• Follow Us on

Home ပဲခူးတိုင်းအတွင်း၌ ဘတ်ထရီသုံးလျှပ်စစ်မော်တော်ကားထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ် ပဲခူးတိုင်းဝန်ကြီးချုပ် ဖိတ်ခေါ်နေ

ပဲခူးတိုင်းအတွင်း၌ ဘတ်ထရီသုံးလျှပ်စစ်မော်တော်ကားထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ် ပဲခူးတိုင်းဝန်ကြီးချုပ် ဖိတ်ခေါ်နေ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၈ (People Media)

 

ပဲခူးတိုင်းအတွင်း၌ ဘတ်ထရီသုံးလျှပ်စစ်မော်တော်ကားထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

 

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၄/၂၀၂၁ အစည်းအဝေးကို ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်းအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

တိုင်းဒေသကြီးအတွင်း ဘတ်ထရီသုံးလျှပ်စစ်မော်တော်ကားထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်း ရည်သုံး ဆိုလာပြားထုတ်လုပ်တဲ့လုပ်ငန်း၊ သဘာဝမြေသြဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်းများဆောင်ရွက်နိုင်ရေး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံလိုသူများ ဖိတ်ခေါ်ဆောင်ရွက်စေ လိုကြောင်း ၎င်းမှ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 

ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်ရေးကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးနေသလို CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်းများနှင့် လုပ်သားအင်အား များ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေတဲ့ စက်ရုံများကို အဓိကထား ခွင့်ပြုပေးလျက်ရှိကြောင်း ပြောပါ တယ်။

 

ထို့အပြင် စက်ရုံများမှထွက်ရှိတဲ့ ကုန်ချောများအား ပြည်ပကို ၁၀၀ ရာခိုင်နှုန်းတင်ပို့ခြင်းမှ ပြည်တွင်းမှာလည်း ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေး ဈေးကွက်ရှာဖွေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စက်မှုဇုန်အလိုက်ယာဉ် ရပ်နားရန်နေရာများနှင့် ဈေးဆိုင်တန်းများကိုလည်း စနစ်တကျဖော်ဆောင်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း တိုင်းဝန်ကြီးချုပ်က ဆက်လက်ပြောဆိုပါတယ်။

 

#PeopleMedia #ပဲခူး #ဝန်ကြီးချုပ်

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 



Share this post