• Follow Us on

Home ထရမ့်၏သား ဘာရွန် ထရမ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ


Share this post

 
 
 
 
 
 
 
 
 
#PeopleMedia
 
(unicode)
ထရမ့်၏သား ဘာရွန် ထရမ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ
……………………………………….
 
၀ါရှင်တန်၊ အောက်တိုဘာ ၁၅
 
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၏ ၁၄ နှစ်အရွယ်သားငယ် ဘာရွန်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော် လည်း နောက်ပိုင်းတွင် ကူးစက်ခံရခြင်းမရှိတော့ဟုရလဒ်ထွက်နေကြောင်း သမ္မတကတော် မယ်လန်နီယာ ထရမ့်ကပြောသည်။
 
ဘာရွန် COVID-19 ရောဂါကူးစက်ခံရချိန်တွင် အမှန်တကယ်ထိတ်လန့်ခဲ့ကြောင်း မစ္စက် ထရမ့်ကပြောသည်။
 
ဘာရွန်တွင် ရောဂါလက္ခဏာများမပြကြောင်းလည်းပြောသည်။ သမ္မတထရမ့်နှင့် သမ္မတကတော်တို့သာမက အိမ်ဖြူတော်ဝန်ထမ်းအချို့လည်း ရောဂါကူးစက်ခံခဲ့ရသော်လည်း ပြန်သက်သာလာပြီဖြစ်သည်။
 
သားဖြစ်သူ ကူးစက်ခံရပြီးပြန်သက်သာလာခြင်းသည် အမေရိကန်မှကျောင်းမှတတ်နိုင်သမျှအစောဆုံးပြန်ဖွင့် ရန် သက်သေတခုဖြစ်သည်ဟု ထရမ့်ကပြောသည်။
 
ကျောင်းများပြန်ဖွင့်ပါက ကျောင်းသားများကူးစက်ခံရပြီး သူတို့ထံမှမိသားစုဝင်များထပ်မံကူးစက်ခံရနိုင်သည်ဟု ဆရာများသမဂ္ဂများကပြောထားသည်။
 
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇.၈ သန်းကျော်ရှိနေပြီး သေဆုံးသူ ၂၁၅၀၀၀ ကျော်ရှိနေ သည်။
 
အမေရိကန်သည် တကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့် သေဆုံးမှုအများဆုံးနိုင်ငံဖြစ်သည်။
 
Ref : Covid: Trump’s son Barron had coronavirus, says first lady
 
#PeopleMedia

Share this post