• Follow Us on

Home ထန်းရည်ဝယ်ပြီးပြန်လာသည့် အမျိုးသားတစ်ဦး လမ်း၌ ဓားဖြင့် လုပ်ကြံခံရ၍ သေဆုံး

ထန်းရည်ဝယ်ပြီးပြန်လာသည့် အမျိုးသားတစ်ဦး လမ်း၌ ဓားဖြင့် လုပ်ကြံခံရ၍ သေဆုံး

Share this post

မုံရွာ၊ ဒီဇင်ဘာ ၃၁ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကြိုးကြာကန်ကျေးရွာ(မြောက်ဘက်) ၌ ဒီဇင်ဘာလ ၃၀ ရက်၊ ညနေ ၅ နာရီ ခန့်က အမျိုးသားတစ်ဦးသည် ထန်းရည်ဝယ်ပြီးအပြန် လမ်း၌ တစ်ရွာတည်းနေ အမျိုးသားတစ်ဦးမှ ဓားဖြင့် လုပ်ကြံခဲ့ရာ အဆိုပါ အမျိုးသားသည် သေဆုံးခဲ့သည်။

 

“အသက်ခံရတဲ့အမျိုးသားက ထန်းရည်ဝယ်ပြီးအပြန်လမ်းမှာ ဓားနဲ့အခုတ်ခံရတာ။ သတ်တဲ့သူက တစ်ရွာထဲနေ တဲ့သူ မမိသေးဘူး” လို့ ကျေးရွာနေပြည်သူတစ်ဦးက ပြောသည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသူသည် လည်ပင်း၊ နားရွက်တို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည်။

 

လုပ်ကြံခဲ့သည့် အမျိုးသားကို သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ပြီး ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ရှိ ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #မုံရွာမြို့

 

(unicode)


……………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post