခြင်းတို့ဖြင့်လည်း ပြစ်ဒဏ်သတ်မှတ်ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် အစိုးရစုံစမ်းရေးမှူများက သူ့ကို ရာထူးမှဖယ်ရှားပြီး ပါတီတာဝန်ရုတ်သိမ်းခဲ့ကာ အကျဘက် ရောက်မှုစတင်ခဲ့သည်။

ယခုပြစ်ဒဏ်ချမှုသည် တရုတ်နိုင်ငံ၏အကြီးဆုံးဘဏ္ဍာရေးပြစ်မှုများအနက်တခုအဆုံးသတ်ဖြစ်ပြီး လုပ်ငန်း ကြီးများအတွင်းမှပြစ်မှုများကို တရုတ်အစိုးရက ပိုမိုပြင်းထန်စွာကိုင်တွယ်ဖြေရှင်းလာခြင်းကိုလည်း ဖော်ပြနေ သည်။

Ref : China court sentences former banker Lai Xiaomin to death over bribery, bigamy

#PeopleMedia

(unicode)
……………………………………………………………









Ref : China court sentences former banker Lai Xiaomin to death over bribery, bigamy

#PeopleMedia


Share this post