• Follow Us on

Home ထိိုင္းႏုိင္ငံ အလယ္တန္းေက်ာင္းတြင္ ပစ္ခတ္မႈျဖစ္ပြား၊ ေက်ာင္းသားတစ္ဦးေသဆံုး

ထိိုင္းႏုိင္ငံ အလယ္တန္းေက်ာင္းတြင္ ပစ္ခတ္မႈျဖစ္ပြား၊ ေက်ာင္းသားတစ္ဦးေသဆံုး

Share this post

ထိုင္းႏိုင္ငံ ႏြန္သာဘူရီ ျပည္နယ္က အလယ္တန္းစာသင္ေက်ာင္းတစ္ေက်ာင္းမွာ ေက်ာင္းသားတစ္ေယာက္က အတန္းေဖာ္ျဖစ္သူကို မုန္႕ေစ်းတန္းမွာ ေသနတ္နဲ႕ ပစ္သတ္မႈျဖစ္ပြားခဲ့တယ္လို႕ ထုိင္းရဲတပ္ဖြဲ႕ ကေျပာပါတယ္။

သတင္းမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္ကို ႏြန္သာဘူရီရဲတပ္ဖြဲ႕က မွန္ကန္ေၾကာင္း အတည္ျပဳခဲ့ျပီး ေသနတ္နဲ႕ ပစ္ခဲ့တဲ့ေက်ာင္းသားကို ဖမ္းဆီးထားတယ္လို႕ ေျပာပါတယ္။ အေသးစိတ္ကိုေတာ့ ထုတ္ေဖာ္ေျပာဆိုျခင္းမရွိခဲ့ပါဘူး။

သတင္းမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ အသက္ ၁၄ ႏွစ္အရြယ္ အဆိုပါေက်ာင္းသားဟာ ဖခင္ျဖစ္သူရဲ႕ ေသနတ္ကို ေက်ာင္းကို မသိေအာင္ယူေဆာင္လာခဲ့ျပီး ၄င္းကို အႏုိင္က်င့္တဲ့ ေက်ာင္းသားကို ပစ္သတ္ခဲ့တာလို႕သိရပါတယ္။

တရားခံေက်ာင္းသားဟာ ေသနတ္နဲ႕ ပစ္ခတ္ျပီးေနာက္ အ၀တ္အစားလဲျပီး ေက်ာင္း၀န္းထဲက ထြက္ေျပးဖို႕ ၾကိဳးစားခဲ့ေပမယ့္ ဆရာ၊ဆရာမေတြနဲ႕ အၾကီးတန္းေက်ာင္းသားေတြက ၀ိုင္း၀န္းဖမ္းဆီးခဲ့တယ္္လို႕သိရပါတယ္။

Ref; nytimes.com

#peoplemedia

(unicode)
ထိိုင်းနိုင်ငံ အလယ်တန်းကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွား၊ ကျောင်းသားတစ်ဦးသေဆုံး
…………………………………………………………………………………..

ထိုင်းနိုင်ငံ နွန်သာဘူရီ ပြည်နယ်က အလယ်တန်းစာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းသားတစ်ယောက်က အတန်းဖော်ဖြစ်သူကို မုန့်ဈေးတန်းမှာ သေနတ်နဲ့ ပစ်သတ်မှုဖြစ်ပွားခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ကပြောပါတယ်။
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကို နွန်သာဘူရီရဲတပ်ဖွဲ့က မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး သေနတ်နဲ့ ပစ်ခဲ့တဲ့ကျောင်းသားကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ အသက် ၁၄ နှစ်အရွယ် အဆိုပါကျောင်းသားဟာ ဖခင်ဖြစ်သူရဲ့ သေနတ်ကို ကျောင်းကို မသိအောင်ယူဆောင်လာခဲ့ပြီး ၄င်းကို အနိုင်ကျင့်တဲ့ ကျောင်းသားကို ပစ်သတ်ခဲ့တာလို့သိရပါတယ်။

တရားခံကျောင်းသားဟာ သေနတ်နဲ့ ပစ်ခတ်ပြီးနောက် အ၀တ်အစားလဲပြီး ကျောင်း၀န်းထဲက ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ဆရာ၊ဆရာမတွေနဲ့ အကြီးတန်းကျောင်းသားတွေက ၀ိုင်း၀န်းဖမ်းဆီးခဲ့တယ််လို့သိရပါတယ်။
Ref; nytimes.com


Share this post