• Follow Us on

Home ႏိုင္ငံ့၀န္ထမ္းမ်ား ေအာက္တိုဘာ ၁ ရက္မွစတင္ၿပီး လစာ (၂)လစာ အတိုးမဲ့ျဖင့္ ထုတ္ေခ်းမည္

ႏိုင္ငံ့၀န္ထမ္းမ်ား ေအာက္တိုဘာ ၁ ရက္မွစတင္ၿပီး လစာ (၂)လစာ အတိုးမဲ့ျဖင့္ ထုတ္ေခ်းမည္

Share this post

ရန္ကုန္၊ စက္တင္ဘာ ၈

ႏိုင္ငံ့၀န္ထမ္း(အၿမဲတမ္း)မ်ားကို ေအာက္တိုဘာ ၁ ရက္မွစတင္ကာ လစာ (၂) လစာအတိုးမဲ့ျဖင့္ ထုတ္ေခ်း မည္ျဖစ္ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး႐ုံးမွ ထုတ္ျပန္ထားသည္။

Covid-19 ကပ္ေရာဂါ သက္ေရာက္မႈမ်ား ကုစားႏိုင္ရန္ ႏိုင္ငံ့၀န္ထမ္းမ်ားကို လစာ ၂ လစာအတိုးမဲ့ထုတ္ ေခ်းျခင္း ျဖစ္ေၾကာင္းထုတ္ျပန္ထားသည္။

ေခ်းေငြထုတ္ေခ်းေပးမည့္၀န္ထမ္းမ်ားသည္ ေအာက္တိုဘာလ ၁ ရက္ေန႔တြင္ တာ၀န္ထမ္းေဆာင္ဆဲျဖစ္သ ည့္ႏိုင္ငံ့၀န္ထမ္းမ်ား၊ စာျဖင့္သတိေပးျခင္း ႏွစ္တိုးလစာရပ္ဆိုင္းျခင္းႏွင့္ ရာထူးတိုးျမႇင့္ျခင္းကိုရပ္ဆိုင္းျခင္း ျပစ္ဒဏ္က်ခံေနရသည့္၀န္ထမ္းမ်ား၊ လစာႏႈန္းအတြင္းလစာေလွ်ာ့ခ်ျခင္းျပစ္ဒဏ္က်ခံေနရသည့္ ၀န္ထမ္းမ်ား၊ ရာထူးအဆင့္ ေလွ်ာခ်ျခင္းျပစ္ဒဏ္က်ခံေနရသည့္၀န္ထမ္းမ်ား၊ တာ၀န္မွ ယာယီရပ္ဆိုင္းခဲ့သည့္ကာလအတြက္ လစာအျပည့္ခံစားခြင့္မျပဳျခင္းျပစ္ဒဏ္က်ခံေနရသည့္၀န္ထမ္းမ်ား၊ ၂၀၂၀ ျပည့္ႏွစ္ ေအာက္တိုဘာ ၂ ရက္ေန႔ မွစ၍ ၂၀၂၂ ခုႏွစ္၊ မတ္လ ၁ ရက္ေန႔အထိ အတြင္း အၿငိမ္းစားယူမည့္ ႏိုင္ငံ့၀န္ထမ္းမ်ား ကိုေခ်းေငြထုတ္ေခ်းေ ပးမည္ျဖစ္သည္။

ေခ်းေငြျပန္လည္ေကာက္ခံရာတြင္ ျပန္လည္ေပးဆပ္မႈကို ဆိုင္းငံ့ကာလကုန္ဆုံးခ်ိန္မွစ၍ လစဥ္ လစာမွျဖတ္ ေတာက္ေကာက္ခံျခင္း၊ ၀န္ထမ္းသည္ ဌာနကူးေျပာင္းပါက လက္ခံသည္ဌာနက ၀န္ထမ္းလစာမွျဖတ္ေတာ က္၍ မူလေခ်းေငြယူခဲ့သည့္ ဌာနသို႔ျပန္လည္ေပးသြင္းရန္၊ ၀န္ထမ္းအျဖစ္မွထုတ္ပယ္ျခင္း ျပဳသည့္အခ်ိန္တြင္ ျပန္လည္ေပးဆပ္ရမည့္ေခ်းေငြကို အေျပအေက်ေကာက္ခံရန္၊ ၀န္ထမ္းရာထူးမွႏႈတ္ထြက္ ပါက ႏႈတ္ထြက္ခြင့္မျပဳမီ ေခ်းေငြကိုအေက်ေပးၿပီးမွႏႈတ္ထြက္ခြင့္ျပဳရန္၊ ေခ်းေငြမေက်မီ ၀န္ထမ္းေသဆုံးပါက က်န္ရစ္သူမိသာစုမွျပန္လည္ေပးဆပ္ရန္၊အၿငိမ္းစားယူမည့္၀န္ထမ္းမ်ား ေခ်းေငြျပန္ဆပ္မႈႏွင့္ပတ္သက္၍ အၿငိမ္းစားယူခ်ိန္တြင္ အၿပီးေပးဆပ္ေစရမည္ျဖစ္သည္။

#PeopleMedia

(unicode)
နိုင်ငံ့ဝန်ထမ်းများ အောက်တိုဘာ ၁ ရက်မှစတင်ပြီး လစာ (၂)လစာ အတိုးမဲ့ဖြင့် ထုတ်ချေးမည်
……………………………………………..

ရန်ကုန်၊ စက်တင်ဘာ ၈

နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များကို အောက်တိုဘာ ၁ ရက်မှစတင်ကာ လစာ (၂) လစာအတိုးမဲ့ဖြင့် ထုတ်ချေး မည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ ထုတ်ပြန်ထားသည်။

Covid-19 ကပ်ရောဂါ သက်ရောက်မှုများ ကုစားနိုင်ရန် နိုင်ငံ့ဝန်ထမ်းများကို လစာ ၂ လစာအတိုးမဲ့ထုတ် ချေးခြင်း ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

ချေးငွေထုတ်ချေးပေးမည့်ဝန်ထမ်းများသည် အောက်တိုဘာလ ၁ ရက်နေ့တွင် တာဝန်ထမ်းဆောင်ဆဲဖြစ်သ ည့်နိုင်ငံ့ဝန်ထမ်းများ၊ စာဖြင့်သတိပေးခြင်း နှစ်တိုးလစာရပ်ဆိုင်းခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းကိုရပ်ဆိုင်းခြင်း ပြစ်ဒဏ်ကျခံနေရသည့်ဝန်ထမ်းများ၊ လစာနှုန်းအတွင်းလစာလျှော့ချခြင်းပြစ်ဒဏ်ကျခံနေရသည့် ဝန်ထမ်းများ၊ ရာထူးအဆင့် လျှောချခြင်းပြစ်ဒဏ်ကျခံနေရသည့်ဝန်ထမ်းများ၊ တာဝန်မှ ယာယီရပ်ဆိုင်းခဲ့သည့်ကာလအတွက် လစာအပြည့်ခံစားခွင့်မပြုခြင်းပြစ်ဒဏ်ကျခံနေရသည့်ဝန်ထမ်းများ၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂ ရက်နေ့ မှစ၍ ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့အထိ အတွင်း အငြိမ်းစားယူမည့် နိုင်ငံ့ဝန်ထမ်းများ ကိုချေးငွေထုတ်ချေး ေပးမည်ဖြစ်သည်။

ချေးငွေပြန်လည်ကောက်ခံရာတွင် ပြန်လည်ပေးဆပ်မှုကို ဆိုင်းငံ့ကာလကုန်ဆုံးချိန်မှစ၍ လစဉ် လစာမှဖြတ် တောက်ကောက်ခံခြင်း၊ ဝန်ထမ်းသည် ဌာနကူးပြောင်းပါက လက်ခံသည်ဌာနက ဝန်ထမ်းလစာမှဖြတ်တော က်၍ မူလချေးငွေယူခဲ့သည့် ဌာနသို့ပြန်လည်ပေးသွင်းရန်၊ ဝန်ထမ်းအဖြစ်မှထုတ်ပယ်ခြင်း ပြုသည့်အချိန်တွင် ပြန်လည်ပေးဆပ်ရမည့်ချေးငွေကို အပြေအကျေကောက်ခံရန်၊ ဝန်ထမ်းရာထူးမှနှုတ်ထွက် ပါက နှုတ်ထွက်ခွင့်မပြုမီ ချေးငွေကိုအကျေပေးပြီးမှနှုတ်ထွက်ခွင့်ပြုရန်၊ ချေးငွေမကျေမီ ဝန်ထမ်းသေဆုံးပါက ကျန်ရစ်သူမိသာစုမှပြန်လည်ပေးဆပ်ရန်၊အငြိမ်းစားယူမည့်ဝန်ထမ်းများ ချေးငွေပြန်ဆပ်မှုနှင့်ပတ်သက်၍ အငြိမ်းစားယူချိန်တွင် အပြီးပေးဆပ်စေရမည်ဖြစ်သည်။

#PeopleMedia


Share this post