• Follow Us on

Home ဘဂၤါလီအေရးေျဖ႐ွင္းရန္ ကမာၻ႔ႏိုင္ငံမ်ားေ႐ွ႕တိုးသင့္ေၾကာင္း ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္က ကုလသမဂၢအေထြေထြညီလာခံကိုေျပာ

ဘဂၤါလီအေရးေျဖ႐ွင္းရန္ ကမာၻ႔ႏိုင္ငံမ်ားေ႐ွ႕တိုးသင့္ေၾကာင္း ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္က ကုလသမဂၢအေထြေထြညီလာခံကိုေျပာ

Share this post

 
ဂ်ီနီဗာ၊ စက္တင္ဘာ၂၈
 
ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)အေရးႏွင့္ ထိုအေရးေၾကာင့္ျဖစ္လာသည့္ဘဂၤလားေဒ့႐ွ္ႏိုင္ငံမွပဋိပကၡမ်ားကိုေျဖ႐ွင္းရန္ ကမာၻ႔ႏိုင္ငံမ်ားအေနျဖင့္ ေ႐ွ႕တိုးၾကသင့္သည္ဟု ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္ ႐ွိတ္ ဟာဆီနာက စေနေန႔တြင္ေျပာသည္။
 
၃ ႏွစ္ေက်ာ္ၾကာခဲ့ေသာ္လည္း ဘဂၤါလီမ်ားတစ္ေယာက္မွ်အိမ္ျပန္ျခင္းမ႐ွိေသးဘဲ ျမန္မာႏုိင္ငံဖန္တီးခဲ့သည့္ဘဂၤါလီအၾကပ္အတည္းကို ျမန္မာႏိုင္ငံကသာေျဖ႐ွင္းႏိုင္မည္ျဖစ္သည္ဟု ဟာဆီနာက ၇၅ ႀကိမ္ေျမာက္ကုလသမဂၢအေထြေထြညီလာခံသို႔ေျပာသည့္မိန္႔ခြန္းတြင္ပါ၀င္သည္။
 
ကမာၻ႔အသိုက္အ၀န္းအေနျဖင့္ ဘဂၤါလီအၾကပ္အတည္းအတြက္ ၿငိမ္းခ်မ္းေသာေျဖ႐ွင္းနည္းတစ္ခုအတြက္ ပိုမိုအက်ိဳး႐ွိေသာအခန္းက႑တစ္ခုတြင္ ပါ၀င္ၾကရန္လည္း တိုက္တြန္းခဲ့သည္။
 
ဘဂၤလားေဒ့႐ွ္ႏုိင္ငံသည္ ကုလသမဂၢၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈတာ၀န္မ်ားတြင္ပါ၀င္ျခင္းကို မီးေမာင္းထိုးျပၿပီး ၿငိမ္းခ်မ္းေရးကိုခ်စ္ျမတ္ႏိုးသည့္ႏိုင္ငံျဖစ္ေၾကာင္းလည္းေျပာသည္။
 
ဘဂၤါလီမ်ားကို ကုလသမဂၢအဖြဲ႔က ရက္စက္မႈမ်ားအႀကံဳေတြ႔ရဆံုးလူမ်ားအျဖစ္ေဖာ္ျပထားသည္။
 
ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔၏စာရင္းမ်ားအရ ၂၀၁၇ ခုႏွစ္တြင္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံသို႔ ဘဂၤါလီ ၇၄၀၀၀၀ ေက်ာ္ထြက္ေျပးခဲ့သည္။
 
Ref : Bangladesh: World must step up to solve Rohingya issue
 
#PeopleMedia
 
(Unicode)
ဘင်္ဂါလီအရေးဖြေရှင်းရန် ကမ္ဘာ့နိုင်ငံများရှေ့တိုးသင့်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ကုလသမဂ္ဂအထွေထွေညီလာခံကိုပြော
………………………………………………….
 
ဂျီနီဗာ၊ စက်တင်ဘာ၂၈
 
ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)အရေးနှင့် ထိုအရေးကြောင့်ဖြစ်လာသည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပဋိပက္ခများကိုဖြေရှင်းရန် ကမ္ဘာ့နိုင်ငံများအနေဖြင့် ရှေ့တိုးကြသင့်သည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက စနေနေ့တွင်ပြောသည်။
 
၃ နှစ်ကျော်ကြာခဲ့သော်လည်း ဘင်္ဂါလီများတစ်ယောက်မျှအိမ်ပြန်ခြင်းမရှိသေးဘဲ မြန်မာနိုင်ငံဖန်တီးခဲ့သည့်ဘင်္ဂါလီအကြပ်အတည်းကို မြန်မာနိုင်ငံကသာဖြေရှင်းနိုင်မည်ဖြစ်သည်ဟု ဟာဆီနာက ၇၅ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံသို့ပြောသည့်မိန့်ခွန်းတွင်ပါဝင်သည်။
 
ကမ္ဘာ့အသိုက်အဝန်းအနေဖြင့် ဘင်္ဂါလီအကြပ်အတည်းအတွက် ငြိမ်းချမ်းသောဖြေရှင်းနည်းတစ်ခုအတွက် ပိုမိုအကျိုးရှိသောအခန်းကဏ္ဍတစ်ခုတွင် ပါဝင်ကြရန်လည်း တိုက်တွန်းခဲ့သည်။
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတာဝန်များတွင်ပါဝင်ခြင်းကို မီးမောင်းထိုးပြပြီး ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးသည့်နိုင်ငံဖြစ်ကြောင်းလည်းပြောသည်။
 
ဘင်္ဂါလီများကို ကုလသမဂ္ဂအဖွဲ့က ရက်စက်မှုများအကြုံတွေ့ရဆုံးလူများအဖြစ်ဖော်ပြထားသည်။
 
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏စာရင်းများအရ ၂၀၁၇ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဘင်္ဂါလီ ၇၄၀၀၀၀ ကျော်ထွက်ပြေးခဲ့သည်။
 
Ref : Bangladesh: World must step up to solve Rohingya issue
 
#PeopleMedia

Share this post