• Follow Us on

Home တရုတ်အရေးစိုးရိမ်ပူပန်နေစဉ်အတွင်း အမေရိကန်က ထိုင်ဝမ်နှင့်ဆက်ဆံရေး တိုးမြှင့်မည်

တရုတ်အရေးစိုးရိမ်ပူပန်နေစဉ်အတွင်း အမေရိကန်က ထိုင်ဝမ်နှင့်ဆက်ဆံရေး တိုးမြှင့်မည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၉ (People Media)

 

အမေရိကန်အစိုးရအနေဖြင့် အမေရိကန်နှင့် တရုတ်နိုင်ငံကြားဆက်ဆံရေးတွင် အဓိကပြဿနာတစ်ရပ်ဖြစ်နေ သော ထိုင်ဝမ်နိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်လိုပြီး တရုတ်နိုင်ငံ၏ ဆိုးရွားသောသြဇာလွှမ်းမိုးမှုကို ရင်ဆိုင်တုံ့ပြန် ရန်အတွက် ထိုင်ဝမ်နိုင်ငံနှင့်လက်တွဲဆောင်ရွက်သွားလိုကြောင်း အမေရိကန်အရာရှိတစ်ဦးကပြောသည်။

 

ဆိုင်ဘာလုံခြုံရေးနှင့် ကုန်ပစ္စည်းထုတ်လုပ်ထောက်ပံ့ရေးကဲ့သို့ နယ်ပယ်သစ်များတွင် ပူးပေါင်းဆောင်ရွက်ရာ တွင် ထိုင်ဝမ်နိုင်ငံနှင့်လက်တွဲ၍ ဆောင်ရွက်သွားရန် အမေရိကန်နိုင်ငံက သံန္နိဋ္ဌာန်ချထားဆဲဖြစ်ကြောင်း ထိုင် ဝမ်နိုင်ငံရှိ (သံရုံးတစ်ခုသဖွယ်ဖွင့်လှစ်ထားသော) အမေရိကန်အင်စတီကျူမှ ညွှန်ကြားရေးမှူးအသစ်ဖြစ်သော စန္ဒရာအောက်ဒါကက်က ထပ်လောင်းပြောကြားလိုက်သည်။

 

“ကျွန်မတို့နိုင်ငံရဲ့မိတ်ဖက်တန်ဖိုးနဲ့ ထိုင်ဝမ်နိုင်ငံအတွက် ကျွန်မတို့ရဲ့ထောက်ပံ့မှုတွေဟာ ကျောက်စိုင်ကျောက် သားပမာ မာကျောခိုင်ခန့်လှပါတယ်။ ထိုင်ဝမ်နိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကျွန်မတို့ သံန္နိဋ္ဌာန်ချထားပြီးသားပါ။” ဟု စန္ဒရာအောက်ဒါကက်က ပြောသည်။

 

တရုတ်နိုင်ငံက ထိုင်ဝမ်ပိုင်နက်အတွင်းသို့ ဂျက်တိုက်လေယာဉ်များ နေ့စဉ်လိုလို ကျူးကျော်ဝင်ရောက်လျက်ရှိ ပြီး ဆယ်စုနှစ်ပေါင်းများစွာအတွင်း တရုတ်နှင့် ထိုင်ဝမ်ကြား တင်းမာမှုများအမြင့်ဆုံးရောက်ရှိလာသည့်အချိန် တွင် အမေရိကန်က ထိုင်ဝမ်နိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်မည်ဖြစ်ကြောင်းပြောဆိုလာခဲ့ခြင်းဖြစ်သည်။

 

၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်ပွဲကာလတွင် တရုတ်ပြည်မကြီးမှ ခွဲထွက်လာပြီး ထုူထောင်ခဲ့သော ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရန် လိုအပ်ပါက အင်အားသုံးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံကပြောဆိုခဲ့သည်။

 

အမေရိကန်နိုင်ငံသည် ၁၉၇၉ ခုနှစ်တွင် တိုင်ပေရှိ အမျိုးသားရေးပါတီအစိုးရကို ထောက်ခံနေရာမှ တရုတ်နိုင်ငံ အား သံတမန်အရထောက်ခံလာခဲ့သည်။ သို့သော် အမေရိကန်နိုင်ငံသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းနိုင်ငံနှင့် ခိုင်မာသောတရားမဝင်ဆက်ဆံရေးကိုလည်း ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

 

ထိုင်ဝမ်သမ္မတစိုင်းအင်ဝန်က အမေရိကန်တပ်ဖွဲ့ဝင်များ ထိုင်ဝမ်တွင် ရောက်ရှိနေသည်မှာ မှန်ကန်ကြောင်းပြော ဆိုခဲ့ပြီးနောက် ထိုင်ဝမ်နိုင်ငံတွင်အမေရိကန်တပ်ဖွဲ့ဝင်များရောက်ရှိနေကြောင်းကို စန္ဒရာအောက်ဒါကက်က အ သေးစိတ်ပြောကြားခြင်းမရှိသည့်အပြင် ထိုင်ဝမ်နိုင်ငံ၏လုံခြုံရေးအစီအစဉ်သစ်များနှင့်ပတ်သက်၍ မှတ်ချက်ပြု ပြောကြားခြင်းမရှိခဲ့ပေ။

 

“တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို တုံ့ပြန်ရင်ဆိုင်ရေးအပါအဝင် အမေရိကန်အစိုးရရဲ့ နိုင်ငံတကာနဲ့ ဒေသတွင်း ရည်မှန်းချက်တွေကိုအောင်မြင်မှုရရှိအောင် ကျွန်မတို့တွေပိုမို မြှင့်တင်ဆောင်ရွက်သွားမှာပါ။” ဟု စန္ဒရာ အောက်ဒါကက်က ပြောသည်။

 

အမေရိကန်နိုင်ငံသည် ထိုင်ဝမ်နိုင်ငံကာကွယ်ရေးစွမ်းရည်မြှင့်တင်နိုင်ရန် လက်နက်များရောင်းချပေးလျက်ရှိပြီး ရေကြောင်းသွားလာခွင့်လွတ်လပ်မှုအမည်ဖြင့် ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင်လည်း အမေရိကန်ရေတပ်က ပုံမှန် လှုပ်ရှားသွား လာလျက်ရှိသည်။

 

Ref: US To Deepen Ties With Taiwan Amid China Scare

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: US To Deepen Ties With Taiwan Amid China Scare

 

#PeopleMedia


Share this post