• Follow Us on

Home ပေါင်မြို့နယ်၊ YMBA အသင်းနာယကဖြစ်သူသည် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာ၌ ပွဲချင်းပြီး သေဆုံး

ပေါင်မြို့နယ်၊ YMBA အသင်းနာယကဖြစ်သူသည် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာ၌ ပွဲချင်းပြီး သေဆုံး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၇ (People Media)

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ပေါင်မြို့နယ် နယကဖြစ်သူ ဦးခင် မောင်ဦးသည် ယနေ့ နံနက်ပိုင်းက သေနတ်ဖြင့် လုပ်ကြံခြင်းခံခဲ့ရပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံ အချို့က People Media ကို ပြောပါတယ်။

 

အမည်မသိလက်နက်ကိုင်အဖွဲ့က ပေါင်မြို့နယ် YMBA အသင်းနာယကဖြစ်သူ၏ ဦးခေါင်းကို M16 သေ နတ်ဖြင့် ၈ ချက်ပစ်၍ လုပ်ကြံခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံအချို့၏ ပြောဆိုချက်အရ သိရပါတယ်။

 

“မနက်က အစောကြီးပဲ ၇ နာရီလောက်က စွယ်တော်သုသာန်အနီးဘက်က ကြားရတာ အဲ့ဒီဘက်ကစိုက်ပျိုး ရေးလုပ်ငန်းလုပ်တဲ့ YMBA အသင်းနာယက ဦးခင်မောင်ဦးဆိုတဲ့သူ လုပ်ကြံခံရတာလို့ပြောတယ်။ ဖြစ်စဉ်က တော့ မှန်တယ် ကျွန်တော်တို့လည်း သေနတ်သံတွေကြားလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

ဦးခင်မောင်ဦးသည် ပေါင်မြို့နယ်၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်သလို ဘာသာရေးနှင့် ပတ်သက်ရေးဆောင်းပါးများကို ရေးသားနေသူတစ်ဦးဖြစ်ပါတယ်။

 

ယခုရက်ပိုင်းအတွင်း၌ မွန်ပြည်နယ်ရှိ ဘီလင်း၊ ကျိုက်ထို၊ သိပ်ဇရပ်၊ မော်လမြိုင်၊ သံဖြူဇရပ်၊ သထုံ စသည့် နေရာများတွင် မြို့နယ်ရဲဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုအကျိုးပြုကျောင်းသားများပါတီ၊ YMBA စသည့်အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ မကြာခဏ လုပ်ကြံသတ်ဖြတ်ခံရမှုများဖြစ်ပေါ်နေလျက်ရှိသည်။

 

Photo – ဝရဇိန်(ပေါင်) (ပေါင်မြို့နယ်ရှိ YMBA ဆိုင်းဘုတ်ဖျက်ဆီးခံရမှု)

 

#PeopleMedia #ပေါင်မြို့ #YMBA

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 



Share this post