• Follow Us on
Latest News

Home တ႐ုတ္ႏိုင္ငံ၏ ယခုႏွစ္ ကာကြယ္ေရးဘတ္ဂ်က္ကို ၆ ဒသမ ၆ ရာခိုင္ႏႈန္း တိုးျမႇင့္မည္

တ႐ုတ္ႏိုင္ငံ၏ ယခုႏွစ္ ကာကြယ္ေရးဘတ္ဂ်က္ကို ၆ ဒသမ ၆ ရာခိုင္ႏႈန္း တိုးျမႇင့္မည္

Share this post

ႏိုင္ငံတကာ၊ ေမ ၂၃

တ႐ုတ္ႏိုင္ငံတြင္ ယခုႏွစ္၏ အႀကီးမားဆုံးေသာ ႏိုင္ငံေရးအခမ္းအနားကို က်င္းပလ်က္ရွိသည္။ ကို႐ိုနာ ဗိုင္းရပ္စ္ျဖစ္ပြားမႈေၾကာင့္ တ႐ုတ္ႏိုင္ငံအမ်ိဳးသားျပည္သူ့ကြန္ဂရက္ကို ႏွစ္လေက်ာ္ၾကာ ေရႊ႕ဆိုင္းခဲ့သည္။

ဝန္ႀကီးခ်ဳပ္ လီခခ်န္းက တ႐ုတ္ႏိုင္ငံတစ္ဝန္းမွ ေပက်င္းၿမိဳ႕ေတာ္၌ စုေဝးေရာက္ရွိေနသည့္ ေထာင္ခ်ီေသာ ကိုယ္စားလွယ္မ်ားသို႔ မိန္႔ခြန္းေျပာၾကားခဲ့သည္။

တ႐ုတ္ႏိုင္ငံတြင္ လူေပါင္း ၄၆၀၀ ဝန္းက်င္ ေသဆုံးခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္၏ဆိုးက်ိဳး ျဖစ္ပြားလင့္က စား သမၼတ ရွီက်င့္ဖ်င္၏ ဦးေဆာင္မႈေအာက္တြင္ အေရးပါေသာ မဟာဗ်ဴဟာေျမာက္ ေအာင္ျမင္မႈတစ္ခုရရွိခဲ့ ေၾကာင္း လီခခ်န္းက ေျပာသည္။

လီခခ်န္း၏မိန္႔ခြန္းတြင္ စီးပြားေရးအေျခအေန ဆိုးရြားမႈကို အရိပ္အႁမြက္ေဖာ္ျပေနသည္။ တ႐ုတ္ႏိုင္ငံက တိုင္းျပည္စီးပြားေရးအတြက္ ရည္မွန္းခ်က္တစ္ရပ္ မသတ္မွတ္ျခင္းမွာ လြန္စြာရွားပါးလွသည္။

စီးပြားေရးလုပ္ငန္းမ်ား တည္ၿငိမ္ေစရန္ႏွင့္ အခြန္ေလွ်ာ့ျခင္း၊ ေငြေၾကးပံ့ပိုးျခင္းႏွင့္အတူ အလုပ္အကိုင္မ်ား ဖန္တီးရန္ အစိုးရက အေလးထားေဆာင္ရြက္မည္ဟု သူကဆိုသည္။ ေဒၚလာ ၁၄၀ ဘီလီယံတန္ေၾကးရွိ အစိုးရေငြေခ်းစားခ်ဳပ္ တစ္ထရီလီယံကို ကို႐ိုနာဗိုင္းရပ္စ္ထိန္းခ်ဳပ္ရန္ ထုတ္ေပးသြားမည္ဟု ၄င္းက ေျပာ သည္။

ယခုႏွစ္အတြင္း တိုင္းျပည္၏ ကာကြယ္ေရးအသုံးစရိတ္ကို ၆ ဒသမ ၆ ရာခိုင္ႏႈန္း တိုးျမႇင့္မည္ဟု လီခခ်န္းက ေျပာသည္။
တ႐ုတ္ႏိုင္ငံ၏ ဂ်ီဒီပီမွာ ယမန္ႏွစ္ဂ်ီဒီပီ ၇ ဒသမ ၅ ရာခိုင္ႏႈန္းထက္ ေလ်ာ့နည္းေသာ္လည္း စုစုေပါင္းအသုံး စရိတ္မွာ ေဒၚလာ ၁၇၈ ဘီလီယံအထိ ေရာက္ရွိမည္ျဖစ္သည္။

ကိုးကား – အင္န္အိတ္ခ်္ေက

Ref; National People’s Congress starts in Beijing

#PeopleMedia

(Unicode)
တရုတ်နိုင်ငံ၏ ယခုနှစ် ကာကွယ်ရေးဘတ်ဂျက်ကို ၆ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်မည်
…………………………………………………

နိုင်ငံတကာ၊ မေ ၂၃

တရုတ်နိုင်ငံတွင် ယခုနှစ်၏ အကြီးမားဆုံးသော နိုင်ငံရေးအခမ်းအနားကို ကျင်းပလျက်ရှိသည်။ ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံအမျိုးသားပြည်သူ့ကွန်ဂရက်ကို နှစ်လကျော်ကြာ ရွှေ့ဆိုင်းခဲ့သည်။

ဝန်ကြီးချုပ် လီခချန်းက တရုတ်နိုင်ငံတစ်ဝန်းမှ ပေကျင်းမြို့တော်၌ စုဝေးရောက်ရှိနေသည့် ထောင်ချီသော ကိုယ်စားလှယ်များသို့ မိန့်ခွန်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် လူပေါင်း ၄၆၀၀ ဝန်းကျင် သေဆုံးခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်၏ဆိုးကျိုး ဖြစ်ပွားလင့်က စား သမ္မတ ရှီကျင့်ဖျင်၏ ဦးဆောင်မှုအောက်တွင် အရေးပါသော မဟာဗျူဟာမြောက် အောင်မြင်မှုတစ်ခုရရှိခဲ့ ကြောင်း လီခချန်းက ပြောသည်။

လီခချန်း၏မိန့်ခွန်းတွင် စီးပွားရေးအခြေအနေ ဆိုးရွားမှုကို အရိပ်အမြွက်ဖော်ပြနေသည်။ တရုတ်နိုင်ငံက တိုင်းပြည်စီးပွားရေးအတွက် ရည်မှန်းချက်တစ်ရပ် မသတ်မှတ်ခြင်းမှာ လွန်စွာရှားပါးလှသည်။

စီးပွားရေးလုပ်ငန်းများ တည်ငြိမ်စေရန်နှင့် အခွန်လျှော့ခြင်း၊ ငွေကြေးပံ့ပိုးခြင်းနှင့်အတူ အလုပ်အကိုင်များ ဖန်တီးရန် အစိုးရက အလေးထားဆောင်ရွက်မည်ဟု သူကဆိုသည်။ ဒေါ်လာ ၁၄၀ ဘီလီယံတန်ကြေးရှိ အစိုးရငွေချေးစားချုပ် တစ်ထရီလီယံကို ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရန် ထုတ်ပေးသွားမည်ဟု ၄င်းက ပြော သည်။

ယခုနှစ်အတွင်း တိုင်းပြည်၏ ကာကွယ်ရေးအသုံးစရိတ်ကို ၆ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်မည်ဟု လီခချန်းက ပြောသည်။
တရုတ်နိုင်ငံ၏ ဂျီဒီပီမှာ ယမန်နှစ်ဂျီဒီပီ ၇ ဒသမ ၅ ရာခိုင်နှုန်းထက် လျော့နည်းသော်လည်း စုစုပေါင်းအသုံး စရိတ်မှာ ဒေါ်လာ ၁၇၈ ဘီလီယံအထိ ရောက်ရှိမည်ဖြစ်သည်။

ကိုးကား – အင်န်အိတ်ခ်ျကေ

Ref; National People’s Congress starts in Beijing

#PeopleMedia


Share this post