• Follow Us on

Home ထားဝယ်မြို့၊ တိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး၊ ယာဉ်မောင်းနှင့် ထွေအုပ်စာ ရေးဝန်ထမ်းအမျိုးသမီးတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဆက်စပ်တရားခံများကို လက်နက်များနှင့်အတူ ထပ်မံ ဖမ်းဆီးခံရ

ထားဝယ်မြို့၊ တိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး၊ ယာဉ်မောင်းနှင့် ထွေအုပ်စာ ရေးဝန်ထမ်းအမျိုးသမီးတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဆက်စပ်တရားခံများကို လက်နက်များနှင့်အတူ ထပ်မံ ဖမ်းဆီးခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၇ (People Media)

 

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ တိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး၊ ယာဉ် မောင်းနှင့် ထွေအုပ်စာရေးဝန်ထမ်းအမျိုးသမီးတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဆက်စပ်တရားခံများ လက် နက်များနှင့်အတူ ထပ်မံဖမ်းဆီးရမိကြောင်း န-စ-က ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် ထားဝယ်မြို့၊ တိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ယာဉ်မောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး(အမျိုးသမီးဝန်ထမ်း)တို့အား လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထားဝယ်ဒေသအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူများအနက်မှ လုပ်ကြံသတ်ဖြတ်ရာတွင် ပူး ပေါင်းပါဝင်ကျူးလွန်သူများဖြစ်သော တရားခံ ထွန်းထွန်းဦး၊ ရာဇာထွန်း၊ သက်ပိုင်ဦး၊ စိုင်းမင်းသူ၊ မင်းဆက်မှူး တို့အပါအဝင် ဆက်စပ်တရားခံ ကျား ၂၀ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၂၃ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိကြောင်း စက် တင်ဘာလ ၂၅ ရက်နေ့တွင် နစကမှ သတင်းထုတ်ပြန်ပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။

 

တရားခံများ၏ထွက်ဆိုချက်အရ အောက်တိုဘာလ ၄ ရက်နေ့တွင် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ Gold Sticker ဆိုင်ရှေ့၌ ဆက်စပ်တရားခံ မြတ်ကျောင်သူ(ခ)ဖိုးကျား(ခ)ရဲလေး ၂၀ နှစ်အား ၉ မမ ပစ္စတို ၁ လက်၊ ယင်းကျည် ၄ တောင့်၊ ကျည်အိမ် ၁ ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

 

ဆက်လက်ပြီး ၎င်း၏ထွက်ဆိုချက်အရ မေလ ၁၄ ရက်တွင် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ဆိပ်ကမ်းသာ လမ်း၊ မော်လမြိုင်ဘောတံတားအနီးတွင် ဦးဖေသန်းအား ဒလန်ဟုစွပ်စွဲကာ လက်လုပ်မိုင်းဖြင့်ပစ်ခတ်ခဲ့ပြီး ဖမ်း ဆီးရန်ကျန်တရားခံအောင်ခိုင်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် မင်းဆက်မှူး၊ ထွန်းထွန်းဦးနှင့် ဖမ်းဆီး ရန်ကျန်တရားခံများဖြစ်သော ဌေးလွင်ဖြိုး(ခ)အာလူး၊ ဆက်ပိုင်၊ ဆံရှည်၊ သားကြီး(ခ)ဆူကီ၊ သားကြီး၊ စိုးမိုး ထိုက်(ခ)ထိုက်ထိုက်၊ သက်ဦး၊ မောင်သက်(ခ)ဂျပု၊ ကိုပိုင်၊ နောင်အောင်တို့နှင့်အတူ ပူးပေါင်းကျူးလွန်ခဲ့ ကြောင်း သိရှိရသည်။

 

ထို့အပြင် ၎င်းသည် သြဂုတ်လ ၂၉ ရက်နေ့တွင် တိုင်းဒေသကြီး တိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ပညာရေးနှင့် လေ့ကျင့်ရေးဌာန၊ ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဒန် နှင့် ယာဉ်မောင်း ဝေလင်း အောင်တို့နှစ်ဦးအား ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ဆိပ်ကမ်းလမ်းရှိ သင်တန်းကျောင်းအနောက် ဘက်တွင် သက်ဦး၊ မင်းဆက်မှူးနှင့် ဖမ်းဆီးရန် ကျန်တရားခံများဖြစ်သော အောင်ခိုင်၊ ဝေဒီဂန်း၊ ဆုမာလေး၊ ဖုန်းမဲ၊ ခိုင်ခိုင်မာ၊ ထိုက်ထိုက်၊ ကောင်းထက်ဇော်၊ အောင်ပိုင်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ်ရာတွင် ပူးပေါင်း ပါဝင် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်စစ်ဆေးချက်အရ သိရှိရကြောင်း ထုတ်ပြန်ထားသည်။

 

အလားတူ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ ရွှေတောင်စားဘုရားလမ်း၌ ဘုမ္မော်ရပ်ကွက်စာရေးတာဝန်ထမ်းဆောင်သူ ဒေါ်စန်းစန်းဝေ(၅၇)နှစ်အား ရာဇာထွန်းမှပစ္စတိုဖြင့် ၃ ချက် ပစ် ခတ်ခဲ့သည့်ဖြစ်စဉ်တွင် မင်းဆက်မှူး(ခ)ကိုမှူး၊ ထွန်းထွန်ဦး၊ ကောင်းကောင်း(ဖမ်းဆီးရန်ကျန်)တို့နှင့်အတူ ပူး ပေါင်းပါဝင်ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

#PeopleMedia #နစက #ထားဝယ်

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 



Share this post