• Follow Us on

Home တရုတ်နှင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးများကို လွန်စွာ စိုးရိမ်မိဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီး ပြော

တရုတ်နှင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးများကို လွန်စွာ စိုးရိမ်မိဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီး ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၄(PeopleMedia)

တရုတ်နှင့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေများကို စိုးရိမ်မိကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှီမစ်ဆုက ပြောကြားလိုက်သည်။

“အာရှ-ပစိဖိတ်ဒေသမှာ အထင်ကြီလောက်ဖွယ်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိခဲ့ပေမယ့် ဒီမိုကရေစီ အောင်မြင်မှုနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုမှာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ လူ့ အခွင့်အရေးကောင်စီသို့ ပေးပို့သည့် အသံမတ်ဆေ့ဂျ်တစ်ခုအတွင်း မိုတီဂီက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ စစ်ဘက်အာဏာထိန်းသိမ်းမှုကြောင့် ဖြစ်ပွားသည့် အခြေအနေနှင့်ပတ်သက်၍ ဂျပန်နိုင်ငံက အ ထူး စိုးရိမ်မိကြောင်း သူက ဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းထားသူများကို လွှတ်ပေးရန်နှင့် ဒီမို ကရေစီ နိုင်ငံရေးစနစ် အမြန်ဆုံး နဂိုအခြေအနေပြန်လည်ရောက်ရှိစေရန် ၎င်းက တောင်းဆိုလိုက်သည်။

ဟောင်ကောင်၊ ရှင်းကျင့်အပါအဝင် တရုတ်နိုင်ငံ၌ လွတ်လပ်မှု၊ လူ့အခွင့်အရေး လေးစားမှုနှင့် တရားဥပ ဒေ စိုးမိုးရေးကို ကာကွယ်စောင့်ရှောက်ရမည်ဟု မိုတီဂီက ပြောသည်။

မြောက်ကိုရီးယားနိုင်ငံက ဂျပန်နိုင်ငံသားများ ပြန်ပေးဆွဲမှုနှင့်ပတ်သက်၍ အဆိုပါပြဿနာကို စောလျင်စွာ ဖြေရှင်းမည့် ဆောင်ရွက်ချက်များလုပ်ဆောင်ရန် ဂျပန်အစိုးရက မြောက်ကိုရီးယားနိုင်ငံထံ တိုက်တွန်းကြောင်း ၎င်းက ဆိုသည်။

–ကိုးကား–

အန်အိတ်ချ်ကေ

Ref; Japan conveys concern over China, Myanmar at UN

(unicode)


Ref; Japan conveys concern over China, Myanmar at UN


Share this post